ကမ္ဘာ့ တတိယမြောက် အကြီးဆုံး စမတ်ဖုန်း ထုတ်လုပ်တဲ့ ဟွာဝေး ကုမ္ပဏီက Honor 9 စမတ်ဖုန်းကို မိတ်ဆက်လိုက်ပါ။ Honor 9 စမတ်ဖုန်းကို Megapixel (MP) အမြင့်တွေ သုံးထားတဲ့ 20 MP နဲ့ 12 MP Dual ကင်မရာလည်း ပါဝင်ပါတယ်။

တခြား စမတ်ဖုန်းကုမ္ပဏီတွေကလည်း Dual Camera ပါတဲ့ဖုန်းကို ထုတ်လုပ်နေတာကြောင့် ဈေးကွက်နဲ့ မျက်ခြေမပြတ်ဖို့ Huawei ကုမ္ပဏီကလည်း အလယ်အလတ် တန်ဖိုးဖုန်းအမျိုးအစားထဲမှာ Dual Camera ပါတဲ့ Honor 9 အနေနဲ့ ထုတ်လုပ်ခဲ့ပါတယ်။

ဟွာဝေး ကုမ္ပဏီက တန်ဖိုးမြင့်ဖုန်းတွေကို P Series နဲ့ ထုတ်လုပ်လေ့ရှိပြီး နောက်ဆုံးထွက်ရှိတဲ့ P10 ကတော့ အမေရိကန်ဒေါ်လာ ၆၀၀ ကျော်လောက်ရှိပါတယ်။

Honor 9 ကို ရွှေရောင်၊ ငွေရောင်၊ အမည်းရောင်နဲ့ အပြာရောင်တို့နဲ့ ထုတ်လုပ်ထားပါတယ်။ 64 GB ပါတဲ့ စမတ်ဖုန်းကတော့ အမေရိကန်ဒေါ်လာ ၄၀၀ နီးပါးနဲ့ ရောင်းချနေပြီး 128 GB ပါတဲ့ဖုန်းကတော့ အမေရိကန်ဒေါ်လာ ၄၅၀ နီးပါးနဲ့ ရောင်းချမှာဖြစ်ပါတယ်။

မျက်နှာပြင် အရွယ်အစား

မျက်နှာပြင် အရွယ်အစားက ၅.၁၅ လက်မရှိပြီး 1920×1080 Pixel Resolution ရှိပါတယ်။

ကင်မရာ

Dual Camera ၂လုံးပါဝင်ပြီး 20 MP နဲ့ 12 MP တို့ ဖြစ်ပါတယ်။

အရှေ့ကင်မရာကတော့ 8 MP ရှိပါတယ်။ Fingerprint ကိုလည်း ဖုန်းရဲ့ အနောက်မှာ ထည့်သွင်းထားပါတယ်။

Processor

Processor ကတော့ Huawei Kirin 960 Processor ကို သုံးထားပြီး P10 မှာ သုံးထားတဲ့ Processor ဘဲ ဖြစ်ပါတယ်။ ဒါကြောင့် ဂိမ်းကြီးကြီးမားမားတွေကို မထစ်ဘဲ မလေးဘဲ ကောင်းကောင်း ဆော့နိုင်မှာပါ။

RAM ကလည်း 6GB ပါဝင်ပါတယ်။ Storage ကတော့ 64 GB နဲ့ 128 GB ဆိုပြီး ၂ မျိုး ပါဝင်ပါတယ်။ 3200 mAh ဘက်ထရီကို အသုံးပြုထားပါတယ်။

Honor 9 ကို တရုတ်နိုင်ငံမှာ ပထမဆုံး မိတ်ဆက်ခဲ့တာဖြစ်ပြီး ဥရောပမှာတော့ ဇွန်လ ကုန်လောက်မှ မိတ်ဆက်မှာဖြစ်ပါတယ်။ ဘယ်နေ့မှာ စတင်ရောင်းချမယ်ဆိုတာတော့ ဟွာဝေးက ထပ်မံ ကြေညာမှာဖြစ်ပါတယ်။