ဖုန်းတစ်လုံးကနေ နောက်တစ်လုံးကို ပြောင်းကိုင်တဲ့အခါမှာ ဖုန်း Function တွေနဲ့ မရင်းနှီးတာကြောင့် အခက်အခဲတွေ ကြုံရတတ်ပါတယ်။ ဖုန်းတစ်လုံးမှာလည်း Screen Shot ရိုက်တာကလည်း အသုံးများတဲ့ စနစ်တစ်ခု ဖြစ်လာပါပြီ။ ဒါပေမယ့် ဖုန်းတစ်လုံးနဲ့ တစ်လုံး  Screen Shot ရိုက်ပုံချင်းမတူတာကြောင့် Android ဖုန်းတွေမှာ ပါဝင်လေ့ရှိတဲ့ Screen Shot ရိုက်တဲ့ နည်းလမ်းတွေကို ဝေမျှချင်ပါတယ်။

Home Button နဲ့ Power ခလုတ်

ကိုယ့်ရဲ့ စမတ်ဖုန်း သို့ Tablet တွေမှာ Home ခလုတ် ကြီးကြီးတစ်ခု ဖုန်းစခရင် ရဲ့ အောက်ခြေနားမှာ ရှိပါတယ်။ အများအားဖြင့် Samsung က ထုတ်တဲ့ ဖုန်းတွေ မှာပါလေ့ရှိပါတယ်။ ဖုန်းရဲ့ ညာဘက်သို့ ဘယ်ဘက် သို့ အပေါ်ဘက်မှာ Power ပိတ်တဲ့ခလုတ်ရှိပါတယ်။ အဲ့ဒီ Power ပိတ်တဲ့ ခလုတ်နဲ့ Home ခလုတ်ကို တွဲပြီး စက္ကန့်အနည်းငယ်လောက် နှိပ်ထားပြီး Screen Shot ရိုက်နိုင်ပါတယ်။

Power ခလုတ်နဲ့ အသံတိုးတဲ့ ခလုတ်

တချို့ဖုန်းတွေမှာ Home ခလုတ် သီးသပ်မပါဘဲ စခရင်ပေါ်မှာ Touch လုပ်ပြီး သုံးရတာမျိုးလည်း ရှိပါတယ်။ အဲ့လိုဖုန်းတွေမှာ Power ပိတ်တဲ့ ခလုတ်နဲ့ အသံတိုးတဲ့ ခလုတ် တို့ကို တွဲနှိပ်ပြီး Screen Shot ရိုက်နိုင်ပါတယ်။

တချို့ဖုန်းတွေမှာ ဥပမာ Samsung Galaxy စီးရီးတွေမှာတော့ Screen Shot ကို လက်နဲ့ ရိုက်တာမျိုးတွေ ရှိပါတယ်။ ဖုန်းရဲ့ Setting ထဲမှာ Motion and Gestures ကို ရွေးပြီး “Palm Swipe to Capture”ခလုတ်ကို Enable လုပ်ပါ။ အဲ့နောက်ဖုန်းစခရင်ကို လက်ကို ဒေါင်လိုက်ထားပြီး ဘယ်ကနေ ညာ ဒါမှမဟုတ် ညာကနေ ဘယ်ကို ဖြတ်ရွှေ့သွားပါက Screen Shot ရိုက်ပြီးသားဖြစ်မှာပါ။ စခရင်နဲ့ လက်နဲ့တော့မထိအောင် ကြိုးစားပါ။

Screen Shot တွေ ဘယ်မှာရှာမလဲ။

Screen Shot ရိုက်ပြီးရင် ဖုန်းရဲ့ Gallery ထဲမှာ သွားရှာကြည့်ပါ။ တချို့ဖုန်းတွေမှာတော့ Screen Shot ဖိုင် နာမည် သပ်သပ်နဲ့ ရှိနေပါတယ်။