Zawgyi
Huawei Enjoy Max ကို အရောင်တွေ အနေနဲ့ Black, White, Brown ဆိုပြီး အရောင် ၃မျိုး ရွေးချယ်ဝယ်ယူနိုင်မှာပါ။ Enjoy Max ကို တရုတ်နိုင်ငံမှာ စတင်ရောင်းချသွားမယ့် ဈေးနှုန်းကတော့ RAM 4GB/ Storage 64GB မော်ဒယ်ကို တရုတ်ငွေ ၁၆၉၉ ယွမ် (မြန်မာငွေ ၄သိန်း ဝန်းကျင်)၊ RAM 4GB/ Storage 128GB မော်ဒယ်ကို တရုတ်ငွေ ၁၉၉၉ ယွမ် (မြန်မာငွေ ၄သိန်းခွဲ ဝန်းကျင်) နဲ့ ရောင်းချသွားမယ်လို့ သိရပါတယ်။
Ref:gadgets.ndtv
Unicode
Display ကြီးကြီး ကြိုက်သူများအတွက် Huawei Enjoy Max
Huawei အနေနဲ့ Enjoy Max စမတ်ဖုန်းကို တရုတ်နိုင်ငံမှာ မိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။ Enjoy Max ရဲ့ နောက်ကျောဘက် ဒီဇိုင်းကို Grip ပိုကောင်းစေမယ့် Leather-textured Design နဲ့ ဖန်တီးထားတာပါ။ ကမ္ဘာအနှံ့အပြားက စျေးကွက်တွေမှာတော့ Huawei Enjoy Max ကို Honor 8X Max နာမည်နဲ့ ရောင်းချနေတယ်လို့ သိရပါတယ်။
Huawei Enjoy Max Specifications
Display အပိုင်းအတွက် ၇.၁၂လက်မ မျက်နှာပြင် အကျယ်ရှိ FHD+ LCD Display ကို အသုံးပြုထားပြီး Resolution ကတော့ 1080 x 2244 pixels ရှိပါတယ်။ Processor အပိုင်းအတွက် Snapdragon 660 AIE SoC ကိုအသုံးပြုထားပြီး RAM 4GB/ Storage 64GB နဲ့ RAM 4GB/ Storage 128GB ဆိုပြီး ရွေးချယ်ဝယ်ယူနိုင်မှာပါ။
နောက်ကျောဘက် ကင်မရာ အပိုင်းအတွက် 16MP+2MP Camera တွေကို တပ်ဆင်ထားပြီး ရှေ့ဘက်မျက်နှာပြင်မှာတော့ 8MP Camera ကိုတပ်ဆင်ထားပါတယ်။ ဘက်ထရီ သိုလှောင်မှု ပမာဏ 5000mAh ပါဝင်ပြီး အလေးချိန်ကတော့ ၂၁၀ဂရမ် ရှိပါတယ်။
Huawei Enjoy Max ကို အရောင်တွေ အနေနဲ့ Black, White, Brown ဆိုပြီး အရောင် ၃မျိူး ရွေးချယ်ဝယ်ယူနိုင်မှာပါ။ Enjoy Max ကို တရုတ်နိုင်ငံမှာ စတင်ရောင်းချသွားမယ့် စျေးနှုန်းကတော့ RAM 4GB/ Storage 64GB မော်ဒယ်ကို တရုတ်ငွေ ၁၆၉၉ ယွမ် (မြန်မာငွေ ၄သိန်း ဝန်းကျင်)၊ RAM 4GB/ Storage 128GB မော်ဒယ်ကို တရုတ်ငွေ ၁၉၉၉ ယွမ် (မြန်မာငွေ ၄သိန်းခွဲ ဝန်းကျင်) နဲ့ ရောင်းချသွားမယ်လို့ သိရပါတယ်။