[Zawgyi]

အေမရိကန္နဲ႔ တ႐ုတ္တို႔ရဲ႕ ကုန္သြယ္ေရးစစ္ပြဲၾကားမွာ Huawei ဟာ အထိခိုက္အနစ္နာဆုံး တ႐ုတ္နည္းပညာကုမၸဏီတစ္ခုလို ျဖစ္ေနတာ အားလုံးလည္း အသိပဲ ျဖစ္ပါတယ္။ အေမရိကန္နဲ႔ အျခားမဟာမိတ္ ႏိုင္ငံေတြဟာ ႏိုင္ငံလုံၿခဳံေရး အေၾကာင္းျပခ်က္နဲ႔ Huawei ရဲ႕ ပစၥည္းကိရိယာေတြကို အသုံးျပဳဖို႔ ျငင္းပယ္ခဲ့ေပမယ့္ တ႐ုတ္ကုမၸဏီဘက္ကေတာ့ စြပ္စြဲခ်က္ေတြကို တရားဝင္ တုံ႔ျပန္ေျဖရွင္းမႈ မျပဳဘဲ ၿငိမ္သက္ေနခဲ့ပါတယ္။

ၿပီးခဲ့တဲ့ရက္ကေတာ့ Huawei ရဲ႕ တည္ေထာင္သူတစ္ဦးျဖစ္တဲ့ Ren Zhengfei (ရင္က်န႔္ေဖး) ဟာ ေလးႏွစ္တာ ကာလအတြင္း ပထမဆုံးအႀကိမ္အျဖစ္ ႏိုင္ငံျခားမီဒီယာေတြအတြက္ အမ်ားသိေစရန္ထုတ္ျပန္ခ်က္ကို ျပဳလုပ္ခဲ့ပါတယ္။ ရန္က်န႔္ေဖးဟာ အေမရိကန္သမၼတ ေဒၚနယ္ထရန႔္ကို ခ်ီးမြမ္းခဲ့ေပမယ့္ သူ႔ရဲ႕ ကုမၸဏီဟာ တ႐ုတ္အစိုးရအတြက္ လုပ္ေဆာင္ေပးခဲ့တယ္ဆိုတဲ့ စြပ္စြဲခ်က္ကိုေတာ့ ျငင္းပယ္သြားခဲ့တာပဲ ျဖစ္ပါတယ္။

“ကြၽန္ေတာ့္ႏိုင္ငံကို ကြၽန္ေတာ္ ခ်စ္ပါတယ္။ ကြန္ျမဴနစ္ပါတီကို ေထာက္ပံ့ေပးပါတယ္။ ဒါေပမယ့္ ကမာၻႀကီးထိခိုက္နစ္နာမယ့္ ကိစၥမ်ိဳးေတာ့ ဘာတစ္ခုမွ လုပ္မွာမဟုတ္ပါဘူး” လို႔ တ႐ုတ္ျပည္သူ႔လြတ္ေျမာက္ေရးတပ္မေတာ္ အရာရွိေဟာင္း ရန္ က သတင္းေထာက္ေတြကို ေျပာပါတယ္။ “ကြၽန္ေတာ့္ရဲ႕ ပုဂၢလိက ခံယူခ်က္၊ ႏိုင္ငံေရးယုံၾကည္ခ်က္ေတြနဲ႔ Huawei ရဲ႕ လုပ္ငန္းကိစၥေတြ နီးကပ္စပ္ဆက္ေနတာကို မေတြ႕မိပါဘူး” လို႔လည္း ထပ္မံ ေျပာဆိုသြားခဲ့ပါတယ္။

ရန္ဟာ ျပည္ပမီဒီယာေတြနဲ႔ ေတြ႕ဆုံမႈကို လြန္ခဲ့တဲ့ ၂၀၁၅ ခုႏွစ္တုန္းက ေနာက္ဆုံးအႀကိမ္အျဖစ္ျပဳလုပ္ခဲ့ဖူးၿပီး ၾကားကာလေတြမွာေတာ့ တိတ္တဆိတ္သာ ရွိေနခဲ့သူ ျဖစ္ပါတယ္။ Huawei ကုမၸဏီရဲ႕ အက်ပ္အတည္းေတြနဲ႔ ရင္ဆိုင္ေနရခ်ိန္ အေစာပိုင္းကာလေတြမွာလည္း ႏႈတ္ဆိတ္ေနခဲ့ၿပီး အခုမွ စတင္လႈပ္ရွားလာခဲ့တာ ျဖစ္ပါတယ္။

ဒါ့အျပင္ Bloomberg ရဲ႕ ေဖာ္ျပမႈအရ ရန္ဟာ Huawei CFO မုန႔္ဝမ့္က်ိဳးရဲ႕ ကိစၥအေပၚ တစ္စုံတစ္ရာ ဝင္ေရာက္စြက္ဖက္လာမယ့္အခ်ိန္ကိုလည္း ေစာင့္ဆိုင္းေနတယ္လို႔ သိရပါတယ္။ ေဒၚနယ္ထရမ့္ကလည္း သူ႔အေနနဲ႔ ဒီအမႈမွာ ၾကားဝင္ျဖန္ေျဖေပးႏိုင္ေျခရွိတယ္လို႔ ေျပာခဲ့ဖူးတာ ျဖစ္ပါတယ္။

Ref: The Verge

[Unicode]

Huawei တည်ထောင်သူဟာ ဒေါ်နယ်ထရမ့်ကို ချီးမွမ်းပြီး သူလျှိုကိစ္စကို ငြင်းပယ်ခဲ့

အမေရိကန်နဲ့ တရုတ်တို့ရဲ့ ကုန်သွယ်ရေးစစ်ပွဲကြားမှာ Huawei ဟာ အထိခိုက်အနစ်နာဆုံး တရုတ်နည်းပညာကုမ္ပဏီတစ်ခုလို ဖြစ်နေတာ အားလုံးလည်း အသိပဲ ဖြစ်ပါတယ်။ အမေရိကန်နဲ့ အခြားမဟာမိတ် နိုင်ငံတွေဟာ နိုင်ငံလုံခြုံရေး အကြောင်းပြချက်နဲ့ Huawei ရဲ့ ပစ္စည်းကိရိယာတွေကို အသုံးပြုဖို့ ငြင်းပယ်ခဲ့ပေမယ့် တရုတ်ကုမ္ပဏီဘက်ကတော့ စွပ်စွဲချက်တွေကို တရားဝင် တုံ့ပြန်ဖြေရှင်းမှု မပြုဘဲ ငြိမ်သက်နေခဲ့ပါတယ်။

ပြီးခဲ့တဲ့ရက်ကတော့ Huawei ရဲ့ တည်ထောင်သူတစ်ဦးဖြစ်တဲ့ Ren Zhengfei (ရင်ကျန့်ဖေး) ဟာ လေးနှစ်တာ ကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် နိုင်ငံခြားမီဒီယာတွေအတွက် အများသိစေရန်ထုတ်ပြန်ချက်ကို ပြုလုပ်ခဲ့ပါတယ်။ ရန်ကျန့်ဖေးဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ကို ချီးမွမ်းခဲ့ပေမယ့် သူ့ရဲ့ ကုမ္ပဏီဟာ တရုတ်အစိုးရအတွက် လုပ်ဆောင်ပေးခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်ကိုတော့ ငြင်းပယ်သွားခဲ့တာပဲ ဖြစ်ပါတယ်။

“ကျွန်တော့်နိုင်ငံကို ကျွန်တော် ချစ်ပါတယ်။ ကွန်မြူနစ်ပါတီကို ထောက်ပံ့ပေးပါတယ်။ ဒါပေမယ့် ကမ္ဘာကြီးထိခိုက်နစ်နာမယ့် ကိစ္စမျိုးတော့ ဘာတစ်ခုမှ လုပ်မှာမဟုတ်ပါဘူး” လို့ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် အရာရှိဟောင်း ရန် က သတင်းထောက်တွေကို ပြောပါတယ်။ “ကျွန်တော့်ရဲ့ ပုဂ္ဂလိက ခံယူချက်၊ နိုင်ငံရေးယုံကြည်ချက်တွေနဲ့ Huawei ရဲ့ လုပ်ငန်းကိစ္စတွေ နီးကပ်စပ်ဆက်နေတာကို မတွေ့မိပါဘူး” လို့လည်း ထပ်မံ ပြောဆိုသွားခဲ့ပါတယ်။

ရန်ဟာ ပြည်ပမီဒီယာတွေနဲ့ တွေ့ဆုံမှုကို လွန်ခဲ့တဲ့ ၂၀၁၅ ခုနှစ်တုန်းက နောက်ဆုံးအကြိမ်အဖြစ်ပြုလုပ်ခဲ့ဖူးပြီး ကြားကာလတွေမှာတော့ တိတ်တဆိတ်သာ ရှိနေခဲ့သူ ဖြစ်ပါတယ်။ Huawei ကုမ္ပဏီရဲ့ အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရချိန် အစောပိုင်းကာလတွေမှာလည်း နှုတ်ဆိတ်နေခဲ့ပြီး အခုမှ စတင်လှုပ်ရှားလာခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် Bloomberg ရဲ့ ဖော်ပြမှုအရ ရန်ဟာ Huawei CFO မုန့်ဝမ့်ကျိုးရဲ့ ကိစ္စအပေါ် တစ်စုံတစ်ရာ ဝင်ရောက်စွက်ဖက်လာမယ့်အချိန်ကိုလည်း စောင့်ဆိုင်းနေတယ်လို့ သိရပါတယ်။ ဒေါ်နယ်ထရမ့်ကလည်း သူ့အနေနဲ့ ဒီအမှုမှာ ကြားဝင်ဖြန်ဖြေပေးနိုင်ခြေရှိတယ်လို့ ပြောခဲ့ဖူးတာ ဖြစ်ပါတယ်။

Ref: The Verge