စမတ်ဖုန်းတစ်လုံးမြန်ဖို့ဆိုတာက CPU Processor တစ်ခုထဲနဲ့တင် မလုံလောက်ပါဘူး။ ဖုန်းကနေ အသုံးပြုနေတဲ့ Applications တွေကို တပြိုင်ထဲ လျှင်မြန်စွာ Run နိုင်ဖို့အတွက် RAM Memory လည်း လုံလောက်ဖို့ လိုအပ်ပါသေးတယ်။

အဲ့ဒီအတွက် အခုနောက်ပိုင်း စမတ်ဖုန်းတွေအကုန်လုံးက အနည်းဆုံး RAM 3GB ထည့်သွင်းပေးလာကြပြီဖြစ်ပြီးတော့ အချို့ High End ဖုန်းတွေဆိုရင် RAM 8GB အထိကို ပါဝင်လာတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း အချို့သော RAM နည်းပါးတဲ့ စမတ်ဖုန်းတွေကို အသုံးပြုနေတဲ့သူတွေအတွက် RAM ကို ဘယ်လိုမျိုး ပိုပြီး အသုံးပြုလို့ရအောင် ပြုလုပ်ရမလဲဆိုတာကို မျှဝေပေးချင်ပါတယ်။

Live Widget နဲ့ Live Wallpaper တွေကို ပိတ်ထားပါ။

Source : Android Pit

Live Wallpaper တွေနဲ့ Home Screen ပေါ်မှာ အမြဲတမ်းအသက်ဝင်နေတဲ့ Live Widget တွေဟာ စမတ်ဖုန်းကို အမြဲတမ်းအလုပ်လုပ်စေနေပြီးတော့ အဲ့ဒါက ဖုန်းရဲ့ RAM ကိုလည်း ပိုပြီးစားစေပါတယ်။ ဖြစ်နိုင်ရင် Wallpaper ကိုလည်း ရိုးရိုးဓါတ်ပုံပဲထားပြီးတော့ Home Screen ကိုလည်း ရိုးရိုးရှင်းရှင်းပဲထားပါ။

Applications တွေကို Disable လုပ်ပါ

Source : Android Pit

တစ်ခါတလေမှာ System Apps တွေက နောက်ကွယ် Background မှာ Run နေပြီးတော့ ဖုန်းရဲ့ RAM Memory ကို စားသုံးနေတတ်ပါတယ်။ အဲ့ဒီအတွက် Settings – App – Running မှာ အသုံးမလိုတဲ့ Application တွေကို Disable လုပ်ပစ်ပါ။ ယခင်ကထက် သိသိသာသာကို ဖုန်းက ပိုသွက်လာမှာပါ။

Animations တွေကို ပိတ်ပစ်ပါ

Source : Android Pit

စမတ်ဖုန်းတွေအများစုက ဖုန်းကို ပိုပြီး ထူးခြားနေစေဖို့အတွက် Application အဝင်အထွက်တွေ၊ Home Screen တစ်ခုနဲ့တစ်ခု အကူးအပြောင်းတွေမှာ Animations တွေထည့်ထားတတ်ပါတယ်။ အဆိုပါ Animations တွေဟာ ကြည့်လို့တော့လှပေမယ့် တကယ်တမ်းက ဖုန်းရဲ့ စွမ်းဆောင်ရည်ကို အနည်းနဲ့ အများနှေးကွေးစေပါတယ်။ အဲ့ဒီအတွက် ဖုန်းရဲ့ Settings – Developer Setting မှာ Animation Speed ကို 0.5x ဒါမှမဟုတ် Off လုပ်ပြီး ပိတ်ထားလိုက်ပါ။

အခုပြောသွားတဲ့နည်းလမ်းတွေကို ပြုလုပ်လိုက်မယ်ဆိုရင် ဖုန်းရဲ့ RAM က သိသိသာသာတိုးလာပြီးတော့ Apps တွေကိုလည်း စိတ်ကြိုက် Run နိုင်တော့မှာပါ။