[Zawgyi]

ၿပီးခဲ့တဲ့ လအနည္းငယ္တုန္းက Huawei နဲ႔ ၿဗိတိန္ႏိုင္ငံဆက္သြယ္ေရးလုပ္ငန္းစုေတြၾကားမွာ အဆင္မေျပမႈ အနည္းငယ္ရွိခဲ့ေပမယ့္ တ႐ုတ္ႏွစ္သစ္ကူးပြဲေတာ္ကာလျဖစ္တဲ့ ယခုလ (၅)ရက္ေန႔မွာေတာ့လန္ဒန္ၿမိဳ႕ ေဒါ့ခ်က္စတာဟိုတယ္ခန္းမမွာ Huawei က အခြင့္အလမ္းအသစ္ေတြကို ဖိတ္ေခၚႏိုင္ဖို႔အတြက္ ဒီလုပ္ငန္း စုေတြရဲ႕ အႀကီးအကဲေတြနဲ႔အတူ ညစာအတူစားရင္း ဆက္ဆံေရးကို ျပန္တည္ေဆာက္ခဲ့ပါတယ္။

ဒီညစာစားပြဲမွာ ယူေကမွာရွိတဲ့ တ႐ုတ္ဆက္သြယ္ေရးလုပ္ငန္းေတြအတြက္ ကုန္ပစၥည္းေတြကို အဓိက တင္သြင္းေပးေနသူ Jerry Wang က အေမရိကန္၊ ၾသစေၾတးလ်နဲ႔ နယူးဇီလန္တို႔က ႏိုင္ငံအဆင့္ လုံၿခဳံေရးကိစၥနဲ႔ စပ္လ်ဥ္းၿပီး Huawei ကို တားျမစ္လိုက္ၿပီးတဲ့ေနာက္ 5G ကြန္ရက္တည္ေဆာက္တဲ့ေနရာမွာ Huawei ရဲ႕ အခန္းက႑နဲ႔ ပတ္သက္လို႔ ေျပာၾကားခဲ့ပါတယ္။ အႀကီးအက်ယ္ေျပာင္းလဲလာမယ့္ ဥေရာပရဲ႕ ေခတ္သစ္မိုဘိုင္းလ္အင္တာနက္နယ္ပယ္မွာ Huawei ကိုသုံးတာနဲ႔ ပတ္သက္လို႔ စကားစစ္ထိုးခဲ့ၾကတာေတြအတြက္ မစၥတာ Wang က Huawei က ယူေကအတြက္ ယူ႐ို ၂ ဘီလီယံ သုံးခဲ့သလို 5G ခတ္သစ္အတြက္လည္း ယူ႐ို ၃ ဘီလီယံသုံးဖို႔ လ်ာထားတယ္လို႔ ဆိုပါတယ္။

မစၥတာ Wang က “ ယူေကရဲ႕ ပြင့္လင္းတဲ့စိတ္သေဘာထားနဲ႔ ေဈးကြက္၊ လုပ္ငန္းစုေတြအတြက္ လြတ္လြတ္လပ္လပ္ေဆာင္႐ြက္ႏိုင္ေအာင္ ေဆာင္႐ြက္ေပးတာဟာ တစ္ကမာၻလုံးက ေလးစားတန္ဖိုးထားရမယ့္ အရာျဖစ္ သလို Huawei အပါအဝင္ ကြၽန္ေတာ္တို႔အားလုံးကလည္း ခ်ီးက်ဴးအားက်ရတဲ့ကိစၥပါ။ အခုလို မၿငိမ္မသက္ျဖစ္ ေနတဲ့အခ်ိန္မ်ိဳးမွာ ကြၽန္ေတာ္တို႔အေနနဲ႔ ၿဗိတိန္ရဲ႕ ဆက္လက္ထိန္းသိမ္းထားေနတဲ့ သူတို႔ရဲ႕ ႐ိုးသားပြင့္လင္းမႈ၊ အတူတကြပူးေပါင္းလိုမႈေတြကို ယုံၾကည္သလို ဒါဟာလည္း ယူေကႏိုင္ငံသားေတြရဲ႕ အက်ိဳးစီးပြားအတြက္ အေမွ်ာ္အျမင္ရွိတဲ့ ေ႐ြးခ်ယ္မႈေတြျဖစ္ပါလိမ့္မယ္” လို႔ ေျပာပါတယ္။

ဆက္သြယ္ေရးေအာ္ပေရတာေတြအေနနဲ႔ 5G ကြန္ရက္ကို ဘယ္လိုမ်ိဳး တည္ေဆာက္ရင္ေကာင္းမလဲ စဥ္းစားေနၾကတုန္းမွာပဲ အေမရိကန္နဲ႔ တျခားႏိုင္ငံက အစိုးရေတြရဲ႕ ႏိုင္ငံေရးအရ ဖိအားေပးမႈေတြေၾကာင့္ Huawei နဲ႔ ဥေရာပႏိုင္ငံဆက္သြယ္ေရးလုပ္ငန္းစုေတြရဲ႕ ဆက္ဆံေရးဟာ ေတာ္ေတာ္ေလး လႈပ္ခတ္ဆိုးဝါးခဲ့တာပါ။ ကြန္ရက္ရဲ႕ ပင္မလုပ္ငန္းေတြကိုသာမကဘဲ ေရဒီယိုလႈိင္းေတြကို ပင္မကေန ထပ္ဆင့္ထုတ္လႊင့္ၿပီး အခ်က္ အလက္ေတြရယူတဲ့ေနရာမွာ အသုံးျပဳရတဲ့ Huawei ရဲ႕ ထုတ္ကုန္ေတြအားလုံးအေပၚကိုပါ ပိတ္ပင္တားဆီး လိုက္တာဟာ 5G ကို မိတ္မဆက္ခင္အခ်ိန္ကို ေခတ္ေနာက္ျပန္ဆြဲေနတာျဖစ္ၿပီး ဆက္သြယ္ေရး ေအာ္ပေရတာေတြအတြက္လည္း လက္ရွိသုံးေနတဲ့ 4G ထုတ္ကုန္ေတြကို အဆင့္ျမႇင့္တင္ရမယ့္ အစား မည္မည္ရရမရွိဘဲ ေငြေၾကးေတြထပ္မံကုန္က်ေစႏိုင္တဲ့အေနအထားတစ္ခုျဖစ္ေစမွာပါ။

ဒီလိုအေျခအေနေအာက္မွာ Vodafone၊ Deutsche Telekom၊ Veon အစရွိတဲ့ ဆက္သြယ္ေရးလုပ္ငန္းစုေတြ က Huawei နဲ႔ သူတို႔ရဲ႕ၾကားက ႏိုင္ငံတကာဆက္ဆံေရးတစ္ခုကို ခ်ိဳးဖ်က္လိုက္ရမွာျဖစ္သလို အျပည့္အဝ လက္တြဲမယ္၊ တစ္စိတ္တစ္ေဒသပဲလက္တြဲမယ္၊ တ႐ုတ္ႏိုင္ငံထုတ္ပစၥည္းေတြလုံးဝမသုံးေတာ့ဘူးဆိုတာေတြ ကလည္း ႏိုင္ငံေတြရဲ႕ ခြင့္ျပဳတယ္၊မျပဳဘူးဆိုတာေတြေပၚမွာ တည္မွီေနရေတာ့မွာလည္း ျဖစ္ပါတယ္။ ဒီလို Huawei ကို ပိတ္ပင္တားျမစ္လိုက္ျခင္းက တစ္ဖက္က ေဈးကြက္ထဲမွာရွိေနတဲ့ Ericsson နဲ႔ Nokia တို႔ လုပ္ငန္းႏွစ္စုကိုပဲ အဓိက လုပ္ကိုင္ခြင့္ေပးဖို႔ အေကာင္းဆုံးအေထာက္အပံ့ျဖစ္လာမွာျဖစ္လို႔ ဒီျမင္ကြင္းက ေဈးကြက္အတြက္ အခ်ိန္နဲ႔အမွ် ဆုတ္ယုတ္လာေစမွာပါ။

Huawei နဲ႔ သူ႔ရဲ႕ ၿပိဳင္ဖက္ျဖစ္တဲ့ ZTE ကုမၸဏီႏွစ္ခုစလုံးက အခုခ်ိန္မွာ အေမရိကန္ရဲ႕အဓိက ပစ္မွတ္ထားျခင္း ကို ခံေနရသလို ဒါက သူတို႔ရဲ႕ ထုတ္ကုန္ေတြကို ၿပီးခဲ့တဲ့ႏွစ္ေတြထက္ ေဈးေလ်ာ့က်ေစဖို႔ တြန္းပို႔ေနတာျဖစ္ၿပီး ဘ႑ာေရးအရလည္း အားနည္းလာေစဖို႔ အေနအထားတစ္ခုပါပဲ။ မည္သို႔ပင္ျဖစ္ေစ Huawei က သုေတသနလုပ္ငန္းေတြနဲ႔ ဖြံ႕ၿဖိဳးတိုးတက္ေရးလုပ္ငန္းေတြအတြက္ အမ်ား အျပားရင္းႏွီးျမႇဳပ္ႏွံခဲ့တာျဖစ္လို႔ သူ႔ရဲ႕ထုတ္ကုန္ေတြက အရမ္းအဆင့္ျမင့္လာၿပီး ေဈးကြက္ထဲမွာလည္း ေဈးသက္သာတဲ့ ထုတ္ကုန္ပစၥည္းေတြေတာ့ မဟုတ္ေတာ့ပါဘူး။ သိထားရသေလာက္ကေတာ့ ေအာ္ပေရတာေတြအေနနဲ႔လည္း ပိုၿပီးျပင္းထန္လာမယ့္ ႏိုင္ငံေရးေဝဖန္မႈေတြရန္ကေန ကိုယ့္ကိုကိုယ္ကာကြယ္ႏိုင္ဖို႔အတြက္ ေျခလွမ္းျပင္အားယူေနစဥ္မွာ တ႐ုတ္ကုမၸဏီအတြက္ အမ်ား ျပည္သူေတြရဲ႕ ေထာက္ခံမႈအေနအထားေတြကို ထုတ္ေဖာ္ေျပာဆိုခဲ့ၾကပုံပါ။

EE မိုဘိုင္းလ္ပင္မကြန္ရက္ကေန Huawei ရဲ႕ေဆာ့ဖ္ဝဲလ္ကို ျဖဳတ္ခ်ပစ္ဖို႔ BT Group က ေဆာင္႐ြက္ေနခ်ိန္မွာ ဂ်ာမန္ႏိုင္ငံက တစ္စိတ္တစ္ပိုင္း ပိုင္ဆိုင္မႈပါဝင္ထားတဲ့ Deutsche Telekom ကေတာ့ source code ေတြကို စစ္ေဆးျခင္းအပါအဝင္ လုံၿခဳံေရးအရစိုးရိမ္ပူပန္မႈေတြကို ေလ်ာ့ပါးေစဖို႔အတြက္ အစီအမံေတြပါဝင္တဲ့ တိုင္းတာ ေရးနည္းလမ္းတစ္ခုကိုလည္း ၎ကအဆိုျပဳခဲ့ပါေသးတယ္။ ဆက္သြယ္ေရးလုပ္ငန္းနယ္ပယ္အတြင္းမွာေတာ့ ဒီအေျခအေနက အေရးႀကီးကိစၥတစ္ရပ္ ျဖစ္လာေနပါတယ္။ Huawei ကို ပိတ္ပင္တားျမစ္တဲ့ကိစၥအေပၚ ဆက္သြယ္ေရးနယ္ပယ္တစ္ခုလုံးအေနနဲ႔ ဘယ္လိုတုန႔္ျပန္သင့္သလဲဆိုတာကို ေဖေဖာ္ဝါရီလကုန္ပိုင္း ဘာစီလိုနာမွာျပဳလုပ္မယ့္ Mobile World Congress (MWC) နဲ႔ ပူးတြဲက်င္းပမယ့္ GSMAရဲ႕ ႏွစ္စဥ္ဘုတ္အဖြဲ႕ အစည္းအေဝးမွာ မိုဘိုင္းလ္ဖုန္းနယ္ပယ္ရဲ႕ ကုန္သြယ္မႈအဖြဲ႕အစည္းျဖစ္တဲ့ GSMA က ေဆြးေႏြးသြားမယ္လို႔ ေျပာပါတယ္။

ကုမၸဏီရဲ႕ ဆုံးရႈံးနစ္နာခဲ့ရတာေတြကို တတ္ႏိုင္သေလာက္ တားဆီးဖို႔ ႀကိဳးစားေနတဲ့အခ်ိန္ျဖစ္လို႔ Huawei တည္ေထာင္သူ Ren Zhengfei ကလည္း MWC ကိုတက္ေရာက္ၿပီး ဆက္သြယ္ေရးလုပ္ငန္းစုအႀကီးအကဲ ေတြနဲ႔ ေတြ႕ဆုံႏိုင္ေခ်ရွိပါတယ္။ ကိစၥရပ္ေတြေပၚေပါက္လာတဲ့အခါ ကိုယ့္ဘက္က အက်ိဳးမယုတ္ေစဖို႔ ဆက္သြယ္ေရးကုမၸဏီေတြအေနနဲ႔ အစိုးရေတြ၊ လုံၿခဳံေရးဝန္ေဆာင္မႈလုပ္ငန္းေတြနဲ႔ ေဆြးေႏြးေျပာဆိုမႈေတြ ပိုလုပ္ဖို႔လိုအပ္တယ္လို႔ Huawei ပစၥည္းေတြ ပိတ္ပင္ခံရတာကို ဆန႔္က်င္ခဲ့သူတစ္ဦးျဖစ္တဲ့ Vodafone အမႈေဆာင္အရာရွိခ်ဳပ္ Nick Read က ေျပာပါတယ္။ ႏိုင္ငံေတာ္လုံၿခဳံေရးမဟာဗ်ဴဟာဆိုင္ရာပူးတြဲေကာ္မတီက ဝန္ႀကီးေတြနဲ႔ ကြန္ရက္ထဲမွာတည္ရွိေနတဲ့ Huawei ရဲ႕အေနအထားအေၾကာင္း ေတြ႕ဆုံေဆြးေႏြးဖို႔ BT က သူ႔ရဲ႕ထိပ္တန္းလုံၿခဳံေရးအရာရွိေတြကို ဒီလအေစာပိုင္း မွာ ေစလႊတ္ခဲ့ပါတယ္။

ဆက္သြယ္ေရးနယ္ပယ္က အႀကီးအကဲတစ္ဦးကေတာ့ Huaweiရဲ႕ပစၥည္းေတြသုံးထားတဲ့ ႐ုရွားဆက္သြယ္ေရး ကုမၸဏီေတြက သူတို႔သုံးထားတဲ့ပစၥည္းေတြကို လုံၿခဳံေရးဝန္ေဆာင္မႈလုပ္ငန္းေတြရဲ႕အကူအညီနဲ႔ နည္းပညာ သုံးၿပီး ထဲထဲဝင္ဝင္ စစ္ေဆးခဲ့တယ္ဆိုတဲ့အေၾကာင္းကို “သူတို႔က အေမရိကန္ေတြထက္ေတာင္ ပိုၿပီး အေသး စိတ္စစ္ေဆးတာေတြလုပ္ေပမယ့္ ဘယ္လိုယိုေပါက္မ်ိဳး၊ အမွားမ်ိဳးမွမေတြ႕ဘူး” လို႔ ေျပာျပခဲ့ပါတယ္။ BT ရဲ႕ အမႈေဆာင္အရာရွိခ်ဳပ္ျဖစ္တဲ့ Gavin Patterson ကေတာ့ သူ႔ကုမၸဏီရဲ႕ 5G စမ္းသပ္မႈေတြအတြက္ Huawei ကိုေရာ၊ Huaweiရဲ႕ ၿပိဳင္ဘက္ကုမၸဏီကိုေရာ အသုံးျပဳသြားမယ္လို႔ ဆိုပါတယ္။

Huawei ကို ပင္မလုပ္ငန္းေဆာင္႐ြက္ေနရာက ဖယ္ထုတ္ထားတဲ့ BTရဲ႕ကိုယ္ပိုင္ကြန္ရက္ အေဆာက္အဦးေတြေၾကာင့္တင္မကဘဲ Huawei ပစၥည္းေတြကို စစ္ေဆးမႈေတြျပဳလုပ္ခဲ့တဲ့ ယူေကအစိုးရရဲ႕ လုံၿခဳံေရးတပ္ဖြဲ႕ျဖစ္တဲ့ GCHQ ေၾကာင့္ပါ သူ႔ယုံၾကည္မႈေတြ ျဖစ္လာရတယ္ဆိုၿပီး “ကြၽန္ေတာ္တို႔က ဆိုင္ဘာလုံၿခဳံေရးမွာ ကမၱာ့ ဦးေဆာင္ ထိပ္တန္းဖြဲ႕အစည္းေတြပါ။ ကြၽန္ေတာ္တို႔ သူတို႔ကိုယုံတယ္” လို႔ ေျပာခဲ့ပါတယ္။

Consultant Delta ရဲ႕ဥကၠဌတျဖစ္လဲ ဆက္သြယ္ေရးလုပ္ငန္းနယ္ပယ္ရဲ႕အႀကီးအကဲေဟာင္းတစ္ဦးျဖစ္တဲ့ Boris Nemsic ကေတာ့ တကယ္လို႔မ်ား Huawei ပစၥည္းေတြကို ပိတ္ပင္တားျမစ္တဲ့ေရစီးေၾကာင္းကို ဝင္လိုက္မယ္ဆိုရင္ ဥေရာပဟာ အေမရိကန္နဲ႔ တ႐ုတ္တင္မက အာရွေဒသအခ်ိဳ႕ထက္ပါ ေတာ္ေတာ္ေလး ေနာက္က်သြားႏိုင္ေခ်ရွိတဲ့အတြက္ ဥေရာပအတြက္ ေလာင္းေၾကးက သိပ္ကိုျမင့္လာၿပီလို႔ ေထာက္ျပပါတယ္။ နည္းပညာနဲ႔ပတ္သက္ရင္ ေခတ္ေနာက္က်ေနေသးတဲ့ အာဖရိကနဲ႔ အေရွ႕အလယ္ပိုင္းေဒသေတြမွာ ေတာင္ Huawei ရဲ႕အဆင့္ျမင့္ 5G ထုတ္ကုန္ေတြကို စိတ္ခ်လက္ခ်သုံးလာႏိုင္တယ္တယ္လို႔ ေျပာပါတယ္။

“Huawei ကေတာ့ တကယ္ကိုအေကာင္းဆုံးလုပ္ျပႏိုင္ခဲ့တာပါပဲ။ ဥေရာပေဈးကြက္မွာဆိုရင္ ကြၽန္ေတာ္တို႔ ေတာင္ မနာလိုျဖစ္ရေလာက္ေအာင္ပါ။ ႏွစ္ ၂၀၊ ၃၀ ေလာက္ အသာရခဲ့တာေတာင္ ကြၽန္ေတာ္တို႔မလုပ္ႏိုင္ေသးေပမယ့္ Huawei ကေတာ့ စြမ္းအားတစ္ခုခုမ်ား သူတို႔အေနာက္မွာရွိေနသလားေတာင္ ထင္ရပါတယ္။ Nokia နဲ႔ Ericsson ကို ထိန္းဖို႔အတြက္ ေဈးကြက္ထဲမွာ Huawei ရွိေနဖို႔လိုပါတယ္။ သူတို႔ကို တားျမစ္ပိတ္ပင္ ပစ္လိုက္ဖို႔ဆိုတာကေတာ့ ဘယ္လိုမွမျဖစ္ႏိုင္ပါဘူး” လို႔ Boris Nemsic က ထပ္ေလာင္း ေျပာၾကားခဲ့ပါတယ္။

Ref : Financial Times

[Unicode]

စစ်ဆေးစုံစမ်းမှုများ ပြုလုပ်ခံနေရသော်လည်း ဆက်သွယ်ရေးလုပ်ငန်းအုပ်စုများက Huawei ဘက်မှ ရပ်တည်

ပြီးခဲ့တဲ့ လအနည်းငယ်တုန်းက Huawei နဲ့ ဗြိတိန်နိုင်ငံဆက်သွယ်ရေးလုပ်ငန်းစုတွေကြားမှာ အဆင်မပြေမှု အနည်းငယ်ရှိခဲ့ပေမယ့် တရုတ်နှစ်သစ်ကူးပွဲတော်ကာလဖြစ်တဲ့ ယခုလ (၅)ရက်နေ့မှာတော့လန်ဒန်မြို့ ဒေါ့ချက်စတာဟိုတယ်ခန်းမမှာ Huawei က အခွင့်အလမ်းအသစ်တွေကို ဖိတ်ခေါ်နိုင်ဖို့အတွက် ဒီလုပ်ငန်း စုတွေရဲ့ အကြီးအကဲတွေနဲ့အတူ ညစာအတူစားရင်း ဆက်ဆံရေးကို ပြန်တည်ဆောက်ခဲ့ပါတယ်။

ဒီညစာစားပွဲမှာ ယူကေမှာရှိတဲ့ တရုတ်ဆက်သွယ်ရေးလုပ်ငန်းတွေအတွက် ကုန်ပစ္စည်းတွေကို အဓိက တင်သွင်းပေးနေသူ Jerry Wang က အမေရိကန်၊ သြစတြေးလျနဲ့ နယူးဇီလန်တို့က နိုင်ငံအဆင့် လုံခြုံရေးကိစ္စနဲ့ စပ်လျဉ်းပြီး Huawei ကို တားမြစ်လိုက်ပြီးတဲ့နောက် 5G ကွန်ရက်တည်ဆောက်တဲ့နေရာမှာ Huawei ရဲ့ အခန်းကဏ္ဍနဲ့ ပတ်သက်လို့ ပြောကြားခဲ့ပါတယ်။ အကြီးအကျယ်ပြောင်းလဲလာမယ့် ဥရောပရဲ့ ခေတ်သစ်မိုဘိုင်းလ်အင်တာနက်နယ်ပယ်မှာ Huawei ကိုသုံးတာနဲ့ ပတ်သက်လို့ စကားစစ်ထိုးခဲ့ကြတာတွေအတွက် မစ္စတာ Wang က Huawei က ယူကေအတွက် ယူရို ၂ ဘီလီယံ သုံးခဲ့သလို 5G ခတ်သစ်အတွက်လည်း ယူရို ၃ ဘီလီယံသုံးဖို့ လျာထားတယ်လို့ ဆိုပါတယ်။

မစ္စတာ Wang က “ ယူကေရဲ့ ပွင့်လင်းတဲ့စိတ်သဘောထားနဲ့ ဈေးကွက်၊ လုပ်ငန်းစုတွေအတွက် လွတ်လွတ်လပ်လပ်ဆောင်ရွက်နိုင်အောင် ဆောင်ရွက်ပေးတာဟာ တစ်ကမ္ဘာလုံးက လေးစားတန်ဖိုးထားရမယ့် အရာဖြစ် သလို Huawei အပါအဝင် ကျွန်တော်တို့အားလုံးကလည်း ချီးကျူးအားကျရတဲ့ကိစ္စပါ။ အခုလို မငြိမ်မသက်ဖြစ် နေတဲ့အချိန်မျိုးမှာ ကျွန်တော်တို့အနေနဲ့ ဗြိတိန်ရဲ့ ဆက်လက်ထိန်းသိမ်းထားနေတဲ့ သူတို့ရဲ့ ရိုးသားပွင့်လင်းမှု၊ အတူတကွပူးပေါင်းလိုမှုတွေကို ယုံကြည်သလို ဒါဟာလည်း ယူကေနိုင်ငံသားတွေရဲ့ အကျိုးစီးပွားအတွက် အမျှော်အမြင်ရှိတဲ့ ရွေးချယ်မှုတွေဖြစ်ပါလိမ့်မယ်” လို့ ပြောပါတယ်။

ဆက်သွယ်ရေးအော်ပရေတာတွေအနေနဲ့ 5G ကွန်ရက်ကို ဘယ်လိုမျိုး တည်ဆောက်ရင်ကောင်းမလဲ စဉ်းစားနေကြတုန်းမှာပဲ အမေရိကန်နဲ့ တခြားနိုင်ငံက အစိုးရတွေရဲ့ နိုင်ငံရေးအရ ဖိအားပေးမှုတွေကြောင့် Huawei နဲ့ ဥရောပနိုင်ငံဆက်သွယ်ရေးလုပ်ငန်းစုတွေရဲ့ ဆက်ဆံရေးဟာ တော်တော်လေး လှုပ်ခတ်ဆိုးဝါးခဲ့တာပါ။ ကွန်ရက်ရဲ့ ပင်မလုပ်ငန်းတွေကိုသာမကဘဲ ရေဒီယိုလှိုင်းတွေကို ပင်မကနေ ထပ်ဆင့်ထုတ်လွှင့်ပြီး အချက် အလက်တွေရယူတဲ့နေရာမှာ အသုံးပြုရတဲ့ Huawei ရဲ့ ထုတ်ကုန်တွေအားလုံးအပေါ်ကိုပါ ပိတ်ပင်တားဆီး လိုက်တာဟာ 5G ကို မိတ်မဆက်ခင်အချိန်ကို ခေတ်နောက်ပြန်ဆွဲနေတာဖြစ်ပြီး ဆက်သွယ်ရေး အော်ပရေတာတွေအတွက်လည်း လက်ရှိသုံးနေတဲ့ 4G ထုတ်ကုန်တွေကို အဆင့်မြှင့်တင်ရမယ့် အစား မည်မည်ရရမရှိဘဲ ငွေကြေးတွေထပ်မံကုန်ကျစေနိုင်တဲ့အနေအထားတစ်ခုဖြစ်စေမှာပါ။

ဒီလိုအခြေအနေအောက်မှာ Vodafone၊ Deutsche Telekom၊ Veon အစရှိတဲ့ ဆက်သွယ်ရေးလုပ်ငန်းစုတွေ က Huawei နဲ့ သူတို့ရဲ့ကြားက နိုင်ငံတကာဆက်ဆံရေးတစ်ခုကို ချိုးဖျက်လိုက်ရမှာဖြစ်သလို အပြည့်အဝ လက်တွဲမယ်၊ တစ်စိတ်တစ်ဒေသပဲလက်တွဲမယ်၊ တရုတ်နိုင်ငံထုတ်ပစ္စည်းတွေလုံးဝမသုံးတော့ဘူးဆိုတာတွေ ကလည်း နိုင်ငံတွေရဲ့ ခွင့်ပြုတယ်၊မပြုဘူးဆိုတာတွေပေါ်မှာ တည်မှီနေရတော့မှာလည်း ဖြစ်ပါတယ်။ ဒီလို Huawei ကို ပိတ်ပင်တားမြစ်လိုက်ခြင်းက တစ်ဖက်က ဈေးကွက်ထဲမှာရှိနေတဲ့ Ericsson နဲ့ Nokia တို့ လုပ်ငန်းနှစ်စုကိုပဲ အဓိက လုပ်ကိုင်ခွင့်ပေးဖို့ အကောင်းဆုံးအထောက်အပံ့ဖြစ်လာမှာဖြစ်လို့ ဒီမြင်ကွင်းက ဈေးကွက်အတွက် အချိန်နဲ့အမျှ ဆုတ်ယုတ်လာစေမှာပါ။

Huawei နဲ့ သူ့ရဲ့ ပြိုင်ဖက်ဖြစ်တဲ့ ZTE ကုမ္ပဏီနှစ်ခုစလုံးက အခုချိန်မှာ အမေရိကန်ရဲ့အဓိက ပစ်မှတ်ထားခြင်း ကို ခံနေရသလို ဒါက သူတို့ရဲ့ ထုတ်ကုန်တွေကို ပြီးခဲ့တဲ့နှစ်တွေထက် ဈေးလျော့ကျစေဖို့ တွန်းပို့နေတာဖြစ်ပြီး ဘဏ္ဍာရေးအရလည်း အားနည်းလာစေဖို့ အနေအထားတစ်ခုပါပဲ။ မည်သို့ပင်ဖြစ်စေ Huawei က သုတေသနလုပ်ငန်းတွေနဲ့ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေအတွက် အများ အပြားရင်းနှီးမြှုပ်နှံခဲ့တာဖြစ်လို့ သူ့ရဲ့ထုတ်ကုန်တွေက အရမ်းအဆင့်မြင့်လာပြီး ဈေးကွက်ထဲမှာလည်း ဈေးသက်သာတဲ့ ထုတ်ကုန်ပစ္စည်းတွေတော့ မဟုတ်တော့ပါဘူး။ သိထားရသလောက်ကတော့ အော်ပရေတာတွေအနေနဲ့လည်း ပိုပြီးပြင်းထန်လာမယ့် နိုင်ငံရေးဝေဖန်မှုတွေရန်ကနေ ကိုယ့်ကိုကိုယ်ကာကွယ်နိုင်ဖို့အတွက် ခြေလှမ်းပြင်အားယူနေစဉ်မှာ တရုတ်ကုမ္ပဏီအတွက် အများ ပြည်သူတွေရဲ့ ထောက်ခံမှုအနေအထားတွေကို ထုတ်ဖော်ပြောဆိုခဲ့ကြပုံပါ။

EE မိုဘိုင်းလ်ပင်မကွန်ရက်ကနေ Huawei ရဲ့ဆော့ဖ်ဝဲလ်ကို ဖြုတ်ချပစ်ဖို့ BT Group က ဆောင်ရွက်နေချိန်မှာ ဂျာမန်နိုင်ငံက တစ်စိတ်တစ်ပိုင်း ပိုင်ဆိုင်မှုပါဝင်ထားတဲ့ Deutsche Telekom ကတော့ source code တွေကို စစ်ဆေးခြင်းအပါအဝင် လုံခြုံရေးအရစိုးရိမ်ပူပန်မှုတွေကို လျော့ပါးစေဖို့အတွက် အစီအမံတွေပါဝင်တဲ့ တိုင်းတာ ရေးနည်းလမ်းတစ်ခုကိုလည်း ၎င်းကအဆိုပြုခဲ့ပါသေးတယ်။ ဆက်သွယ်ရေးလုပ်ငန်းနယ်ပယ်အတွင်းမှာတော့ ဒီအခြေအနေက အရေးကြီးကိစ္စတစ်ရပ် ဖြစ်လာနေပါတယ်။ Huawei ကို ပိတ်ပင်တားမြစ်တဲ့ကိစ္စအပေါ် ဆက်သွယ်ရေးနယ်ပယ်တစ်ခုလုံးအနေနဲ့ ဘယ်လိုတုန့်ပြန်သင့်သလဲဆိုတာကို ဖေဖော်ဝါရီလကုန်ပိုင်း ဘာစီလိုနာမှာပြုလုပ်မယ့် Mobile World Congress (MWC) နဲ့ ပူးတွဲကျင်းပမယ့် GSMAရဲ့ နှစ်စဉ်ဘုတ်အဖွဲ့ အစည်းအဝေးမှာ မိုဘိုင်းလ်ဖုန်းနယ်ပယ်ရဲ့ ကုန်သွယ်မှုအဖွဲ့အစည်းဖြစ်တဲ့ GSMA က ဆွေးနွေးသွားမယ်လို့ ပြောပါတယ်။

ကုမ္ပဏီရဲ့ ဆုံးရှုံးနစ်နာခဲ့ရတာတွေကို တတ်နိုင်သလောက် တားဆီးဖို့ ကြိုးစားနေတဲ့အချိန်ဖြစ်လို့ Huawei တည်ထောင်သူ Ren Zhengfei ကလည်း MWC ကိုတက်ရောက်ပြီး ဆက်သွယ်ရေးလုပ်ငန်းစုအကြီးအကဲ တွေနဲ့ တွေ့ဆုံနိုင်ချေရှိပါတယ်။ ကိစ္စရပ်တွေပေါ်ပေါက်လာတဲ့အခါ ကိုယ့်ဘက်က အကျိုးမယုတ်စေဖို့ ဆက်သွယ်ရေးကုမ္ပဏီတွေအနေနဲ့ အစိုးရတွေ၊ လုံခြုံရေးဝန်ဆောင်မှုလုပ်ငန်းတွေနဲ့ ဆွေးနွေးပြောဆိုမှုတွေ ပိုလုပ်ဖို့လိုအပ်တယ်လို့ Huawei ပစ္စည်းတွေ ပိတ်ပင်ခံရတာကို ဆန့်ကျင်ခဲ့သူတစ်ဦးဖြစ်တဲ့ Vodafone အမှုဆောင်အရာရှိချုပ် Nick Read က ပြောပါတယ်။ နိုင်ငံတော်လုံခြုံရေးမဟာဗျူဟာဆိုင်ရာပူးတွဲကော်မတီက ဝန်ကြီးတွေနဲ့ ကွန်ရက်ထဲမှာတည်ရှိနေတဲ့ Huawei ရဲ့အနေအထားအကြောင်း တွေ့ဆုံဆွေးနွေးဖို့ BT က သူ့ရဲ့ထိပ်တန်းလုံခြုံရေးအရာရှိတွေကို ဒီလအစောပိုင်း မှာ စေလွှတ်ခဲ့ပါတယ်။

ဆက်သွယ်ရေးနယ်ပယ်က အကြီးအကဲတစ်ဦးကတော့ Huaweiရဲ့ပစ္စည်းတွေသုံးထားတဲ့ ရုရှားဆက်သွယ်ရေး ကုမ္ပဏီတွေက သူတို့သုံးထားတဲ့ပစ္စည်းတွေကို လုံခြုံရေးဝန်ဆောင်မှုလုပ်ငန်းတွေရဲ့အကူအညီနဲ့ နည်းပညာ သုံးပြီး ထဲထဲဝင်ဝင် စစ်ဆေးခဲ့တယ်ဆိုတဲ့အကြောင်းကို “သူတို့က အမေရိကန်တွေထက်တောင် ပိုပြီး အသေး စိတ်စစ်ဆေးတာတွေလုပ်ပေမယ့် ဘယ်လိုယိုပေါက်မျိုး၊ အမှားမျိုးမှမတွေ့ဘူး” လို့ ပြောပြခဲ့ပါတယ်။ BT ရဲ့ အမှုဆောင်အရာရှိချုပ်ဖြစ်တဲ့ Gavin Patterson ကတော့ သူ့ကုမ္ပဏီရဲ့ 5G စမ်းသပ်မှုတွေအတွက် Huawei ကိုရော၊ Huaweiရဲ့ ပြိုင်ဘက်ကုမ္ပဏီကိုရော အသုံးပြုသွားမယ်လို့ ဆိုပါတယ်။

Huawei ကို ပင်မလုပ်ငန်းဆောင်ရွက်နေရာက ဖယ်ထုတ်ထားတဲ့ BTရဲ့ကိုယ်ပိုင်ကွန်ရက် အဆောက်အဦးတွေကြောင့်တင်မကဘဲ Huawei ပစ္စည်းတွေကို စစ်ဆေးမှုတွေပြုလုပ်ခဲ့တဲ့ ယူကေအစိုးရရဲ့ လုံခြုံရေးတပ်ဖွဲ့ဖြစ်တဲ့ GCHQ ကြောင့်ပါ သူ့ယုံကြည်မှုတွေ ဖြစ်လာရတယ်ဆိုပြီး “ကျွန်တော်တို့က ဆိုင်ဘာလုံခြုံရေးမှာ ကမ္တာ့ ဦးဆောင် ထိပ်တန်းဖွဲ့အစည်းတွေပါ။ ကျွန်တော်တို့ သူတို့ကိုယုံတယ်” လို့ ပြောခဲ့ပါတယ်။

Consultant Delta ရဲ့ဥက္ကဌတဖြစ်လဲ ဆက်သွယ်ရေးလုပ်ငန်းနယ်ပယ်ရဲ့အကြီးအကဲဟောင်းတစ်ဦးဖြစ်တဲ့ Boris Nemsic ကတော့ တကယ်လို့များ Huawei ပစ္စည်းတွေကို ပိတ်ပင်တားမြစ်တဲ့ရေစီးကြောင်းကို ဝင်လိုက်မယ်ဆိုရင် ဥရောပဟာ အမေရိကန်နဲ့ တရုတ်တင်မက အာရှဒေသအချို့ထက်ပါ တော်တော်လေး နောက်ကျသွားနိုင်ချေရှိတဲ့အတွက် ဥရောပအတွက် လောင်းကြေးက သိပ်ကိုမြင့်လာပြီလို့ ထောက်ပြပါတယ်။ နည်းပညာနဲ့ပတ်သက်ရင် ခေတ်နောက်ကျနေသေးတဲ့ အာဖရိကနဲ့ အရှေ့အလယ်ပိုင်းဒေသတွေမှာ တောင် Huawei ရဲ့အဆင့်မြင့် 5G ထုတ်ကုန်တွေကို စိတ်ချလက်ချသုံးလာနိုင်တယ်တယ်လို့ ပြောပါတယ်။

“Huawei ကတော့ တကယ်ကိုအကောင်းဆုံးလုပ်ပြနိုင်ခဲ့တာပါပဲ။ ဥရောပဈေးကွက်မှာဆိုရင် ကျွန်တော်တို့ တောင် မနာလိုဖြစ်ရလောက်အောင်ပါ။ နှစ် ၂၀၊ ၃၀ လောက် အသာရခဲ့တာတောင် ကျွန်တော်တို့မလုပ်နိုင်သေးပေမယ့် Huawei ကတော့ စွမ်းအားတစ်ခုခုများ သူတို့အနောက်မှာရှိနေသလားတောင် ထင်ရပါတယ်။ Nokia နဲ့ Ericsson ကို ထိန်းဖို့အတွက် ဈေးကွက်ထဲမှာ Huawei ရှိနေဖို့လိုပါတယ်။ သူတို့ကို တားမြစ်ပိတ်ပင် ပစ်လိုက်ဖို့ဆိုတာကတော့ ဘယ်လိုမှမဖြစ်နိုင်ပါဘူး” လို့ Boris Nemsic က ထပ်လောင်း ပြောကြားခဲ့ပါတယ်။

Ref : Financial Times