Huawei ကနေ အခုနောက်ပိုင်း ခေတ်စားလာတဲ့ Samsung Galaxy Note 8 ဖုန်းလိုမျိုး ပိုပြီးကျယ်ပြန်တဲ့ 18:9 Ratio Display ပါဝင်လာတဲ့ Honor 7X စမတ်ဖုန်းကို စတင်မိတ်ဆက်လိုက်ပါတယ်။ အခုမိတ်ဆက်လိုက်တဲ့ Honor 7X စမတ်ဖုန်းဟာ ယခင်က အောင်မြင်ခဲ့တဲ့ Honor 6X စမတ်ဖုန်းနေရာကို အစားထိုးဝင်ရောက်လာဖြစ်ပြီး စွမ်းဆောင်ရည်ပိုင်းအရလည်း မြင့်မားတဲ့ဖုန်းတစ်ခုဖြစ်ပါတယ်။

Honor 7X ရဲ့ Display ဟာ ၆ လက်မရှိပြီး Resolution အနေနဲ့ 1080×2160 Pixels (407PPI) ရှိတဲ့အပြင် လက်ရှိစွမ်းဆောင်ရည်မြင့် Galaxy Note 8 ဖုန်းတွေလိုမျိုး 18:9 Ratio Screen ကို အသုံးပြုထားတာဖြစ်ပါတယ်။

Huawei Honor 7X ဖုန်းမှာ ကင်မရာပိုင်းလည်း ကောင်းမွန်ပြီး အနောက်ဖက် Back Camera က 16MP + 2MP Dual Camera ကိုတပ်ဆင်ပေးထားတယ်၊ အရှေ့ Selfie Camera ကလည်း 8MP ဆိုတော့ တော်တော်ကို ကောင်းတယ်လို့ ပြောလို့ရပါတယ်။ အနောက်ဖက် ကင်မရာရဲ့အောက်မှာလည်း Fingerprint Sensor ပါဝင်ဦးမှာဖြစ်ပါတယ်။

>အခု Honor 7X ဖုန်းကို Kirin 659 Octa Core CPU, RAM 4GB နဲ့ Storage ကို 32GB ကနေ 128GB အထိရွေးချယ်နိုင်မှာဖြစ်ပြီး MicroSD card ကနေလည်း ထပ်ပြီးတိုးချဲ့နိုင်ဦးမှာပါ။

Huawei Honor 7X ဖုန်းဟာ Dual SIM Support ပြုလုပ်ပြီး 3340mAh Battery ပါဝင်မှာဖြစ်ပါတယ်။ Android 7.0 ကို အသုံးပြုထားတဲ့အတွက် နောက်ဆုံးထွက် Android OS လည်း ပါဝင်ပြီးဖြစ်မှာပါ။

Honor 7X ဖုန်းကို တရုတ်နိုင်ငံမှာ လာမယ့် အောက်တိုဘာလ ၁၇ ရက်နေ့မှာ စတင်ရောင်းချသွားမှာဖြစ်ပြီး ဈေးနှုန်းအနေနဲ့ 32GB ကို မြန်မာငွေကျပ် ၂ သိန်းခွဲဝန်းကျင်ကနေ အမြင့်ဆုံး 128GB ကို ငွေကျပ် ၃သိန်းခွဲကျော်နဲ့ ညီမျှတဲ့ဈေးနှုန်းနဲ့ ရောင်းချသွားမှာဖြစ်ပါတယ်။