[Zawgyi]

ၿပီးခဲ့တဲ့ ရက္သတၱပတ္တုန္းကေတာ့ HTC ဟာ Snapdragon 435 နဲ႔ Mid-range ဖုန္းသစ္ အတြက္ စတင္လုပ္ေဆာင္ေနေၾကာင္း ထုတ္ျပန္ေၾကညာခဲ့ပါတယ္။ ၿပီးခဲ့တဲ့ တစ္ပတ္တုန္းက အမည္မသိရေသးတဲ့ Device အတြက္ မိုဒယ္နံပါတ္ HTC 2Q72XXX နဲ႔ Bluetooth Certification ရခဲ့ပါေသးတယ္။

အၿပိဳင္အဆိုင္ျဖစ္ေနတဲ့ ေဈးကြြက္ေၾကာင့္ ႐ုန္းကန္ေနရဟန္ရွိတဲ့ HTC ဟာ အခုေတြ႕ျမင္ရတဲ့ စမတ္ဖုန္းသစ္နဲ႔ ျပန္လည္ ဝင္ေရာက္လာဖို႔ ႀကိဳးစားေနဖြယ္ ရွိပါတယ္။ ၿပီးခဲ့တဲ့ ရက္တုန္းကလည္း 2.4 GHz b/g/n bands နဲ႔ Android 8.1 Oreo ရွိတဲ့ Device အတြက္ Wi-Fi certification ရခဲ့ပါေသးတယ္။

 

Benchmark ေတြကေနတစ္ဆင့္ အတည္ျပဳႏိုင္တာက ဒါဟာ Mid-range စမတ္ဖုန္း တစ္လုံးဆိုတာပါပဲ။ သိရထားရတဲ့ မိုဒယ္နံပါတ္ေတြနဲ႔ Geekbench မွာ ရွာေတြ႕တာကေတာ့ 3GB RAM ရွိမယ္ဆိုတာပါ။ Single-core score 648 နဲ႔ Multi-core score 2585 စြမ္းေဆာင္ရည္နဲ႔ စမတ္ဖုန္းဟာ အလယ္အလတ္တန္းစား စမတ္ဖုန္း တစ္ခုျဖစ္တာေၾကာင့္ ျမန္မာႏိုင္ငံနဲ႔လည္း ပိုၿပီး ကိုက္ညီမယ္လို႔ ယူဆရပါတယ္။

HTC ကေတာ့ ဒီစမတ္ဖုန္းနဲ႔ပတ္သက္ၿပီး အေသးစိတ္အခ်က္အလက္ေတြကို ထုတ္ျပန္ေၾကညာျခင္း မရွိသးပါဘူး။ အလားတူပဲ နာမည္ကိုလည္း ထုတ္ေဖာ္ေျပာဆိုျခင္း မရွိေသးတာကို ေတြ႕ရပါတယ္။ ျဖစ္ႏိုင္ေျခရွိတာကေတာ့ လာမယ့္ ၂၀၁၉ ႏွစ္ဆန္းပိုင္းေလာက္မွာမွ စတင္မိတ္ဆက္မယ္လို႔ ယူဆရပါတယ္။ ခန႔္မွန္းကလထက္ ေစာရင္လည္း ဒီႏွစ္ရဲ႕ ေနာက္ဆုံး ရက္သတၱပတ္ေတြေလာက္မွ ျဖစ္ႏိုင္ပါလိမ့္မယ္။

Ref: GSMarena

 

[Unicode]

ပြီးခဲ့တဲ့ ရက်သတ္တပတ်တုန်းကတော့ HTC ဟာ Snapdragon 435 နဲ့ Mid-range ဖုန်းသစ် အတွက် စတင်လုပ်ဆောင်နေကြောင်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ပြီးခဲ့တဲ့ တစ်ပတ်တုန်းက အမည်မသိရသေးတဲ့ Device အတွက် မိုဒယ်နံပါတ် HTC 2Q72XXX နဲ့ Bluetooth Certification ရခဲ့ပါသေးတယ်။

အပြိုင်အဆိုင်ဖြစ်နေတဲ့ ဈေးကွွက်ကြောင့် ရုန်းကန်နေရဟန်ရှိတဲ့ HTC ဟာ အခုတွေ့မြင်ရတဲ့ စမတ်ဖုန်းသစ်နဲ့ ပြန်လည် ဝင်ရောက်လာဖို့ ကြိုးစားနေဖွယ် ရှိပါတယ်။ ပြီးခဲ့တဲ့ ရက်တုန်းကလည်း 2.4 GHz b/g/n bands နဲ့ Android 8.1 Oreo ရှိတဲ့ Device အတွက် Wi-Fi certification ရခဲ့ပါသေးတယ်။

Benchmark တွေကနေတစ်ဆင့် အတည်ပြုနိုင်တာက ဒါဟာ Mid-range စမတ်ဖုန်း တစ်လုံးဆိုတာပါပဲ။ သိရထားရတဲ့ မိုဒယ်နံပါတ်တွေနဲ့ Geekbench မှာ ရှာတွေ့တာကတော့ 3GB RAM ရှိမယ်ဆိုတာပါ။ Single-core score 648 နဲ့ Multi-core score 2585 စွမ်းဆောင်ရည်နဲ့ စမတ်ဖုန်းဟာ အလယ်အလတ်တန်းစား စမတ်ဖုန်း တစ်ခုဖြစ်တာကြောင့် မြန်မာနိုင်ငံနဲ့လည်း ပိုပြီး ကိုက်ညီမယ်လို့ ယူဆရပါတယ်။

HTC ကတော့ ဒီစမတ်ဖုန်းနဲ့ပတ်သက်ပြီး အသေးစိတ်အချက်အလက်တွေကို ထုတ်ပြန်ကြေညာခြင်း မရှိသးပါဘူး။ အလားတူပဲ နာမည်ကိုလည်း ထုတ်ဖော်ပြောဆိုခြင်း မရှိသေးတာကို တွေ့ရပါတယ်။ ဖြစ်နိုင်ခြေရှိတာကတော့ လာမယ့် ၂၀၁၉ နှစ်ဆန်းပိုင်းလောက်မှာမှ စတင်မိတ်ဆက်မယ်လို့ ယူဆရပါတယ်။ ခန့်မှန်းကလထက် စောရင်လည်း ဒီနှစ်ရဲ့ နောက်ဆုံး ရက်သတ္တပတ်တွေလောက်မှ ဖြစ်နိုင်ပါလိမ့်မယ်။

Ref: GSMarena