လက်ရှိအချိန်မှာ စမတ်ဖုန်းတွေ Mobile Devices တွေနဲ့အတူ ခေတ်စားလာတဲ့အရာတစ်ခုရှိနေပါတယ်။ အဲ့ဒါကတော့ Smart Speaker လို့ ပြောလို့ရတဲ့ Mobile Assistant တွေပါဝင်တဲ့ Speaker တွေပဲဖြစ်ပါတယ်။

Google ကလည်း Google Home Product တွေထုတ်နေသလို Amazon Echo တွေကနာမည်ကြီးတွေဖြစ်ပြီးတော့ Apple ကလည်း HomePod ၊ Samsung ကလည်း Bixby Speaker ဆိုပြီး ထုတ်လုပ်လာကြတာ အခုအချိန်မှာတော့ Hauwei ကလည်း သူ့ရဲ့ AI Cube လို့ နာမည်ပေးထားတဲ့ Smart Speaker တစ်ခုကို မိတ်ဆက်လိုက်ပါတယ်။

 

တစ်ခုရှိတာကတော့ Huawei ရဲ့ AI Cube Smart Speaker ဟာ Google Assistant ကို အသုံးပြုနေတာမဟုတ်ဘဲ Amazon Alexa ကိုပဲ အသုံးပြုထားတာဖြစ်ပါတယ်။ အဲ့ဒီအတွက် Alexa ကနေ တစ်ဆင့်ပဲ သီချင်းဖွင့်တာ၊ အိမ်အလုပ် ခိုင်းစေတာ စတဲ့အလုပ်တွေကို ခိုင်းစေနိုင်မှာဖြစ်ပါတယ်။ ဒါပေမယ့် Amazon Alexa ဟာ Google Assistant လောက်လည်း သုံးစွဲသူမများသေးပါဘူး။

 

Huawei အခု AI Cube Smart Speaker မှာ ထူးခြားတဲ့ နည်းပညာတစ်ခုကို ထပ်မံထည့်ပေးခဲ့ပြီးတော့ အဆိုပါ Feature ကတော့ Smart Speaker တစ်ခုအပြင် Internet Router အဖြစ်ပါ အသုံးပြုနိုင်တာဖြစ်ပါတယ်။ Huawei ဟာ ယခု AI Cube Smart Speaker ကိုမကြာခင်ရောင်းချသွားမယ်လို့ ဆိုထားပေမယ့် ဈေးနှုန်းကိုတော့ ပြောကြားသွားခြင်းမရှိခဲ့ပါဘူး။