[Zawgyi]

ပိုလန္ရဲ႕ တာဝန္ရွိသူေတြဟာ Huawei ဝန္ထမ္းတစ္ဦးကို သူလွ်ိဳအျဖစ္ သံသယရွိမႈနဲ႔ ဖမ္းဆီးထိမ္းသိမ္းခဲ့တယ္လို႔ သိရပါတယ္။ ဒီလိုဖမ္းဆီးလိုက္တဲ့အေၾကာင္းကို ပိုလန္တီဗြီလိုင္း TVP နဲ႔ BBC တို႔ကလည္း ေဖာ္ျပခဲ့ၾကပါတယ္။ ဒီျဖစ္ရပ္မွာ တ႐ုတ္အစိုးရရဲ႕ ခိုင္းေစမႈေတြလည္း ပါဝင္ေနတယ္လို႔ ပိုလန္တာဝန္ရွိသူေတြက ယူဆေနၾကတာပါ။

သူလွ်ိဳအျဖစ္ ဖမ္းဆီးခဲ့တာကေတာ့ ႏွစ္ဦးျဖစ္ပါတယ္။ တစ္ဦးကေတာ့ တ႐ုတ္အမ်ိဳးသားျဖစ္ၿပီး ပိုလန္ႏိုင္ငံရဲ႕ အေရာင္းဌာနဦးစီးျဖစ္တယ္လို႔ သိရပါတယ္။ အျခားတစ္ဦးကေတာ့ ဆက္သြယ္ေရးဝန္ေဆာင္မႈလုပ္ငန္းျဖစ္တဲ့ Orange Polska ရဲ႕ ဝန္ထမ္းျဖစ္ၿပီး ပိုလန္ႏိုင္ငံသားလို႔ သိရပါတယ္။ ဒီကုမၸဏီဟာ လာမယ့္မ်ိဳးဆက္သစ္ ကြန္ရက္ျဖစ္တဲ့ 5G ကြန္ရက္အတြက္ Huawei နဲ႔ လက္တြဲလုပ္ေဆာင္ခဲ့ပါေသးတယ္။

တ႐ုတ္အစိုးရဟာ Huawei ရဲ႕ပစၥည္းကိရိယာေတြကို သူလွ်ိဳလုပ္ငန္းမွာ အသုံးခ်ေနတယ္လို႔ သံသယျဖစ္ၿပီးတဲ့ေနာက္ ဒီဖမ္းဆီးမႈျဖစ္ေပၚခဲ့တာလည္း ျဖစ္ပါတယ္။ ပိုလန္အစိုးရကလည္း Huawei ပစၥည္းေတြကို သူတို႔ရဲ႕ ဆက္သြယ္ေရးကြန္ရက္ေတြမွာ အသုံးမျပဳဖို႔ ဆုံးျဖတ္ခဲ့ၾကပါတယ္။

အေမရိကန္ရဲ႕ တိုက္တြန္းလႈံ႕ေဆာ္မႈေၾကာင့္ ယူႏိုက္တက္ကင္းဒမ္း၊ ကေနဒါ၊ ၾသစေၾတးလ်၊ နယူးဇီလန္ စတဲ့ ငါးႏိုင္ငံအပါအဝင္ အျခားမဟာမိတ္ႏိုင္ငံအခ်ိဳ႕ကေတာ့ သူတို႔ရဲ႕ဆက္သြယ္ေရးကြန္ရက္ေတြမွာရွိတဲ့ Huawei ပစၥည္းကိရိယာေတြကို ဖယ္ရွားခဲ့ၾကၿပီးျဖစ္ပါတယ္။

Huawei လက္ရွိရင္ဆိုင္ေနရတဲ့ျပႆနာဟာ ကုန္သြယ္ေရးပိတ္ဆို႔မႈအျပင္ ႏိုင္ငံေရးေခါင္းစဥ္ေအာက္ပါ ေရာက္ရွိေနတာေၾကာင့္ ေျပလည္ေအာင္ေျဖရွင္းဖို႔ အေတာ္ေလးကို ရႈပ္ေထြးခက္ခဲေနတဲ့ အေနအထားပါ။ အထူးသျဖင့္ ဥေရာပရဲ႕ ထိပ္သီးႏိုင္ငံေတြ၊ အေမရိကန္လို အင္အားႀကီး ဓနသဟာရႏိုင္ငံေတြရဲ႕ တ႐ုတ္အစိုးအရေပၚ ထားရွိတဲ့ သံသယေတြကလည္း ထုထည္ႀကီးမားတာေၾကာင့္ ျဖစ္ပါတယ္။

Ref: The Verge

[Unicode]

ပိုလန်ရှိ Huawei ဝန်ထမ်းတစ်ဦး သူလျှိုမှုဖြင့် ဖမ်းဆီးခံရ

ပိုလန်ရဲ့ တာဝန်ရှိသူတွေဟာ Huawei ဝန်ထမ်းတစ်ဦးကို သူလျှိုအဖြစ် သံသယရှိမှုနဲ့ ဖမ်းဆီးထိမ်းသိမ်းခဲ့တယ်လို့ သိရပါတယ်။ ဒီလိုဖမ်းဆီးလိုက်တဲ့အကြောင်းကို ပိုလန်တီဗွီလိုင်း TVP နဲ့ BBC တို့ကလည်း ဖော်ပြခဲ့ကြပါတယ်။ ဒီဖြစ်ရပ်မှာ တရုတ်အစိုးရရဲ့ ခိုင်းစေမှုတွေလည်း ပါဝင်နေတယ်လို့ ပိုလန်တာဝန်ရှိသူတွေက ယူဆနေကြတာပါ။

သူလျှိုအဖြစ် ဖမ်းဆီးခဲ့တာကတော့ နှစ်ဦးဖြစ်ပါတယ်။ တစ်ဦးကတော့ တရုတ်အမျိုးသားဖြစ်ပြီး ပိုလန်နိုင်ငံရဲ့ အရောင်းဌာနဦးစီးဖြစ်တယ်လို့ သိရပါတယ်။ အခြားတစ်ဦးကတော့ ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းဖြစ်တဲ့ Orange Polska ရဲ့ ဝန်ထမ်းဖြစ်ပြီး ပိုလန်နိုင်ငံသားလို့ သိရပါတယ်။ ဒီကုမ္ပဏီဟာ လာမယ့်မျိုးဆက်သစ် ကွန်ရက်ဖြစ်တဲ့ 5G ကွန်ရက်အတွက် Huawei နဲ့ လက်တွဲလုပ်ဆောင်ခဲ့ပါသေးတယ်။

တရုတ်အစိုးရဟာ Huawei ရဲ့ပစ္စည်းကိရိယာတွေကို သူလျှိုလုပ်ငန်းမှာ အသုံးချနေတယ်လို့ သံသယဖြစ်ပြီးတဲ့နောက် ဒီဖမ်းဆီးမှုဖြစ်ပေါ်ခဲ့တာလည်း ဖြစ်ပါတယ်။ ပိုလန်အစိုးရကလည်း Huawei ပစ္စည်းတွေကို သူတို့ရဲ့ ဆက်သွယ်ရေးကွန်ရက်တွေမှာ အသုံးမပြုဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

အမေရိကန်ရဲ့ တိုက်တွန်းလှုံ့ဆော်မှုကြောင့် ယူနိုက်တက်ကင်းဒမ်း၊ ကနေဒါ၊ သြစတြေးလျ၊ နယူးဇီလန် စတဲ့ ငါးနိုင်ငံအပါအဝင် အခြားမဟာမိတ်နိုင်ငံအချို့ကတော့ သူတို့ရဲ့ဆက်သွယ်ရေးကွန်ရက်တွေမှာရှိတဲ့ Huawei ပစ္စည်းကိရိယာတွေကို ဖယ်ရှားခဲ့ကြပြီးဖြစ်ပါတယ်။

Huawei လက်ရှိရင်ဆိုင်နေရတဲ့ပြဿနာဟာ ကုန်သွယ်ရေးပိတ်ဆို့မှုအပြင် နိုင်ငံရေးခေါင်းစဉ်အောက်ပါ ရောက်ရှိနေတာကြောင့် ပြေလည်အောင်ဖြေရှင်းဖို့ အတော်လေးကို ရှုပ်ထွေးခက်ခဲနေတဲ့ အနေအထားပါ။ အထူးသဖြင့် ဥရောပရဲ့ ထိပ်သီးနိုင်ငံတွေ၊ အမေရိကန်လို အင်အားကြီး ဓနသဟာရနိုင်ငံတွေရဲ့ တရုတ်အစိုးအရပေါ် ထားရှိတဲ့ သံသယတွေကလည်း ထုထည်ကြီးမားတာကြောင့် ဖြစ်ပါတယ်။

Ref: The Verge