HTC ကနေ Desire Series စမတ်ဖုန်းအသစ် ၂ မျိုးဖြစ်တဲ့ HTC Desire 12 နဲ့ Desire 12+ စမတ်ဖုန်းတွေကို တရားဝင်ကြေငြာလိုက်ပါတယ်။

HTC Desire 12 စမတ်ဖုန်းကတော့ 5.5″ 18:9 Ratio HD+ Screen ကို အသုံးပြုထားတာဖြစ်ပြီးတော့ MediaTek Processor နဲ့ RAM 3GB ပါဝင်မှာဖြစ်ပါတယ်။ ကင်မရာအနေနဲ့လည်း ဖုန်းရဲ့ နောက်ကျောဘက်မှာ 13MP Single Camera နဲ့အတူ 5MP Selfie Camera ကိုလည်း တပ်ဆင်ထားမှာဖြစ်တယ်လို့ သိရပါတယ်။ Fingerprint Sensor လည်းပါဝင်မှာမဟုတ်ပြန်ပါဘူး။

HTC ရဲ့ Desire 12+ စမတ်ဖုန်းကတော့ ပိုပြီးကောင်းတဲ့ဖုန်းစမတ်ဖုန်းတစ်ခုဖြစ်ပြီးတော့ 5.99″ HD+ Display ကို အသုံးပြုထားမှာဖြစ်ပါတယ်။ အခုစမတ်ဖုန်းမှာတော့ Dual Camera ကိုပါ တပ်ဆင်ထားမှာဖြစ်ပြီးတော့ 13MP + 2MP ပါဝင်မှာဖြစ်တယ်လို့သိရပါတယ်။ Front Selfie Camera ကိုတော့ 8MP ပါဝင်မှာဖြစ်ပါတယ်။

Specifications တွေအနေနဲ့ကတော့ Desire 12+ ဖုန်းက Snapdragon 450 Processor ကိုအသုံးပြုထားမှာဖြစ်ပြီးတော့ RAM 3GB ပါဝင်မှာဖြစ်ပါတယ်။ Fingerprint Sensor ကလည်း ပါဝင်မှာဖြစ်ပါတယ်။

ဈေးနှုန်းတွေအနေနဲ့ကတော့ Desire 12 စမတ်ဖုန်းကို ဒေါ်လာ ၁၅၀ ဝန်းကျင်နဲ့ Desire 12+ စမတ်ဖုန်းကိုတော့ ဒေါ်လာ ၂၀၀ ဝန်းကျင်နဲ့ ရောင်းချသွားမယ်လို့ သိရပါတယ်။