Huawei စမတ်ဖုန်းတွေဆိုရင် တရုတ်နိုင်ငံထုတ် စမတ်ဖုန်းတွေဖြစ်တဲ့အတွက် တရုတ် Software တွေပါမယ်ဆိုပြီးတော့ လူသိများနေကြတာဖြစ်ပါတယ်။ Huawei စမတ်ဖုန်းတွေကို Google ရဲ့ Pure Android နဲ့ အသုံးပြုနိုင်ရင်ကောင်းမယ်ဆိုပြီး စဉ်းစားမိတဲ့သူတွေလည်းရှိကြမှာပါ။

တကယ်လို့ အဲ့ဒီလိုမျိုး Google ရဲ့ Pure Android ကို အသုံးပြုထားတဲ့ Huawei စမတ်ဖုန်းကို မျှော်လင့်နေတဲ့သူတွေရှိတယ်ဆိုရင်တော့ သတင်းကောင်းတစ်ခုရှိလာပါပြီ။ ဘာဖြစ်လို့လဲဆိုရင် Google ရဲ့ Budget စမတ်ဖုန်းတွေအတွက် ရည်ရွယ်ပြီး ထုတ်လုပ်ထားတဲ့ Android Go OS ကို အသုံးပြုထားတဲ့ Huawei Y3 2018 စမတ်ဖုန်းကို ထုတ်လုပ်ပေးလိုက်တာကြောင့်ပဲဖြစ်ပါတယ်။

Huawei Y3 2018 စမတ်ဖုန်းက လုံးဝကို Budget စမတ်ဖုန်းတစ်ခုဖြစ်ပြီးတော့ MediaTek MT6737 Processor နဲ့အတူ RAM 1GB နဲ့ Storage 8GB ပါဝင်မှာဖြစ်ပြီးတော့ Storage ထပ်တိုးချင်တယ်ဆိုရင် MicroSD Card ကနေ ထပ်ပြီး တိုးချဲ့နိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

Huawei Y3 2018 စမတ်ဖုန်းက 5″ qHD Display ကို အသုံးပြုထားမှာဖြစ်ပြီးတော့ Camera အနေနဲ့လည်း 8MP Camera ပါဝင်မှာဖြစ်ပြီးတော့ Selfie Camera လည်းပါဝင်မှာပါ။ Battery အနေနဲ့ကတော့ 2280mAh Battery ပါဝင်မှာပါ။ ဈေးနှုန်းအနေနဲ့ကတော့ အတိအကျပြောကြားခဲ့ခြင်းမရှိပေမယ့် ဒေါ်လာ ၁၀၀ အောက်ပဲ ရှိမှာဖြစ်ပါတယ်။