HTC ဟာ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်မှာတော့ စမတ်ဖုန်းတွေရဲ့ ရောင်းအားက တော်တော်လေးကို ညံဖျင်းခဲ့တာဖြစ်ပါတယ်။ ဘယ်လောက်တောင် ညံဖျင်းခဲ့သလဲဆိုရင် HTC ကနေ အခုအချိန်မှာ ပြီးခဲ့တဲ့နှစ်မှာ ရောင်းချခဲ့ရတဲ့ စမတ်ဖုန်းတွေရဲ့ အမြတ်ငွေရရှိမှုကို ကြေငြာခဲ့ပေမယ့် အဆိုပါ ပမာဏဟာ လွန်ခဲ့တဲ့ ၁၃ နှစ်တာ ကာလအတွင်းမှာ အနည်းဆုံးအခြေအနေကို ကျဖင်းခဲ့တာဖြစ်ပါတယ်။

HTC က ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်မှာ အမြတ်ငွေ ဒေါ်လာ ၂.၁ ဘီလီယံရရှိခဲ့တာဖြစ်ပြီး ဒါက ၂၀၁၆ တုန်းက ကုမ္ပဏီအတွက် အဆိုးရွားဆုံးကျဆင်းခဲ့တဲ့ ပမာဏထက်တောင် ၂၀ ရာခိုင်နှုန်းပိုပြီး နည်းပါးနေတာပဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်မှာ HTC ကနေ HTC U11 လိုမျိုး ကောင်းမွန်တဲ့ စမတ်ဖုန်းတွေကို ထုတ်လုပ်ခဲ့ပေမယ့်လည်း အခြားသော စမတ်ဖုန်းအမှတ်တံဆိပ်တွေကို ယှဉ်ပြိုင်နိုင်တဲ့ နည်းပညာပိုင်း အားသာချက်တွေမရှိတဲ့အတွက်ကြောင့် အခုလိုမျိုး ရောင်းအားတွေကျဆင်းလာခဲ့တာဖြစ်ပါတယ်။ HTC ကနေ ၂၀၁၇ ခုနှစ်ထဲမှာပဲ ငွေကြေးအခက်အခဲကြောင့် HTC ရဲ့ Powered by HTC Mobile ဌာနခွဲကို Google ကို ဒေါ်လာ ၁.၁ ဘီလီယံနဲ့ ရောင်းချလိုက်ရတဲ့ အခြေအနေအထိလည်း ရောက်ရှိသွားခဲ့ပါသေးတယ်။

HTC ကတော့ ယခုနှစ် ၂၀၁၈ မှာ စမတ်ဖုန်းအရေအတွက် အနည်းငယ်ပဲထုတ်လုပ်ပြီး အရည်အသွေးကို ပြန်လည်ကောင်းမွန်အောင် ပြုလုပ်သွားမယ်လို့ ပြောကြားခဲ့ပေမယ့် ယခုနှစ်မှာ ရောင်းအားပြန်တက်ပါ့မလားဆိုတာကတော့ တွေဝေနေတုန်းပါ။