အမေရိကန် အခြေစိုက် နည်းပညာ ကုမ္ပဏီကြီး တစ်ခုဖြစ်တဲ့ HP (Hewlett-Packard) အနေနဲ့ မော်နီတာ အသစ်တွေ၊ Laptop အသစ်တွေကို မိတ်ဆက် ပေးသွားခဲ့ ပါတယ်။ အသစ် မိတ်ဆက်ပေးသွားခဲ့တဲ့ Laptop တွေ၊ မော်နီတာ မော်ဒယ်တွေ ထဲမှာ စိတ်ဝင်စားဖို့ကောင်းတဲ့ မော်ဒယ်တစ်ခုကတော့ HP ရဲ့ အရင်တုန်းက ထွက်ရှိထားတဲ့ EliteBooks မော်ဒယ် အဟောင်းတွေကို အဆင့်မြှင့်တင်ထားတဲ့ EliteBooks 830, 840, 850 တို့ပဲ ဖြစ်ပါတယ်။ အသစ် ထွက်ရှိလာမယ့် HP EliteBooks မော်ဒယ်မှာ Webcam ကို ကာထားပေးဖို့အတွက် သတ္တုနဲ့ ပြုလုပ်ထားတဲ့ Webcam Cover ( Webcam အဖုံး) တွေပါဝင်လာပါတယ်။

Webcam Cover ကို မိတ်ဆက်ပေးခဲ့ရတဲ့ ရည်ရွယ်ချက်ကတော့ နည်းပညာတွေ အဆင့်ဆင့် တိုးတက် ပြောင်းလဲ လာတာနဲ့အမျှ Hacker တွေအနေနဲ့ User တွေ အသုံးပြုနေတဲ့ Laptop တွေ Desktop တွေ စမတ်ဖုန်းတွေ ကို ပိတ်ထားတဲ့ အချိန်မှာတောင် Webcam ကို အလိုအလျှောက် စေခိုင်းနိုင်နေပြီ ဖြစ်တာကြောင့် မလိုလားအပ်တဲ့ အန္တရာယ်တွေ နဲ့ မကြုံတွေ့ရလေအောင် အခုလို အသစ် ထွက်ရှိ လာတဲ့ EliteBooks တွေ မှာ HP အနေနဲ့ Webcam Cover ကို စတင် မိတ်ဆက် ပေးလိုက်တာပဲ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ Webcam Cover ကို HP ရဲ့ အသစ်ထွက်ရှိလာမယ့် EliteBooks မော်ဒယ် သုံးမျိုး မှာသာ မြင်တွေ့ရမှာ ဖြစ်ပါတယ်။ EliteBooks မျိုးဆက် ငါးဆက်မြောက် မော်ဒယ်တွေ ဖြစ်တဲ့ EliteBook 830, 840, 850 တို့မှာ Webcam Cover တွေ Default အနေနဲ့ ပါဝင်လာမှာ ဖြစ်တယ်လို့ သိရပါတယ်။ နည်းပညာ ကုမ္ပဏီကြီး တစ်ခု ဖြစ်တဲ့ Lenovo ကလည်း ThinkPad Laptop မော်ဒယ် အချို့မှာ Webcam Cover ကို Built-In အနေနဲ့ ထည့်သွင်းပေးထားတယ်လို့ သိရပါတယ်။

ကံမကောင်းစွာနဲ့ပဲ EliteBook 830, 840, 850 တို့ကို Touchscreen Display နဲ့ အသုံးပြုချင်တယ် ဆိုရင်တော့ Touchscreen အသုံးပြုလိုက်ရတဲ့ အတွက် Bezel တွေ ပါးသွားမှာ ဖြစ်တာကြောင့် Webcam Cover ထည့်သွင်းပေးဖို့ အတွက် နေရာ မလုံလောက်တာကြောင့် EliteBook 830, 840, 850 Touchscreen မော်ဒယ်တွေမှာတော့ Webcam Cover ပါဝင်မှာ မဟုတ်ပါဘူး။

HP က အသစ်ထွက်ရှိလာမယ့် EliteBooks တွေဟာ အရင်တုန်းက ထွက်ရှိထားတဲ့ EliteBooks တွေထက် ဘောင်တွေ ပိုသေးငယ်သွားမှာ ဖြစ်ပြီး ၁၅ လက်မ အရွယ်အစားရှိ HP Elitebook 850 မော်ဒယ် အဟောင်းမှာ အသုံးပြုထားတဲ့ AMD ရဲ့ Radeon RX 540 Graphic Card လည်း ၁၄ လက်မ အရွယ်အစားရှိ EliteBook 840 မော်ဒယ် အသစ်မှာ Built-In အနေနဲ့ ပါဝင်လာမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ၁၃ လက်မ အရွယ်အစားရှိ EliteBook 830 မော်ဒယ် အသစ်မှာတော့ Integrated Intel GPU သာ ပါဝင်အုံးမှာ ဖြစ်ပါတယ်။

အရင်တုန်းက EliteBook မော်ဒယ်တွေကို အဆင့်မြှင့်တင်ထားတယ်ဆိုတဲ့အတိုင်း EliteBook 830, 840, 850 မော်ဒယ် အသစ်တွေမှာ Intel ရဲ့ 8th Generation CPU တွေကို အစားထိုး အသုံးပြုထားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် Display ပိုင်းမှာလည်း အရင်မော်ဒယ်တွေရဲ့ Display ထက် ပိုမို ကောင်းမွန်တဲ့ Display ကို အစားထိုး အသုံးပြုထားတာ ဖြစ်တယ်လို့ သိရပါတယ်။

EliteBook မော်ဒယ် အသစ်တွေရဲ့ Resolution ပိုင်းမှာတော့ 830 မော်ဒယ်အနေနဲ့ Full HD Resolution ကိုရရှိမှာ ဖြစ်ပြီး 840 နဲ့ 850 မော်ဒယ်တွေမှာတော့ 4K Resolution အထိ Support ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ EliteBook မော်ဒယ်အသစ်သုံးမျိုးကို ကန်ဒေါ်လာ ၁၀၂၉ ဒေါ်လာကနေ စတင် ရောင်းချ သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

REF: The Verge