[Zawgyi]

HTC ကုမၸဏီကလည္း ၂၀၁၈ မကုန္ခင္မွာ ဖုန္းတစ္လုံးကို မိတ္ဆက္လာခဲ့ၿပီး Entry-level စမတ္ဖုန္းသစ္ ျဖစ္တဲ့ Desire 12s ဟာ U12 Life ရဲ႕ဒီဇုိင္းနဲ႔ ဆင္တူရုိးမွား ထြက္ရွိလာခဲ့ပါတယ္။

ေရွ႕ဘက္မွာ 5.7” လက္မအရြယ္ HD+ Display ကိုျမင္ေတြ႕ရၿပီး 18:9 Aspect Ratio ျဖစ္ပါတယ္။ Notch မပါဝင္လာဘဲ ေဘးေဘာင္ Bezel ေတြက အလြန္ပါးလႊာသလို Chin ေတြကလည္း Entry Level ဖုန္းတစ္လုံးအတြက္ မဆုိးဘူးလို႔ ဆုိႏုိင္ပါတယ္။

Desire 12s ရဲ႕ေအာက္မွာေတာ့ Snapdragon 435 ခ်စ္ပ္ဆက္ကို အသုံးျပဳထားၿပီး 3GB RAM မန္မုိရီနဲ႔ 32GB Storage သို႔မဟုတ္ 4GB RAM / 64GB Storage ႀကိဳက္ရာေရြးခ်ယ္ႏုိင္တယ္။ ႏွစ္မ်ဳိးစလုံးမွာ Storage ထပ္မံတုိးခ်ဲ႕ဖို႔ microSD ကတ္ပါဝင္ပါတယ္။

ေက်ာဘက္မွာေတာ့ Dual ကင္မရာလို႔ ထင္ရတဲ့ Setup ကုိေတြ႕ရေပမယ့္ တကယ္တမ္းေတာ့ 13MP ကင္မရာတစ္လုံးကို LED Flash နဲ႔တြဲဖက္ထားတာသာ ျဖစ္ပါတယ္။ အေရွ႕ဘက္ဆယ္လ္ဖီကင္မရာကလည္း 13MP ပါပဲ။ Fingerprint ကိုေက်ာဘက္မွာပဲ ျမင္ေတြ႕ရမွာပါ။

Desire 12s မွာ 3,075 mAh ဘကၳရီပါဝင္ၿပီး Android 8.1 Oreo ကိုအေျခခံထားတဲ့ HTC Sense UI ကို ေတြ႕ရမွာပါ။ လက္ရွိမွာေတာ့ ထိုင္ဝမ္ေစ်းကြက္မွာ ရရွိေနၿပီျဖစ္ၿပီး အနက္ေရာင္၊ ေငြေရာင္နဲ႔ အနီေရာင္ သုံးမ်ဳိး ထြက္လာပါတယ္။ 3GB / 32GB ဗားရွင္းအတြက္ အေမရိကန္ေဒၚလာ ၁၉၅ ခန္႔နဲ႔ 4GB / 64GB ေမာ္ဒယ္အတြက္ အေမရိကန္ေဒၚလာ ၂၂၅ ဝန္းက်င္ က်သင့္ပါတယ္။ လက္ရွိအခ်ိန္မွာေတာ့ ႏုိင္ငံတကာေစ်းကြက္ကို ထြက္လာမယ့္ ရက္စြဲသတင္း မၾကားသိရေသးပါဘူး။

Ref – GSM Arena

[Unicode]

HTC ကုမ္ပဏီကလည်း ၂၀၁၈ မကုန်ခင်မှာ ဖုန်းတစ်လုံးကို မိတ်ဆက်လာခဲ့ပြီး Entry-level စမတ်ဖုန်းသစ် ဖြစ်တဲ့ Desire 12s ဟာ U12 Life ရဲ့ဒီဇိုင်းနဲ့ ဆင်တူရိုးမှား ထွက်ရှိလာခဲ့ပါတယ်။

ရှေ့ဘက်မှာ 5.7” လက်မအရွယ် HD+ Display ကိုမြင်တွေ့ရပြီး 18:9 Aspect Ratio ဖြစ်ပါတယ်။ Notch မပါဝင်လာဘဲ ဘေးဘောင် Bezel တွေက အလွန်ပါးလွှာသလို Chin တွေကလည်း Entry Level ဖုန်းတစ်လုံးအတွက် မဆိုးဘူးလို့ ဆိုနိုင်ပါတယ်။

Desire 12s ရဲ့အောက်မှာတော့ Snapdragon 435 ချစ်ပ်ဆက်ကို အသုံးပြုထားပြီး 3GB RAM မန်မိုရီနဲ့ 32GB Storage သို့မဟုတ် 4GB RAM / 64GB Storage ကြိုက်ရာရွေးချယ်နိုင်တယ်။ နှစ်မျိုးစလုံးမှာ Storage ထပ်မံတိုးချဲ့ဖို့ microSD ကတ်ပါဝင်ပါတယ်။

ကျောဘက်မှာတော့ Dual ကင်မရာလို့ ထင်ရတဲ့ Setup ကိုတွေ့ရပေမယ့် တကယ်တမ်းတော့ 13MP ကင်မရာတစ်လုံးကို LED Flash နဲ့တွဲဖက်ထားတာသာ ဖြစ်ပါတယ်။ အရှေ့ဘက်ဆယ်လ်ဖီကင်မရာကလည်း 13MP ပါပဲ။ Fingerprint ကိုကျောဘက်မှာပဲ မြင်တွေ့ရမှာပါ။

Desire 12s မှာ 3,075 mAh ဘက္ထရီပါဝင်ပြီး Android 8.1 Oreo ကိုအခြေခံထားတဲ့ HTC Sense UI ကို တွေ့ရမှာပါ။ လက်ရှိမှာတော့ ထိုင်ဝမ်ဈေးကွက်မှာ ရရှိနေပြီဖြစ်ပြီး အနက်ရောင်၊ ငွေရောင်နဲ့ အနီရောင် သုံးမျိုး ထွက်လာပါတယ်။ 3GB / 32GB ဗားရှင်းအတွက် အမေရိကန်ဒေါ်လာ ၁၉၅ ခန့်နဲ့ 4GB / 64GB မော်ဒယ်အတွက် အမေရိကန်ဒေါ်လာ ၂၂၅ ဝန်းကျင် ကျသင့်ပါတယ်။ လက်ရှိအချိန်မှာတော့ နိုင်ငံတကာဈေးကွက်ကို ထွက်လာမယ့် ရက်စွဲသတင်း မကြားသိရသေးပါဘူး။

Ref – GSM Arena