Huawei ကနေ သူ့ရဲ့ စမတ်ဖုန်းတွေမှာ Application တွေကို Download ပြုလုပ်နိုင်ဖို့အတွက် Google Play Store ကိုပဲ အားထားနေခဲ့ရတာဖြစ်ပါတယ်။ တရုတ်နိုင်ငံမှာ ရောင်းချခဲ့တဲ့ Huawei ဖုန်းတွေကတော့ AppGallery ဆိုပြီး App Store တစ်ခုရှိပေမယ့် နိုင်ငံတကားကို ရောင်းချတဲ့ဖုန်းတွေမှာတော့ပါဝင်ခြင်းမရှိပါဘူး။

အခုအချိန်မှာတော့ Huawei ကနေ Huawei ရဲ့ AppGallery ကို တရုတ်နိုင်ငံအတွင်းမှာပဲ အသုံးပြုနိုင်နေတာကနေ အခုအချိန်မှာတော့ Global မှာအသုံးပြုနေတဲ့ဖုန်းတွေအကုန်လုံးမှာပါ အသုံးပြုခွင့်ပေးလိုက်ပြီပဲဖြစ်ပါတယ်။

ဒါပေမယ့်လည်း အခုလောလောဆယ်မှာတော့ Huawei P20 နဲ့ P20 Pro စမတ်ဖုန်းတွေပဲ အဆိုပါ AppGallery ကို Firmware ထဲမှာထည့်သွင်းထားမှာဖြစ်ပြီးတော့ အခြားသော Huawei ဖုန်းအသုံးပြုတွေကတော့ wap2.hispace.hicloud.com ကနေ Download ရယူအသုံးပြုနိုင်မှာဖြစ်ပါတယ်။

အခု Huawei ရဲ့ AppGallery ဟာ Google Play Store ကို အစားထိုးနိုင်ဦးမှာမဟုတ်သေးသလို Applications အများစုကလည်း China Apps တွေပဲများနေဦးမှာဖြစ်ပါတယ်။