တစ္ႏွစ္တစ္ခါ ထြက္လာျမဲျဖစ္တဲ့ အုိင္ဖုန္းအသစ္ကို နာရီေပါင္းမ်ားစြာ တန္းစီဝယ္ယူတဲ့ ဓေလ့က ၾကာခဲ့ပါျပီ။ ဒီႏွစ္မွာလည္း iPhone XS ထြက္လာမယ့္အခ်ိန္ကို စင္ကာပူက အုိင္ဖုန္းပရိသတ္ေတြ ေစာင့္ဆုိင္းေနခ်ိန္မွာ ထူးျခားတဲ့ ျဖစ္ရပ္တစ္ခု ျဖစ္ခဲ့ပါတယ္။

အဲ့ဒါကေတာ့ ျပိဳင္ဘက္စမတ္ဖုန္းထုတ္လုပ္သူ Huawei က အုိင္ဖုန္းဝယ္ဖို႔ ေစာင့္ဆုိင္းေနတဲ့ သူေတြကို Power Bank အလုံးႏွစ္ရာေက်ာ္ လိုက္ေဝေပးခဲ့တာပါ။ ေနာက္ျပီး ေဝေပးခဲ့တဲ့ Power Bank ေတြကလည္း အငယ္စား 4000 mAh ေတြမဟုတ္ဘဲ 10,000 mAh ပမာဏရွိတဲ့ Power Bank အၾကီးေတြ ျဖစ္တယ္လို႔ သိရပါတယ္။

အဆုိပါ Power Bank ေတြရဲ႕ ပါကင္ေပၚမွာေတာ့ “ဒီမွာ Power Bank ၊ မင္းတုိ႔ လိုအပ္လိမ့္မယ္” လို႔ ေရးထားတဲ့ စာတမ္းေလးေတြ ပါပါတယ္။ ဒါဟာ Android ျပိဳင္ဘက္ေတြထက္ ပုိနည္းပါးတဲ့ ဘကၳရီပမာဏ ပါေလ့ရွိတဲ့ Apple အတြက္ ထိုးႏွက္ခ်က္တစ္ခုလည္း ျဖစ္ႏုိင္ပါတယ္။
Huawei ကုမၸဏီကေတာ့ သူတုိ႔အခုလို Power Bank ေတြလိုက္ေဝေပးခဲ့တာဟာ ရာသီဥတုနဲ႔ ပင္ပန္းစြာ ေစာင့္ဆုိင္းရတဲ့ ဒဏ္ကို သက္သာခံႏုိင္ေစဖို႔လို႔ CNET ကိုေျဖၾကားခဲ့ပါတယ္။

Huawei ရဲ႕ ပရုိမုိးရွင္းဆင္းခ်က္က ဒါနဲ႔တင္ မျပီးေသးပါဘူး။ လန္ဒန္ျမိဳ႕က Apple Store တစ္ခု နားမွာလည္း သစ္သီးေဖ်ာ္ရည္ေဝျပီး ဖုန္းအားသြင္းေပးတဲ့ ဗင္ကားတစ္စီးကို ရပ္ထားခဲ့တာ အခုလို ျမင္ေတြ႕ရျပီး ကားနံေဘးမွာလည္း ဘကၳရီပုံနဲ႔ JU%CE လို႔ေရးထားတာကို ျမင္ရမွာပါ။

ဒီလို ထူးထူးျခားျခား ပရုိမုိးရွင္းဆင္းတာဟာ လာမယ့္ ရက္သတၱပတ္အနည္းငယ္အတြင္း Huawei က မိတ္ဆက္လာမယ့္ Mate 20 စီးရီးဝင္ ဖုန္းေတြအတြက္လည္း ျဖစ္ႏုိင္ပါတယ္။ သူတုိ႔ရဲ႕ ေနာက္ဆုံးေပၚ Phablet ေတြဟာ Kirin 980 Chipset အသုံးျပဳလာမွာျဖစ္ျပီး ေက်ာဘက္မွာ ကင္မရာသုံးလုံး ထည့္သြင္းလာမွာပါ။

Mate စီးရီး စမတ္ဖုန္းေတြက ပုံမွန္အားျဖင့္ ၾကီးမားတဲ့ 4000 mAh ဘကၳရီၾကီးေတြ ပါဝင္ေလ့ရွိျပီး Mate 20 မွာေတာ့ ပိုၾကီးတဲ့ 4200 mAh ပမာဏ ပါဝင္လာဖို႔ ရွိပါတယ္။ ဒါ့ေၾကာင့္ ဘကၳရီသက္တမ္းရွည္ျပီး စြမ္းေဆာင္ရည္ေကာင္းတဲ့ ဟန္းဆက္ႏွစ္သက္သူေတြအတြက္ မ်က္စိက်စရာျဖစ္လာမွာပါ။

Ref – https://www.androidauthority.com/huawei-power-banks-iphone-906355/

Unicode

တစ်နှစ်တစ်ခါ ထွက်လာမြဲဖြစ်တဲ့ အိုင်ဖုန်းအသစ်ကို နာရီပေါင်းများစွာ တန်းစီဝယ်ယူတဲ့ ဓလေ့က ကြာခဲ့ပါပြီ။ ဒီနှစ်မှာလည်း iPhone XS ထွက်လာမယ့်အချိန်ကို စင်ကာပူက အိုင်ဖုန်းပရိသတ်တွေ စောင့်ဆိုင်းနေချိန်မှာ ထူးခြားတဲ့ ဖြစ်ရပ်တစ်ခု ဖြစ်ခဲ့ပါတယ်။

အဲ့ဒါကတော့ ပြိုင်ဘက်စမတ်ဖုန်းထုတ်လုပ်သူ Huawei က အိုင်ဖုန်းဝယ်ဖို့ စောင့်ဆိုင်းနေတဲ့ သူတွေကို Power Bank အလုံးနှစ်ရာကျော် လိုက်ဝေပေးခဲ့တာပါ။ နောက်ပြီး ဝေပေးခဲ့တဲ့ Power Bank တွေကလည်း အငယ်စား 4000 mAh တွေမဟုတ်ဘဲ 10,000 mAh ပမာဏရှိတဲ့ Power Bank အကြီးတွေ ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ Power Bank တွေရဲ့ ပါကင်ပေါ်မှာတော့ “ဒီမှာ Power Bank ၊ မင်းတို့ လိုအပ်လိမ့်မယ်” လို့ ရေးထားတဲ့ စာတမ်းလေးတွေ ပါပါတယ်။ ဒါဟာ Android ပြိုင်ဘက်တွေထက် ပိုနည်းပါးတဲ့ ဘက္ထရီပမာဏ ပါလေ့ရှိတဲ့ Apple အတွက် ထိုးနှက်ချက်တစ်ခုလည်း ဖြစ်နိုင်ပါတယ်။
Huawei ကုမ္ပဏီကတော့ သူတို့အခုလို Power Bank တွေလိုက်ဝေပေးခဲ့တာဟာ ရာသီဥတုနဲ့ ပင်ပန်းစွာ စောင့်ဆိုင်းရတဲ့ ဒဏ်ကို သက်သာခံနိုင်စေဖို့လို့ CNET ကိုဖြေကြားခဲ့ပါတယ်။

Huawei ရဲ့ ပရိုမိုးရှင်းဆင်းချက်က ဒါနဲ့တင် မပြီးသေးပါဘူး။ လန်ဒန်မြို့က Apple Store တစ်ခု နားမှာလည်း သစ်သီးဖျော်ရည်ဝေပြီး ဖုန်းအားသွင်းပေးတဲ့ ဗင်ကားတစ်စီးကို ရပ်ထားခဲ့တာ အခုလို မြင်တွေ့ရပြီး ကားနံဘေးမှာလည်း ဘက္ထရီပုံနဲ့ JU%CE လို့ရေးထားတာကို မြင်ရမှာပါ။

ဒီလို ထူးထူးခြားခြား ပရိုမိုးရှင်းဆင်းတာဟာ လာမယ့် ရက်သတ္တပတ်အနည်းငယ်အတွင်း Huawei က မိတ်ဆက်လာမယ့် Mate 20 စီးရီးဝင် ဖုန်းတွေအတွက်လည်း ဖြစ်နိုင်ပါတယ်။ သူတို့ရဲ့ နောက်ဆုံးပေါ် Phablet တွေဟာ Kirin 980 Chipset အသုံးပြုလာမှာဖြစ်ပြီး ကျောဘက်မှာ ကင်မရာသုံးလုံး ထည့်သွင်းလာမှာပါ။

Mate စီးရီး စမတ်ဖုန်းတွေက ပုံမှန်အားဖြင့် ကြီးမားတဲ့ 4000 mAh ဘက္ထရီကြီးတွေ ပါဝင်လေ့ရှိပြီး Mate 20 မှာတော့ ပိုကြီးတဲ့ 4200 mAh ပမာဏ ပါဝင်လာဖို့ ရှိပါတယ်။ ဒါ့ကြောင့် ဘက္ထရီသက်တမ်းရှည်ပြီး စွမ်းဆောင်ရည်ကောင်းတဲ့ ဟန်းဆက်နှစ်သက်သူတွေအတွက် မျက်စိကျစရာဖြစ်လာမှာပါ။

Ref – https://www.androidauthority.com/huawei-power-banks-iphone-906355/