[Zawgyi]

ကမာၻ႔ဦးေဆာင္မိုဘိုင္းလ္ဆက္သြယ္ေရးနယ္ပယ္တစ္ခုလုံးက စိတ္ဝင္တစားနဲ႔ ေစာင့္ၾကည့္ေနၾကတဲ့ တ႐ုတ္နည္းပညာကုမၸဏီႀကီး Huawei ရဲ႕ ထုတ္ကုန္ပစၥည္းေတြ တားျမစ္ပိတ္ပင္ခံေနရတဲ့ကိစၥရပ္နဲ႔ ပတ္သက္လို႔ အျငင္းပြားဖြယ္ရာေတြကို အဆုံးသတ္လိုက္တဲ့အေနနဲ႔ နယ္ပယ္ထဲက ဘယ္စက္ပစၥည္းကိရိယာေထာက္ပံ့သူကိုမွ ပိတ္ပင္တားျမစ္ခ်င္တဲ့ဆႏၵေရာ၊ အဲ့လိုပိတ္ပင္ တားျမစ္ႏိုင္စြမ္းေရာ မရွိပါဘူးလို႔ GSMA က စင္ဟြာကို ေျပာၾကားခဲ့ပါတယ္။

“Groupe Speciale Mobile (GSM)” အျဖစ္နဲ႔ စတင္ခဲ့တဲ့ GSMA ေခၚ GSM အဖြဲ႕အစည္းကို ဥေရာပတခြင္လုံးရဲ႕ မိုဘိုင္းလ္နည္းပညာနယ္ပယ္အတြက္ ပုံေဖာ္ေပးဖို႔ဆိုတဲ့ ရည္႐ြယ္ခ်က္နဲ႔ ၁၉၈၂ ခုႏွစ္ကတည္းက ဥေရာပ စာတိုက္နဲ႔ ဆက္သြယ္ေရး မဟာမိတ္အဖြဲ႕က စတင္ဖြဲ႕စည္းခဲ့တာပါ။

လက္ရွိမွာ ဒီအဖြဲ႕အစည္းက ပိုက်ယ္ျပန႔္လာတဲ့ မိုဘိုင္းလ္ဆက္သြယ္ေရးနယ္ပယ္ထဲက ကုမၸဏီေပါင္း ၃၅၀ ေက်ာ္နဲ႔ ေအာ္ပေရတာေပါင္း ၇၅၀ေက်ာ္ စုစည္းပါဝင္ေနၿပီး ကမာၻအႏွံ႔အျပားက မိုဘိုင္းလ္ေအာ္ပေရတာေတြရဲ႕ အက်ိဳးစီးပြားအတြက္ ကိုယ္စားျပဳ ေဆာင္႐ြက္ေနသလို ဘာစီလိုနာနဲ႔အျခားၿမိဳ႕ေတြမွာ ႏွစ္စဥ္က်င္းပလွ်က္ရွိတဲ့ Mobile World Congress (MWC) လို နယ္ပယ္တစ္ခုလုံးနဲ႔ သက္ဆိုင္တဲ့ အခမ္းအနားပြဲေတြကိုလည္း ဦးေဆာင္က်င္းပေပးေနတာလည္း ျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီ ၂ ရက္ေန႔တုန္းက ႐ိုက္တာသတင္းဌာနကေနၿပီး “မိုဘိုင္းလ္ကြန္ရက္ေအာ္ပေရတာေတြရဲ႕ အဖြဲ႕အစည္း GSMA က Huawei ရဲ႕ ေဘးက်ပ္နံက်ပ္အေရးနဲ႔ ပတ္သက္လို႔ ေဆြးေႏြးမႈလုပ္ဖို႔ ဆုံးျဖတ္လိုက္တယ္” ဆိုတဲ့ အထူးသတင္းတစ္ပုဒ္ကို ေရးသားျဖန႔္ခ်ိလိုက္ပါတယ္။

ဒါေပမယ့္ GSMA ဟာ Huawei ရဲ႕ ထုတ္ကုန္ေတြကို ပိတ္ပင္ဖို႔အႀကံျပဳတယ္ဆိုတဲ့ Reuters ရဲ႕ ေရးသားခ်က္ အပိုင္းအစတစ္ခုတည္းအေပၚကို အေျခခံၿပီး သတင္းေရးသားၾကတဲ့ အခ်ိဳ႕ေသာ အဂၤလိပ္၊ တ႐ုတ္ မီဒီယာေတြ ေၾကာင့္လည္း ႐ိုက္တာရဲ႕ သတင္းက ပိုရႈပ္ေထြးသြားရတာပါ။

ဥပမာေျပာရရင္ အဂၤလိပ္ဘာသာနဲ႔ထုတ္ေဝတဲ့ Taiwan News က ေဖေဖာ္ဝါရီ ၃ ရက္ေန႔မွာ ေရးသားေဖာ္ျပခဲ့တဲ့ “လုံၿခဳံေရးအတြက္ စိုးရိမ္ပူပန္မႈေတြကို ေရွာင္ရွားဖို႔ရာ Huawei ရဲ႕ 5G ထုတ္ကုန္ေတြကို တားျမစ္ပိတ္ပင္ဖို႔ စၿပီးေဆြးေႏြးသင့္တယ္လို႔ GSMA က သူ႔ရဲ႕အဖြဲ႕ဝင္ေတြကို ဥေရာပသမဂၢမွာ တိုက္တြန္းခဲ့တယ္” ဆိုတဲ့ သတင္း မ်ိဳးပါ။ ဒီသတင္းကို ေဖေဖာ္ဝါရီလ ၁၁ ရက္ေန႔အထိ အင္တာနက္ေပၚမွာ ဖတ္ရႈႏိုင္ပါေသးတယ္။

တ႐ုတ္ဘာသာနဲ႔ေရးသားေဖာ္ျပတဲ့ မီဒီယာအဝန္းအဝိုင္းမွာလည္း ဒီျဖစ္ဆင္နဲ႔ ဆင္တူ႐ိုးမွားသတင္းအမွားေတြ ရွိေနပါေသးတယ္။ တ႐ုတ္ဘာသာနဲ႔တင္ဆက္ေနတဲ့ VOA ဝက္ဘ္ဆိုက္ကလည္း “Huawei ထုတ္ကုန္ေတြကို ဆက္လက္တားျမစ္သြားဖို႔ GSMA က ဥေရာပကို အႀကံျပဳထား” ဆိုတဲ့ ေခါင္းစဥ္နဲ႔သတင္းတစ္ပုဒ္ ကို ေရးသား ခဲ့ပါတယ္။ အခုေတာ့ ဒီသတင္းကို VOA ဝက္ဘ္ဆိုက္က ပယ္ဖ်က္လိုက္ပါၿပီ။ “GSMA က Huawei ကို တားျမစ္ ပိတ္ပင္ဖို႔ လုပ္ေဆာင္ေနတယ္ဆိုတဲ့ ႐ိုက္တာရဲ႕ မူရင္းသတင္းက မမွန္ပါဘူး” လို႔ GSMA ျပည္သူ႔ဆက္ဆံေရး ဌာနရဲ႕ ဒါ႐ိုက္တာ Gareth Davies က ၿပီးခဲ့တဲ့တနဂၤေႏြေန႔မွာ စင္ဟြာကို အီးေမးလ္ပို႔ခဲ့ပါတယ္။

အဲ့ဒီေနာက္မွာ GSMA က ႐ိုက္တာကို ဆက္သြယ္ၿပီး သတင္းကို ျပင္ေပးဖို႔ ေျပာခဲ့ပါတယ္။ GSMA က ဘယ္ စက္ပစၥည္းေထာက္ပံ့သူကိုမွ နယ္ပယ္ထဲကေန တားျမစ္ပိတ္ပင္သြားဖို႔ဆႏၵေရာ အဲ့လိုတားျမစ္ပိတ္ပင္ႏိုင္စြမ္း လည္း မရွိဘူးလား ဆိုတဲ့ စင္ဟြာရဲ႕ေမးခြန္းကိုေတာ့ Davies က “ဟုတ္ပါတယ္” လို႔ ျပန္ေျဖခဲ့ပါတယ္။

“GSMA က ကမာၻ႔မိုဘိုင္းလ္ဆက္သြယ္ေရးနယ္ပယ္တစ္ခုလုံးရဲ႕ အက်ိဳးစီးပြားအတြက္ ကိုယ္စားျပဳေဆာင္႐ြက္ ေနတာပါ။တခ်ိဳ႕ထုတ္လုပ္သူေတြရဲ႕ထုတ္ကုန္ေတြကို တားျမစ္ျခင္းက ကမာၻ႔မိုဘိုင္းဆက္သြယ္ေရးနယ္ပယ္ အေပၚ ဘယ္လိုအက်ိဳးသက္ေရာက္ေစမလဲဆိုတာကို အနီးကပ္ေစာင့္ၾကည့္ေနပါတယ္။ မိုဘိုင္းလ္နဲ႔ဒီဂ်စ္တယ္ နည္းပညာေတြ တိုးတက္လာမႈကေန လူတစ္ဦးတစ္ေယာက္ခ်င္းစီ၊ စီးပြားေရးလုပ္ငန္းေတြနဲ႔ အစိုးရေတြကို ဆက္လက္အက်ိဳးျပဳေစဖို႔ နယ္ပယ္တြင္းမွာ ၿပိဳင္ဆိုင္မႈေတြ၊ ဆန္းသစ္တီထြင္မႈေတြနဲ႔ စံႏႈန္းေတြကို အားေပးပါတယ္” လို႔ Davies က ထည့္သြင္းေရးသားခဲ့ပါေသးတယ္။

႐ိုက္တာက ေရးသားထားတဲ့ “Huaweiရဲ႕ေဘးက်ပ္နံက်ပ္အေရးေဆြးေႏြးပြဲ” ဆိုတာအတြက္လည္း ေဆြးေႏြးပြဲ အစီအစဥ္ကို အခုထိမဆုံးျဖတ္ရေသးပါဘူး။ ဒီလိုေဆြးေႏြးပြဲမ်ိဳးေတြကို ေအာ္ပေရတာဘုတ္အဖြဲ႕ဝင္ေတြအတြက္ MWC ပြဲမွာ ႏွစ္တိုင္းထည့္သြင္းက်င္းပပါတယ္ လို႔လည္း သူက ဆိုပါတယ္။

GSMAဘုတ္အဖြဲ႕မွာ ေအာ္ပေရတာအုပ္စုအႀကီးဆုံးကေန ေအာ္ပေရတာအငယ္ေလးေတြအထိ အားလုံးပါဝင္တဲ့ ကမာၻ႔ကိုယ္စားျပဳ အဖြ႕ဲဝင္ ၂၆ ေယာက္ပါဝင္ပါတယ္။ အဖြဲ႕ဝင္ေတြထဲမွာ Orange၊Destsche Telekom၊ Verizon နဲ႔ တ႐ုတ္ေအာ္ပေရတာေတြလို နာမည္ႀကီးကုမၸဏီေတြရဲ႕ အႀကီးတန္းအရာရွိေတြ ပါဝင္ပါတယ္။

“ေဆြးေႏြးပြဲအတြက္ ဘာသေဘာတူညီခ်က္မွ ခ်မွတ္ထားတာမရွိလို႔ ဘာေတြေဆြးေႏြးျဖစ္ၾကမလဲဆိုတာကို ကြၽန္ေတာ္ တပ္အပ္မေျပာႏိုင္ပါဘူး” လို႔ Davies က ဆိုပါတယ္။

Ref : XinhuaNet

[Unicode]

Huawei ကို တားမြစ်ပိတ်ပင်ဖို့တစ်ခါမျှ မကြိုးစားခဲ့ဘူးကြောင်း GSMA တာဝန်ရှိသူမှ ပြောကြား

ကမ္ဘာ့ဦးဆောင်မိုဘိုင်းလ်ဆက်သွယ်ရေးနယ်ပယ်တစ်ခုလုံးက စိတ်ဝင်တစားနဲ့ စောင့်ကြည့်နေကြတဲ့ တရုတ်နည်းပညာကုမ္ပဏီကြီး Huawei ရဲ့ ထုတ်ကုန်ပစ္စည်းတွေ တားမြစ်ပိတ်ပင်ခံနေရတဲ့ကိစ္စရပ်နဲ့ ပတ်သက်လို့ အငြင်းပွားဖွယ်ရာတွေကို အဆုံးသတ်လိုက်တဲ့အနေနဲ့ နယ်ပယ်ထဲက ဘယ်စက်ပစ္စည်းကိရိယာထောက်ပံ့သူကိုမှ ပိတ်ပင်တားမြစ်ချင်တဲ့ဆန္ဒရော၊ အဲ့လိုပိတ်ပင် တားမြစ်နိုင်စွမ်းရော မရှိပါဘူးလို့ GSMA က စင်ဟွာကို ပြောကြားခဲ့ပါတယ်။

“Groupe Speciale Mobile (GSM)” အဖြစ်နဲ့ စတင်ခဲ့တဲ့ GSMA ခေါ် GSM အဖွဲ့အစည်းကို ဥရောပတခွင်လုံးရဲ့ မိုဘိုင်းလ်နည်းပညာနယ်ပယ်အတွက် ပုံဖော်ပေးဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ၁၉၈၂ ခုနှစ်ကတည်းက ဥရောပ စာတိုက်နဲ့ ဆက်သွယ်ရေး မဟာမိတ်အဖွဲ့က စတင်ဖွဲ့စည်းခဲ့တာပါ။

လက်ရှိမှာ ဒီအဖွဲ့အစည်းက ပိုကျယ်ပြန့်လာတဲ့ မိုဘိုင်းလ်ဆက်သွယ်ရေးနယ်ပယ်ထဲက ကုမ္ပဏီပေါင်း ၃၅၀ ကျော်နဲ့ အော်ပရေတာပေါင်း ၇၅၀ကျော် စုစည်းပါဝင်နေပြီး ကမ္ဘာအနှံ့အပြားက မိုဘိုင်းလ်အော်ပရေတာတွေရဲ့ အကျိုးစီးပွားအတွက် ကိုယ်စားပြု ဆောင်ရွက်နေသလို ဘာစီလိုနာနဲ့အခြားမြို့တွေမှာ နှစ်စဉ်ကျင်းပလျှက်ရှိတဲ့ Mobile World Congress (MWC) လို နယ်ပယ်တစ်ခုလုံးနဲ့ သက်ဆိုင်တဲ့ အခမ်းအနားပွဲတွေကိုလည်း ဦးဆောင်ကျင်းပပေးနေတာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂ ရက်နေ့တုန်းက ရိုက်တာသတင်းဌာနကနေပြီး “မိုဘိုင်းလ်ကွန်ရက်အော်ပရေတာတွေရဲ့ အဖွဲ့အစည်း GSMA က Huawei ရဲ့ ဘေးကျပ်နံကျပ်အရေးနဲ့ ပတ်သက်လို့ ဆွေးနွေးမှုလုပ်ဖို့ ဆုံးဖြတ်လိုက်တယ်” ဆိုတဲ့ အထူးသတင်းတစ်ပုဒ်ကို ရေးသားဖြန့်ချိလိုက်ပါတယ်။

ဒါပေမယ့် GSMA ဟာ Huawei ရဲ့ ထုတ်ကုန်တွေကို ပိတ်ပင်ဖို့အကြံပြုတယ်ဆိုတဲ့ Reuters ရဲ့ ရေးသားချက် အပိုင်းအစတစ်ခုတည်းအပေါ်ကို အခြေခံပြီး သတင်းရေးသားကြတဲ့ အချို့သော အင်္ဂလိပ်၊ တရုတ် မီဒီယာတွေ ကြောင့်လည်း ရိုက်တာရဲ့ သတင်းက ပိုရှုပ်ထွေးသွားရတာပါ။

ဥပမာပြောရရင် အင်္ဂလိပ်ဘာသာနဲ့ထုတ်ဝေတဲ့ Taiwan News က ဖေဖော်ဝါရီ ၃ ရက်နေ့မှာ ရေးသားဖော်ပြခဲ့တဲ့ “လုံခြုံရေးအတွက် စိုးရိမ်ပူပန်မှုတွေကို ရှောင်ရှားဖို့ရာ Huawei ရဲ့ 5G ထုတ်ကုန်တွေကို တားမြစ်ပိတ်ပင်ဖို့ စပြီးဆွေးနွေးသင့်တယ်လို့ GSMA က သူ့ရဲ့အဖွဲ့ဝင်တွေကို ဥရောပသမဂ္ဂမှာ တိုက်တွန်းခဲ့တယ်” ဆိုတဲ့ သတင်း မျိုးပါ။ ဒီသတင်းကို ဖေဖော်ဝါရီလ ၁၁ ရက်နေ့အထိ အင်တာနက်ပေါ်မှာ ဖတ်ရှုနိုင်ပါသေးတယ်။

တရုတ်ဘာသာနဲ့ရေးသားဖော်ပြတဲ့ မီဒီယာအဝန်းအဝိုင်းမှာလည်း ဒီဖြစ်ဆင်နဲ့ ဆင်တူရိုးမှားသတင်းအမှားတွေ ရှိနေပါသေးတယ်။ တရုတ်ဘာသာနဲ့တင်ဆက်နေတဲ့ VOA ဝက်ဘ်ဆိုက်ကလည်း “Huawei ထုတ်ကုန်တွေကို ဆက်လက်တားမြစ်သွားဖို့ GSMA က ဥရောပကို အကြံပြုထား” ဆိုတဲ့ ခေါင်းစဉ်နဲ့သတင်းတစ်ပုဒ် ကို ရေးသား ခဲ့ပါတယ်။ အခုတော့ ဒီသတင်းကို VOA ဝက်ဘ်ဆိုက်က ပယ်ဖျက်လိုက်ပါပြီ။ “GSMA က Huawei ကို တားမြစ် ပိတ်ပင်ဖို့ လုပ်ဆောင်နေတယ်ဆိုတဲ့ ရိုက်တာရဲ့ မူရင်းသတင်းက မမှန်ပါဘူး” လို့ GSMA ပြည်သူ့ဆက်ဆံရေး ဌာနရဲ့ ဒါရိုက်တာ Gareth Davies က ပြီးခဲ့တဲ့တနင်္ဂနွေနေ့မှာ စင်ဟွာကို အီးမေးလ်ပို့ခဲ့ပါတယ်။

အဲ့ဒီနောက်မှာ GSMA က ရိုက်တာကို ဆက်သွယ်ပြီး သတင်းကို ပြင်ပေးဖို့ ပြောခဲ့ပါတယ်။ GSMA က ဘယ် စက်ပစ္စည်းထောက်ပံ့သူကိုမှ နယ်ပယ်ထဲကနေ တားမြစ်ပိတ်ပင်သွားဖို့ဆန္ဒရော အဲ့လိုတားမြစ်ပိတ်ပင်နိုင်စွမ်း လည်း မရှိဘူးလား ဆိုတဲ့ စင်ဟွာရဲ့မေးခွန်းကိုတော့ Davies က “ဟုတ်ပါတယ်” လို့ ပြန်ဖြေခဲ့ပါတယ်။

“GSMA က ကမ္ဘာ့မိုဘိုင်းလ်ဆက်သွယ်ရေးနယ်ပယ်တစ်ခုလုံးရဲ့ အကျိုးစီးပွားအတွက် ကိုယ်စားပြုဆောင်ရွက် နေတာပါ။တချို့ထုတ်လုပ်သူတွေရဲ့ထုတ်ကုန်တွေကို တားမြစ်ခြင်းက ကမ္ဘာ့မိုဘိုင်းဆက်သွယ်ရေးနယ်ပယ် အပေါ် ဘယ်လိုအကျိုးသက်ရောက်စေမလဲဆိုတာကို အနီးကပ်စောင့်ကြည့်နေပါတယ်။ မိုဘိုင်းလ်နဲ့ဒီဂျစ်တယ် နည်းပညာတွေ တိုးတက်လာမှုကနေ လူတစ်ဦးတစ်ယောက်ချင်းစီ၊ စီးပွားရေးလုပ်ငန်းတွေနဲ့ အစိုးရတွေကို ဆက်လက်အကျိုးပြုစေဖို့ နယ်ပယ်တွင်းမှာ ပြိုင်ဆိုင်မှုတွေ၊ ဆန်းသစ်တီထွင်မှုတွေနဲ့ စံနှုန်းတွေကို အားပေးပါတယ်” လို့ Davies က ထည့်သွင်းရေးသားခဲ့ပါသေးတယ်။

ရိုက်တာက ရေးသားထားတဲ့ “Huaweiရဲ့ဘေးကျပ်နံကျပ်အရေးဆွေးနွေးပွဲ” ဆိုတာအတွက်လည်း ဆွေးနွေးပွဲ အစီအစဉ်ကို အခုထိမဆုံးဖြတ်ရသေးပါဘူး။ ဒီလိုဆွေးနွေးပွဲမျိုးတွေကို အော်ပရေတာဘုတ်အဖွဲ့ဝင်တွေအတွက် MWC ပွဲမှာ နှစ်တိုင်းထည့်သွင်းကျင်းပပါတယ် လို့လည်း သူက ဆိုပါတယ်။

GSMAဘုတ်အဖွဲ့မှာ အော်ပရေတာအုပ်စုအကြီးဆုံးကနေ အော်ပရေတာအငယ်လေးတွေအထိ အားလုံးပါဝင်တဲ့ ကမ္ဘာ့ကိုယ်စားပြု အဖွ့ဲဝင် ၂၆ ယောက်ပါဝင်ပါတယ်။ အဖွဲ့ဝင်တွေထဲမှာ Orange၊Destsche Telekom၊ Verizon နဲ့ တရုတ်အော်ပရေတာတွေလို နာမည်ကြီးကုမ္ပဏီတွေရဲ့ အကြီးတန်းအရာရှိတွေ ပါဝင်ပါတယ်။

“ဆွေးနွေးပွဲအတွက် ဘာသဘောတူညီချက်မှ ချမှတ်ထားတာမရှိလို့ ဘာတွေဆွေးနွေးဖြစ်ကြမလဲဆိုတာကို ကျွန်တော် တပ်အပ်မပြောနိုင်ပါဘူး” လို့ Davies က ဆိုပါတယ်။

Ref : XinhuaNet