Huawei က လက်ရှိအင်အားအကြီးဆုံး စမတ်ဖုန်းထုတ်လုပ်သူတွေဖြစ်တဲ့ Samsung နဲ့ Apple တို့ကို ယှဉ်ပြိုင်ဖို့ ကြိုးစားနေတာပဲဖြစ်ပါတယ်။ ယခုနှစ် အခု တတိယ ၃ လပတ်ရောက်ရှိတဲ့အချိန်မှာတော့ Huawei ဟာ အခြေအနေတော်တော်ကိုကောင်းနေပြီးတော့ ဖုန်းအလုံးရေ သန်း ၁၀၀ အထိ ရောင်းချပြီးဖြစ်တယ်လို့ သိရပါတယ်။

Huawei ဟာဆိုရင် ပြီးခဲ့တဲ့ ဂျွန်လ နဲ့ ဂျူလိုင်လတုန်းကဆိုရင် Apple ကို ကျော်တက်ပြီး ဒုတိယအကြီးမားဆုံး စမတ်ဖုန်းထုတ်လုပ်သူနေရာကိုတောင် ခတ္တရရှိသွားခဲ့သေးတာဖြစ်ပါတယ်။ အဲ့ဒီအတွက် Huawei ရဲ့ အောင်မြင်တဲ့အနာဂတ်ကို မြင်ရဖို့ သိပ်မလိုတော့ဘူးလို့ ပြောနိုင်မှာပါ။

Huawei ဟာ လာမယ့်နှစ်အတွက်လည်း အစီအစဉ်တွေစတင်ပြုလုပ်နေပြီး ခေါက်သိမ်းနိုင်တဲ့ စမတ်ဖုန်းအသစ်တစ်မျိုးကိုလည်း မိတ်ဆက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ Huawei ရဲ့  CEO ဖြစ်တဲ့ Richard Yu ကတော့ နောက်နှစ်မှာ လက်ရှိ Samsung နဲ့ Apple တို့ကို ကျိန်းသေကျော်လွှားမယ်လို့ ပြောကြားခဲ့ပါသေးတယ်။

Richard Yu ကနောက်ထပ် Huawei ဟာ ဥရောပတစ်ခွင်ကို ဖြန့်ချိသွားမယ့် အစီအစဉ်ကိုလည်းပြောကြားခဲ့ပြီး အခုအချိန်မှာ Huawei အတွက်တကမ္ဘာလုံးမှာ အလုပ်လုပ်ကိုင်နေတဲ့ ဝန်ထမ်းဦးရေ ၁၀၀၀၀ ကျော်ရှိနေပြီဖြစ်ကြောင်း ပြောခဲ့ပါသေးတယ်။

Huawei ဟာ လက်ရှိအချိန်မှာ P Series နဲ့ Mate Series ဖုန်းတွေနဲ့ ဈေးကွက်မှာ အောင်မြင်မှုရရှိနေပြီးတော့ တကယ်ကမ္ဘာ့အကောင်းဆုံး စမတ်ဖုန်းထုတ်လုပ်သူနေရာကို ရယူနိုင်မလားဆိုတာကတော့ ဆက်လက်စောင့်ကြည့်ရမှာပါ။