Huawei ကုမၸဏီရဲ႕ Fitness Band ထုတ္ကုန္အသစ္ ႏွစ္ခုဟာ ႏုိင္ငံတကာေစ်းကြက္ကို ဝင္ေရာက္လာေတာ့မွာ ျဖစ္ျပီး အေမရိကန္ေစ်းကြက္မွာ Huawei Band 3 Pro နဲ႔ Huawei Band 3e တုိ႔ကို ရရွိႏုိင္ေနျပီ ျဖစ္ပါတယ္။

Band 3e ဟာ ေဒၚလာသုံးဆယ္သာ က်သင့္ျပီး ကိုယ္ထည္ကို လက္ပတ္ကေန ျဖဳတ္ထားႏုိင္တဲ့ ထုတ္ကုန္အသစ္ ျဖစ္တဲ့အတြက္ လက္မွာပတ္ထားရုံသာမက ရွဴးဖိနပ္မွာ ခ်ည္ထားတာလိုမ်ဳိး ျပဳလုပ္မယ့္ အားကစားနဲ႔လိုက္ျပီး ကိုယ္ေပၚမွာေဆာင္ထားတဲ့ ေနရာေျပာင္းလဲႏုိင္တဲ့ အားသာခ်က္ရွိပါတယ္။ ပုံမွန္ အသုံးျပဳရင္ ၁၄ ရက္ဆက္တုိက္ အသုံးျပဳႏုိင္တဲ့ ဘကၳရီသက္တမ္းရွိတယ္လို႔ ဆုိတယ္။ သူ႕မွာ ႏွလုံးခုန္ႏႈန္း ေစာင့္ၾကည့္တုိင္းတာေပးတဲ့ စနစ္ေတာ့ မပါဝင္ေပမယ့္ အိပ္ခ်ိန္ေစာင့္ၾကည့္စနစ္ေတာ့ ပါဝင္ပါတယ္။

Band 3 Pro ကေတာ့ သူ႕ထက္ ပုိအားသာတဲ့ ေမာ္ဒယ္ျဖစ္ျပီး ေစ်းကလည္း ေဒၚလာ ၇၀ ျဖစ္ပါတယ္။ GPS ေထာက္ပံ့မႈ၊ Huawei ရဲ႕နည္းပညာျမင့္ TruSeen 3.0 ဆင္ဆာအသုံးျပဳ ႏွလုံးခုန္ႏႈန္း ေစာင့္ၾကည့္တုိင္းတာ စနစ္၊ အိပ္ခ်ိန္အာရုံခံစနစ္နဲ႔ ေရကူးအားကစားအတြက္ Tracking နည္းပညာေတြပါ ပါဝင္လာတယ္။ 0.95” လက္မအရြယ္ ကာလာစုံ AMOLED Touch Display ပါဝင္တဲ့အတြက္ ၾကည့္ရတာ ပိုအဆင္ေျပပါလိမ့္မယ္။

Band 3 Pro ဟာ ေရစိမ္ခံမႈ 5ATM အဆင့္ သတ္မွတ္ထားျပီး အိပ္စက္ခ်ိန္အာရုံခံစနစ္နဲ႔ ႏွလုံးခုန္ႏႈန္း ေမာ္နီတာစနစ္ကို တခ်ိန္လုံး အသုံးျပဳထားရင္ေတာင္ ၁၂ ရက္ထိ အသုံးခံမယ္လို႔ ဆုိပါတယ္။ Band 3e ဟာ ပန္းေရာင္နဲ႔ အနက္ ႏွစ္မ်ဳိးသာ ရႏုိင္ျပီး Band 3 Pro ကေတာ့ အနက္၊ အျပာ သုိ႔မဟုတ္ ေရႊေရာင္ကိုယ္ထည္နဲ႔ အျဖဴလက္ပတ္တုိ႔ျဖင့္ ရရွိႏုိင္မွာ ျဖစ္ပါတယ္။

Ref – GSM Arena

Unicode

Huawei ကုမ္ပဏီရဲ့ Fitness Band ထုတ်ကုန်အသစ် နှစ်ခုဟာ နိုင်ငံတကာဈေးကွက်ကို ဝင်ရောက်လာတော့မှာ ဖြစ်ပြီး အမေရိကန်ဈေးကွက်မှာ Huawei Band 3 Pro နဲ့ Huawei Band 3e တို့ကို ရရှိနိုင်နေပြီ ဖြစ်ပါတယ်။

Band 3e ဟာ ဒေါ်လာသုံးဆယ်သာ ကျသင့်ပြီး ကိုယ်ထည်ကို လက်ပတ်ကနေ ဖြုတ်ထားနိုင်တဲ့ ထုတ်ကုန်အသစ် ဖြစ်တဲ့အတွက် လက်မှာပတ်ထားရုံသာမက ရှူးဖိနပ်မှာ ချည်ထားတာလိုမျိုး ပြုလုပ်မယ့် အားကစားနဲ့လိုက်ပြီး ကိုယ်ပေါ်မှာဆောင်ထားတဲ့ နေရာပြောင်းလဲနိုင်တဲ့ အားသာချက်ရှိပါတယ်။ ပုံမှန် အသုံးပြုရင် ၁၄ ရက်ဆက်တိုက် အသုံးပြုနိုင်တဲ့ ဘက္ထရီသက်တမ်းရှိတယ်လို့ ဆိုတယ်။ သူ့မှာ နှလုံးခုန်နှုန်း စောင့်ကြည့်တိုင်းတာပေးတဲ့ စနစ်တော့ မပါဝင်ပေမယ့် အိပ်ချိန်စောင့်ကြည့်စနစ်တော့ ပါဝင်ပါတယ်။

Band 3 Pro ကတော့ သူ့ထက် ပိုအားသာတဲ့ မော်ဒယ်ဖြစ်ပြီး ဈေးကလည်း ဒေါ်လာ ၇၀ ဖြစ်ပါတယ်။ GPS ထောက်ပံ့မှု၊ Huawei ရဲ့နည်းပညာမြင့် TruSeen 3.0 ဆင်ဆာအသုံးပြု နှလုံးခုန်နှုန်း စောင့်ကြည့်တိုင်းတာ စနစ်၊ အိပ်ချိန်အာရုံခံစနစ်နဲ့ ရေကူးအားကစားအတွက် Tracking နည်းပညာတွေပါ ပါဝင်လာတယ်။ 0.95” လက်မအရွယ် ကာလာစုံ AMOLED Touch Display ပါဝင်တဲ့အတွက် ကြည့်ရတာ ပိုအဆင်ပြေပါလိမ့်မယ်။

Band 3 Pro ဟာ ရေစိမ်ခံမှု 5ATM အဆင့် သတ်မှတ်ထားပြီး အိပ်စက်ချိန်အာရုံခံစနစ်နဲ့ နှလုံးခုန်နှုန်း မော်နီတာစနစ်ကို တချိန်လုံး အသုံးပြုထားရင်တောင် ၁၂ ရက်ထိ အသုံးခံမယ်လို့ ဆိုပါတယ်။ Band 3e ဟာ ပန်းရောင်နဲ့ အနက် နှစ်မျိုးသာ ရနိုင်ပြီး Band 3 Pro ကတော့ အနက်၊ အပြာ သို့မဟုတ် ရွှေရောင်ကိုယ်ထည်နဲ့ အဖြူလက်ပတ်တို့ဖြင့် ရရှိနိုင်မှာ ဖြစ်ပါတယ်။

Ref – GSM Arena