[Zawgyi]

ရန္ကုန္၊ ဇန္နဝါရီ ၁၇ ၊၂၀၁၈ – ၂၀၁၈ ခုႏွစ္သည္ စမတ္ဖုန္းထုတ္လုပ္သူမ်ားအေနႏွင့္ သုံးစြဲသူအေတြ႕အႀကဳံ၊ ဒီဇိုင္း၊ ကင္မရာလုပ္ေဆာင္ခ်က္၊ AI ႏွင့္ ဆိုက္ဘာလုံၿခဳံေရး အစရွိသည့္ တီထြင္ဆန္းသစ္မႈမ်ား အၿပိဳင္အဆိုင္လုပ္ေဆာင္ခဲ့ၾကသည့္ ႏွစ္တစ္ႏွစ္ ျဖစ္ပါသည္။ ၿပီးခဲ့သည့္ ၅ ႏွစ္ခန႔္က ျမန္မာႏိုင္ငံ၏ လူဦးေရ ၁၀၀ တြင္ ၇ ဦးသာ မိုဘိုင္းဖုန္းအသုံးျပဳသူရွိခဲ့ေသာ္လည္း အစိုးရက ဆက္သြယ္မူဝါဒေျပာင္းလဲလိုက္ၿပီးေနာက္တြင္ မိုဘိုင္းဆင္းကတ္ဝယ္လိုအားႏွင့္ အတူ မိုဘိုင္းဖုန္းေဈးကြက္သည္ တစ္ရွိန္ထိုး ျမႇင့္တက္လာေနလ်က္ရွိပါသည္။ ၂၀၁၈ ခုႏွစ္ ၾသဂုတ္လတြင္းက ထုတ္ျပန္လိုက္သည့္ အစီအရင္ခံစာအရ လူဦးေရ ၅၄ သန္းရွိေနသည့္ ျမန္မာႏိုင္ငံတြင္ Mobile Penetration မွာ ၉၈ ရာခိုင္ႏႈန္းထိ ျမင့္တက္လာၿပီး ၎အခ်က္အလက္က ျမန္မာႏိုင္ငံတြင္ မိုဘိုင္းဖုန္းသုံးစြဲသူ အေရအတြက္ ဆက္တိုက္ တိုးတက္လာေနသည္ကို မီးေမွာင္းထိုးျပထားသည္။

ေန႔စဥ္ မိုဘိုင္းဖုန္းသုံးစြဲသူ မ်ားျပားလာျခင္းသည္ ျမန္မာႏိုင္ငံ၏ မိုဘိုင္း ေဈးကြက္ကို အႀကီးအက်ယ္လႈပ္ခတ္ေစၿပီး အၿပိဳင္အဆိုင္ဝင္ေရာက္လာခဲ့ၾကသည့္ အမွတ္တံဆိပ္မ်ားေပၚတြင္ ေဈးႏႈန္း၊ နည္းပညာ၊ ကင္မရာ လုပ္ေဆာင္ခ်က္၊ လုံၿခဳံေရး အစရွိတဲ့ Feature တစ္ခုခ်င္းစီကို သုံးစြဲသူမ်ားက စိတ္တိုင္းက်ေ႐ြးခ်ယ္ဝယ္ယူလာႏိုင္ခဲ့သည္။

ကမာၻ႔ ဒုတိယအႀကီးဆုံး စမတ္ဖုန္းကုမၸဏီျဖစ္သည့္ Huawei သည္ အသုံးျပဳသူမ်ားကို အေလးထားသည့္ Business Model ကို က်င့္သုံးလ်က္ရွိၿပီး ၿပီးခဲ့တဲ့ ၁၀စုႏွစ္တာကာလအတြင္း သုံးစြဲသူမ်ားအတြက္ လိုအပ္သည့္ နည္းပညာအသစ္မ်ား တီထြင္ထုတ္လုပ္ႏိုင္ေစရန္ သုေတသနႏွင့္ ထုတ္ကုန္အဆင့္ျမႇင့္ေရး (R&D) က႑တြင္ ယြမ္ ၃၉၄ ဘီလီယံ အထိ အသုံးျပဳခဲ့ျခင္းက သုံးစြဲသူမ်ား၏ေန႔စဥ္ဘဝႏွင့္ ကိုက္ညီမႈရွိသည့္ အေကာင္းဆုံးေသာ ထုတ္ကုန္မ်ားအား ဆက္တိုက္ထုတ္လုပ္ရန္ ျဖစ္သည့္ Huawei ၏ ရည္မွန္းခ်က္ကို ျမင္ေတြ႕ႏိုင္ပါသည္။

ျမန္မာႏိုင္ငံေဈးကြက္တြင္းရွိ အျခားေသာ အေမရိကန္၊ ကိုရီယား၊ တ႐ုတ္အမွတ္တံဆိပ္မ်ားႏွင့္ ႏႈိင္းယွဥ္ပါကHuawei သည္ သုံးစြဲသူတစ္ဦးခ်င္းစီ၏ လူေနမႈဘဝ၊ ဝင္ေငြအလိုက္ ေ႐ြးခ်ယ္ႏိုင္သည့္ ထုတ္ကုန္မ်ားကို ထုတ္လုပ္ႏိုင္ျခင္းမွာ Huawei ၏ အားသာခ်က္တစ္ခုျဖစ္ၿပီး နည္းပညာအသစ္မ်ားျဖင့္ ပုံေဖာ္ထားသည့္ Entry- level စမတ္ဖုန္းမ်ား၊ လူေနမႈ ပုံစံအလိုက္ ဖန္တီးထားသည့္ Mid-range ဖုန္းမ်ား၊ အဆင္ျမင့္နည္းပညာ ျဖင့္ ဖန္တီးထားသည့္ Flagship စမတ္ဖုန္းမ်ားဟူ၍ ထုတ္လုပ္လ်က္ရွိေနသည္။ ရာႏွင့္ခ်ီသည့္ အမွတ္တံဆိပ္မ်ား၏ အျပင္းအထန္ၿပိဳင္ဆိုင္မႈမ်ားၾကား၌ပင္ အစဥ္အလာႀကီးမားခဲ့သည့္ Huawei Consumer Business Group မွ ၂၀၁၈ ခုႏွစ္အတြင္းတြင္ ၎၏ စမတ္ဖုန္းမ်ားတြင္ ကမာၻပထမဦးဆုံးဆိုသည့္ တီထြင္ဆန္းသစ္မႈမ်ားအား ၎၏ ထုတ္ကုန္အမ်ိဳးအစားမ်ား၌ ထုတ္ေဖာ္ျပသ၍ ေဈးကြက္တြင္ အခိုင္အမာ ရပ္တည္ေနရာယူထားလ်က္ရွိပါသည္။

ကမာၻမိုဘိုင္းေလာကကို အရွိန္ျပင္းျပင္း ႐ိုက္ခတ္သြားသည့္ Mate 20 series ကို ၂၀၁၈ ႏွစ္ကုန္ပိုင္းတြင္ မိတ္ဆက္ေပးခဲ့သည့္ ထိပ္တန္း flagship စမတ္ဖုန္းျဖစ္ၿပီး ျပည္တြင္း၊ ျပည္ပ ကမာၻ႔မီဒီယာအသီးအသီးတြင္ ေဈးႏႈန္းအဆမတန္ႀကီးျမင့္မႈေၾကာင့္ေဝဖန္ခံေနရသည့္ iphone XS Max ထက္ ပိုမိုသာလြန္ေကာင္းမြန္သလို Samsung Glaxy Note 9 ထက္ ကင္မရာ၊ GPU ၊ အားသြင္းစနစ္ ပိုမိုေကာင္းမြန္သည့္ ဖုန္းတစ္လုံးအျဖစ္ လက္ခံခဲ့ၾကပါသည္။

Mate 20 Series တြင္ အဆင့္ျမင့္ နည္းပညာစံႏႈန္းမ်ားျပည့္မီသည့္ လုပ္ေဆာင္ခ်က္မ်ားပါဝင္သည့္အျပင္ Huawei မွ ေနာက္ဆုံးထုတ္လုပ္ထားသည့္ Kirin 980 chipset ကိုလည္း တပ္ဆင္ထားပါသည္။ ကမာၻ႔ပထမဆုံးေသာ ေနာက္ဆုံးေပၚ 7 nm သာရွိသည့္ ဖြဲ႕စည္းတည္ေဆာက္ပုံနည္းပညာပါဝင္သည့္ Chipset တြင္ Mate 20 series ဖုန္းမ်ားကို ၿပိဳင္ဘက္ကင္း လုပ္ေဆာင္ခ်က္မ်ား ႏွင့္ အေကာင္းမြန္ဆုံး ဘတၳရီသက္တမ္းတို႔ကို ပံ့ပိုးေပးေသာ AI စြမ္းေဆာင္ခ်က္မ်ား ပါရွိပါသည္။ Mate 20 Series မ်ားတြင္ ႀကီးမားေသာ ဘထၳရီမ်ားပါဝင္ၿပီး Mate 20 Pro ၌ 40W Huawei Super Charge Fast-charging စနစ္သစ္ပါဝင္လာခဲ့သည္။ ထို႔အျပင္ Mate 20 Pro ၌ အျခားေသာ ဖုန္းမ်ားအား ျပန္လည္အားျဖည့္သြင္းေပးႏိုင္မည့္ ကမာၻ႔ပထမဆုံး Wireless Reverse Charging စနစ္ပါလည္း ပါဝင္လာခဲ့သည္။ Mate 20 Series စတင္ရာင္းခ်ၿပီး ၂လအတြင္းမွာပင္ ႏိုင္ငံတကာ၌ ဖုန္းအလုံးေရ ၅ မီလီယံအထိ စံခ်ိန္တင္ ေရာင္းခ်ႏိုင္ခဲ့ပါသည္။

Huawei P20 series မွလည္း Smartphone Mobile Photography ကို အဆင့္တစ္ဆင့္ထပ္မံျမႇင့္တင္ေပးႏိုင္ခဲ့ၿပီး iphone x ႏွင့္ Samsung S9+ တို႔ထက္ ကင္မရာ ပိုမိုေကာင္းမြန္ၿပီး Professional ဓာတ္ပုံ႐ိုက္ကူးမႈအေတြ႕အႀကဳံကို ေပးစြမ္းႏိုင္ေၾကာင္း သက္ေသထူႏိုင္ခဲ့ပါသည္။ Huawei P20 Series တြင္ လွပေက်ာ့ရွင္းသည့္ Twilight Color အားထည့္သြင္းထုတ္လုပ္လာႏိုင္ခဲ့ၿပီး အဆိုပါ လွပသည့္ အေရာင္အား ႏိုင္ငံတစ္ကာ၌ ရွိသည့္ မီဒီယာအသီးသီးထံမွ ခ်ီးက်ဴးဂုဏ္ျပဳမႈအား ခံခဲ့ရသည္။ ၎တြင္ ပါဝင္သည့္ ကင္မရာ ၃ လုံး၏ လုပ္ေဆာင္ခ်က္ေၾကာင့္ ဆုတံဆိပ္မ်ားစြာ ဆြတ္ခူးရရွိခဲ့ၿပီး DxOMark တြင္လည္း လက္ရွိအခ်ိန္ထိ အေကာင္းဆုံး ကင္မရာအျဖစ္ ရပ္တည္လွ်က္ရွိသည္။

စတင္ေရာင္းခ်ခဲ့ေသာ မတ္လမွစတင္၍ ႏိုင္ငံတကာသို႔ ပိုေဆာင္ေရာင္းခ်ႏိုင္ခဲ့သည့္ အေရအတြက္မွာ ၁၆ မီလီယံေက်ာ္ခဲ့ၿပီး၊ ဝယ္ယူသူမ်ား၏ ရာခိုင္ႏႈန္းတစ္ဝက္နီးပါးမွာ အမ်ိဳးသမီးမ်ားျဖစ္ေၾကာင္း သိရသည္။ Huawei ၏ အာမခံခ်က္ျဖစ္သည့္ အရည္အေသြး၊ ဒီဇိုင္းႏွင့္ လုပ္ေဆာင္ခ်က္ေကာင္းမ်ားႏွင့္ျပည့္စုံျခင္း၊ ကုမၸဏီမွ စတိုင္က်လွပၿပီး စြမ္းေဆာင္ရည္ျမင့္ေသာ စမတ္ဖုန္းမ်ားဆက္တိုက္ထုတ္လုပ္ႏိုင္ျခင္း စသည့္ ဂုဏ္ပုဒ္တို႔ေၾကာင့္ HUAWEI P20 Pro မွ ” EISA Best Smartphone 2018-2019 ” ဆုကိုလည္း ရရွိခဲ့သည္။

Huawei ၏ တတိယမ်ိဳးဆက္ Huawei Nova series မ်ားသည္ စြမ္းေဆာင္ရည္ျမင့္မားၿပီး ဖက္ရွင္က်သည့္ ဒီဇိုင္း၊ AI နည္းပညာသုံး ကင္မရာမ်ား ပါဝင္ၿပီး ၎၏ သြက္လက္သည့္ ဒီဇိုင္းႏွင့္ ဆန္းသစ္ေသာ အသြင္အျပင္တို႔ေၾကာင့္ လူငယ္မ်ားအၾကား အလြန္ေရပန္းစားခဲ့သည္။ ေတာက္ပေသာ အေရာင္ကြဲမ်ားႏွင့္ ဆန္းသစ္ေသာ selfie စနစ္ပါဝင္ေသာ Huawei Nova 3 ႏွင့္ 3i သည္ သည္ ၂၀၁၈ခုႏွစ္တြင္ လူႀကိဳက္အမ်ားဆုံး selfie ဖုန္းတစ္လုံးျဖစ္ခဲ့ပါသည္။ စင္ကာပူေဈးကြက္တြင္ စတင္ေရာင္းခ်ခဲ့သည့္ ပထမမိနစ္၆၀ အတြင္းမွာပဲ ဖုန္းအလုံးေရ ၁၀၀၀ ေက်ာ္ေရာင္းခ်ႏိုင္ခဲ့ၿပီး၊ မေလးရွားႏွင့္ ဖီလစ္ပိုင္ႏိုင္ငံမ်ားမွာ စတင္မိတ္ဆက္သည့္ရက္တြင္လည္း Nova 3 ႏွင့္ Nova 3i ဖုန္းအလုံးေရ ၂၀,၀၀၀ ေက်ာ္ေရာင္းခ်ႏိုင္ခဲ့ပါသည္။ ၂၀၁၈ ခုႏွစ္ ႏွစ္ကုန္တြင္ Nova series ဖုန္းအလုံးေရ ၆၅ မီလီယံေက်ာ္ေရာင္းခ်ခဲ့ရၿပီး Huawei အား Mid-range ဖုန္းေလာကတြင္ အေကာင္းဆုံးဖုန္းတစ္လုံးအျဖစ္ သတ္မွတ္ခံခဲ့ရပါသည္။

Huawei Device Myanmar ၏ Marketing Director ျဖစ္သူ မခင္ရတနာဝင္းက “Huawei ရဲ႕ consumer business model ကို consumer-centric လို႔ေခၚတဲ့ သုံးစြဲသူဦးစားေပးစနစ္ကို ေျပာင္းလဲက်င့္သုံးသြားေနၿပီး တီထြင္ဆန္းသစ္မႈ၊ စြန႔္ဦးတီထြင္မႈေတြနဲ႔ သုံးစြဲသူ လုံၿခဳံေရးကို အဓိက ဦးစားေပးသြားမွာျဖစ္ပါတယ္။ ေရွ႕ဆက္ၿပီး ျမန္မာႏိုင္ငံရဲ႕ မိုဘိုင္းဖုန္း ေဈးကြက္ဦးေဆာင္သူအေနႏွင့္ ဆက္လက္ရပ္တည္ႏိုင္ေအာင္ ႀကိဳးစားသြားမွာျဖစ္ၿပီး စမတ္ဖုန္းနည္းပညာတိုးတက္ေျပာင္းလဲလာမႈရဲ႕ ေျခလွမ္းသစ္ေတြကိုေဖာ္ေဆာင္ေပးသြားပါမယ္။ သုံးစြဲသူေတြအတြက္ value အသစ္ေတြကို ဆက္တိုက္ဖန္တီးေပးၿပီး ကြၽန္မတို႔ Huawei စမတ္ဖုန္းေၾကာင့္ ေန႔စဥ္ဘဝမွာ အဓိပၸာယ္ပိုရွိလာေစဖို႔၊ ပိုၿပီး အဆင္ေျပေခ်ာေမြ႕လာေစမွာျဖစ္သလို႔ တစ္ဖက္မွာလည္း ျမန္မာႏိုင္ငံမွာသာမက ကမာၻမွာပါ သုံးစြဲသူေတြ ယုံၾကည္ရတဲ့ brand တစ္ခုအျဖစ္ရပ္တည္သြားမွာ ျဖစ္ပါတယ္” ဟုေျပာၾကားခဲ့သည္။

Huawei သည္ R&D က႑တြင္ အစဥ္တစိုက္ ရင္းႏွီးျမဳပ္ႏွံမႈမ်ားေၾကာင့္ တစ္ႏွစ္ၿပီးတစ္ႏွစ္ ပိုမိုသာလြန္ေကာင္းမြန္ၿပီး သုံးစြဲသူမ်ားကို အျပည့္အဝ ေက်နပ္ေစသည့္ ထုတ္ကုန္မ်ားအား ထုတ္လုပ္ႏိုင္ခဲ့ျခင္းျဖစ္ၿပီး ယွဥ္ၿပိဳင္မႈ ျပင္းထန္းသည့္ ေဈးကြက္၏ေဝစုအမ်ားစုကို ထိုက္ထိုက္တန္တန္ ရယူႏိုင္ခဲ့ျခင္းျဖစ္သည္။ သုံးစြဲသူမ်ား၏ လိုအပ္ခ်က္ေပၚ အေျခခံ၍ အေကာင္းဆုံး ထုတ္ကုန္မ်ား Huawei သည္ နည္းပညာမ်ားကို ဦးစားေပး တီထြင္ေနလ်က္ရွိၿပီး တစ္ဖက္တြင္လည္း တျခားအမွတ္တံဆိပ္ ဖုန္းမ်ားကဲ့သို႔ အပူခ်ိန္ျမင့္ရာမွ ေပါက္ကြဲ၍ ေဘးအႏၲရာယ္ျဖစ္ေပၚေစမႈ လုံးဝမျဖစ္ေပၚလာေအာင္ သုံးစြဲသူမ်ား၏ လုံၿခဳံေရးကို အထူးအေလးေပး ေဆာင္႐ြက္လ်က္ရွိသည္။

လက္ရွိတြင္ ႏိုင္ငံေပါင္း ၁၇၀ ႏိုင္ငံေက်ာ္၌ Huawei အမွတ္တံဆိပ္ စမတ္ဖုန္း သုံးစြဲသူေပါင္း ၅၀၀ မီလီယံေက်ာ္ ရွိပါသည္။ ၿပီးခဲ့သည့္ ၈ႏွစ္တာ ကာလအတြင္း Huawei စမတ္ဖုန္းမ်ားကို ႏိုင္ငံတကာတင္သြင္းေရာင္းခ်မႈသည္ ၂၀၁၀ခုႏွစ္တြင္ ၃ မီလီယံခန႔္ရွိခဲ့ရာမွ ၂၀၁၈ခုႏွစ္တြင္ ၂၀၀ မီလီယံအထိ ေရာင္းခ်ႏိုင္ခဲ့သည္။ ႏိုင္ငံတကာစမတ္ဖုန္းေဈးကြက္တြင္လည္း Huawei မွာ တျခားေသာစမတ္ဖုန္းအမ်ိဳးအစားအုပ္စုမွ ကြဲထြက္လာၿပီး ကမာၻ႔ ထိပ္တန္းအမွတ္တံဆိပ္ ၃ခုစာရင္းတြင္ ပါဝင္လာခဲ့ပါသည္။ ၂၀၁၈ခုႏွစ္ ဒုတိယႏွင့္ တတိယ ၄လပတ္တြင္မူ Huawei သည္ ႏိုင္ငံတကာမားကတ္ရွယ္ယာ ၁၄.၆% ပိုင္ဆိုင္သည့္ ဒုတိယေျမာက္ ကမာၻ႔အႀကီးဆုံးစမတ္ဖုန္းထုတ္လုပ္သူ ေနရာကို ထိုက္တန္စြာရရွိခဲ့ပါသည္။

[Unicode]

၂၀၁၈ ခုနှစ်အတွင်း ပထမဆုံးဟူသော မှတ်တိုင်များ စိုက်ထူနိုင်ခဲ့တဲ့ Huawei စမတ်ဖုန်းများ

ရန်ကုန်၊ ဇန်နဝါရီ ၁၇ ၊၂၀၁၈ – ၂၀၁၈ ခုနှစ်သည် စမတ်ဖုန်းထုတ်လုပ်သူများအနေနှင့် သုံးစွဲသူအတွေ့အကြုံ၊ ဒီဇိုင်း၊ ကင်မရာလုပ်ဆောင်ချက်၊ AI နှင့် ဆိုက်ဘာလုံခြုံရေး အစရှိသည့် တီထွင်ဆန်းသစ်မှုများ အပြိုင်အဆိုင်လုပ်ဆောင်ခဲ့ကြသည့် နှစ်တစ်နှစ် ဖြစ်ပါသည်။ ပြီးခဲ့သည့် ၅ နှစ်ခန့်က မြန်မာနိုင်ငံ၏ လူဦးရေ ၁၀၀ တွင် ၇ ဦးသာ မိုဘိုင်းဖုန်းအသုံးပြုသူရှိခဲ့သော်လည်း အစိုးရက ဆက်သွယ်မူဝါဒပြောင်းလဲလိုက်ပြီးနောက်တွင် မိုဘိုင်းဆင်းကတ်ဝယ်လိုအားနှင့် အတူ မိုဘိုင်းဖုန်းဈေးကွက်သည် တစ်ရှိန်ထိုး မြှင့်တက်လာနေလျက်ရှိပါသည်။ ၂၀၁၈ ခုနှစ် သြဂုတ်လတွင်းက ထုတ်ပြန်လိုက်သည့် အစီအရင်ခံစာအရ လူဦးရေ ၅၄ သန်းရှိနေသည့် မြန်မာနိုင်ငံတွင် Mobile Penetration မှာ ၉၈ ရာခိုင်နှုန်းထိ မြင့်တက်လာပြီး ၎င်းအချက်အလက်က မြန်မာနိုင်ငံတွင် မိုဘိုင်းဖုန်းသုံးစွဲသူ အရေအတွက် ဆက်တိုက် တိုးတက်လာနေသည်ကို မီးမှောင်းထိုးပြထားသည်။

နေ့စဉ် မိုဘိုင်းဖုန်းသုံးစွဲသူ များပြားလာခြင်းသည် မြန်မာနိုင်ငံ၏ မိုဘိုင်း ဈေးကွက်ကို အကြီးအကျယ်လှုပ်ခတ်စေပြီး အပြိုင်အဆိုင်ဝင်ရောက်လာခဲ့ကြသည့် အမှတ်တံဆိပ်များပေါ်တွင် ဈေးနှုန်း၊ နည်းပညာ၊ ကင်မရာ လုပ်ဆောင်ချက်၊ လုံခြုံရေး အစရှိတဲ့ Feature တစ်ခုချင်းစီကို သုံးစွဲသူများက စိတ်တိုင်းကျရွေးချယ်ဝယ်ယူလာနိုင်ခဲ့သည်။

ကမ္ဘာ့ ဒုတိယအကြီးဆုံး စမတ်ဖုန်းကုမ္ပဏီဖြစ်သည့် Huawei သည် အသုံးပြုသူများကို အလေးထားသည့် Business Model ကို ကျင့်သုံးလျက်ရှိပြီး ပြီးခဲ့တဲ့ ၁၀စုနှစ်တာကာလအတွင်း သုံးစွဲသူများအတွက် လိုအပ်သည့် နည်းပညာအသစ်များ တီထွင်ထုတ်လုပ်နိုင်စေရန် သုတေသနနှင့် ထုတ်ကုန်အဆင့်မြှင့်ရေး (R&D) ကဏ္ဍတွင် ယွမ် ၃၉၄ ဘီလီယံ အထိ အသုံးပြုခဲ့ခြင်းက သုံးစွဲသူများ၏နေ့စဉ်ဘဝနှင့် ကိုက်ညီမှုရှိသည့် အကောင်းဆုံးသော ထုတ်ကုန်များအား ဆက်တိုက်ထုတ်လုပ်ရန် ဖြစ်သည့် Huawei ၏ ရည်မှန်းချက်ကို မြင်တွေ့နိုင်ပါသည်။

မြန်မာနိုင်ငံဈေးကွက်တွင်းရှိ အခြားသော အမေရိကန်၊ ကိုရီယား၊ တရုတ်အမှတ်တံဆိပ်များနှင့် နှိုင်းယှဉ်ပါကHuawei သည် သုံးစွဲသူတစ်ဦးချင်းစီ၏ လူနေမှုဘဝ၊ ဝင်ငွေအလိုက် ရွေးချယ်နိုင်သည့် ထုတ်ကုန်များကို ထုတ်လုပ်နိုင်ခြင်းမှာ Huawei ၏ အားသာချက်တစ်ခုဖြစ်ပြီး နည်းပညာအသစ်များဖြင့် ပုံဖော်ထားသည့် Entry- level စမတ်ဖုန်းများ၊ လူနေမှု ပုံစံအလိုက် ဖန်တီးထားသည့် Mid-range ဖုန်းများ၊ အဆင်မြင့်နည်းပညာ ဖြင့် ဖန်တီးထားသည့် Flagship စမတ်ဖုန်းများဟူ၍ ထုတ်လုပ်လျက်ရှိနေသည်။ ရာနှင့်ချီသည့် အမှတ်တံဆိပ်များ၏ အပြင်းအထန်ပြိုင်ဆိုင်မှုများကြား၌ပင် အစဉ်အလာကြီးမားခဲ့သည့် Huawei Consumer Business Group မှ ၂၀၁၈ ခုနှစ်အတွင်းတွင် ၎င်း၏ စမတ်ဖုန်းများတွင် ကမ္ဘာပပထမဦးဆုံးဆိုသည့် တီထွင်ဆန်းသစ်မှုများအား ၎င်း၏ ထုတ်ကုန်အမျိုးအစားများ၌ ထုတ်ဖော်ပြသ၍ ဈေးကွက်တွင် အခိုင်အမာ ရပ်တည်နေရာယူထားလျက်ရှိပါသည်။

ကမ္ဘာမိုဘိုင်းလောကကို အရှိန်ပြင်းပြင်း ရိုက်ခတ်သွားသည့် Mate 20 series ကို ၂၀၁၈ နှစ်ကုန်ပိုင်းတွင် မိတ်ဆက်ပေးခဲ့သည့် ထိပ်တန်း flagship စမတ်ဖုန်းဖြစ်ပြီး ပြည်တွင်း၊ ပြည်ပ ကမ္ဘာ့မီဒီယာအသီးအသီးတွင် ဈေးနှုန်းအဆမတန်ကြီးမြင့်မှုကြောင့်ဝေဖန်ခံနေရသည့် iphone XS Max ထက် ပိုမိုသာလွန်ကောင်းမွန်သလို Samsung Glaxy Note 9 ထက် ကင်မရာ၊ GPU ၊ အားသွင်းစနစ် ပိုမိုကောင်းမွန်သည့် ဖုန်းတစ်လုံးအဖြစ် လက်ခံခဲ့ကြပါသည်။

Mate 20 Series တွင် အဆင့်မြင့် နည်းပညာစံနှုန်းများပြည့်မီသည့် လုပ်ဆောင်ချက်များပါဝင်သည့်အပြင် Huawei မှ နောက်ဆုံးထုတ်လုပ်ထားသည့် Kirin 980 chipset ကိုလည်း တပ်ဆင်ထားပါသည်။ ကမ္ဘာ့ပထမဆုံးသော နောက်ဆုံးပေါ် 7 nm သာရှိသည့် ဖွဲ့စည်းတည်ဆောက်ပုံနည်းပညာပါဝင်သည့် Chipset တွင် Mate 20 series ဖုန်းများကို ပြိုင်ဘက်ကင်း လုပ်ဆောင်ချက်များ နှင့် အကောင်းမွန်ဆုံး ဘတ္ထရီသက်တမ်းတို့ကို ပံ့ပိုးပေးသော AI စွမ်းဆောင်ချက်များ ပါရှိပါသည်။ Mate 20 Series များတွင် ကြီးမားသော ဘထ္ထရီများပါဝင်ပြီး Mate 20 Pro ၌ 40W Huawei Super Charge Fast-charging စနစ်သစ်ပါဝင်လာခဲ့သည်။ ထို့အပြင် Mate 20 Pro ၌ အခြားသော ဖုန်းများအား ပြန်လည်အားဖြည့်သွင်းပေးနိုင်မည့် ကမ္ဘာ့ပထမဆုံး Wireless Reverse Charging စနစ်ပါလည်း ပါဝင်လာခဲ့သည်။ Mate 20 Series စတင်ရာင်းချပြီး ၂လအတွင်းမှာပင် နိုင်ငံတကာ၌ ဖုန်းအလုံးရေ ၅ မီလီယံအထိ စံချိန်တင် ရောင်းချနိုင်ခဲ့ပါသည်။

Huawei P20 series မှလည်း Smartphone Mobile Photography ကို အဆင့်တစ်ဆင့်ထပ်မံမြှင့်တင်ပေးနိုင်ခဲ့ပြီး iphone x နှင့် Samsung S9+ တို့ထက် ကင်မရာ ပိုမိုကောင်းမွန်ပြီး Professional ဓာတ်ပုံရိုက်ကူးမှုအတွေ့အကြုံကို ပေးစွမ်းနိုင်ကြောင်း သက်သေထူနိုင်ခဲ့ပါသည်။ Huawei P20 Series တွင် လှပကျော့ရှင်းသည့် Twilight Color အားထည့်သွင်းထုတ်လုပ်လာနိုင်ခဲ့ပြီး အဆိုပါ လှပသည့် အရောင်အား နိုင်ငံတစ်ကာ၌ ရှိသည့် မီဒီယာအသီးသီးထံမှ ချီးကျူးဂုဏ်ပြုမှုအား ခံခဲ့ရသည်။ ၎င်းတွင် ပါဝင်သည့် ကင်မရာ ၃ လုံး၏ လုပ်ဆောင်ချက်ကြောင့် ဆုတံဆိပ်များစွာ ဆွတ်ခူးရရှိခဲ့ပြီး DxOMark တွင်လည်း လက်ရှိအချိန်ထိ အကောင်းဆုံး ကင်မရာအဖြစ် ရပ်တည်လျှက်ရှိသည်။

စတင်ရောင်းချခဲ့သော မတ်လမှစတင်၍ နိုင်ငံတကာသို့ ပိုဆောင်ရောင်းချနိုင်ခဲ့သည့် အရေအတွက်မှာ ၁၆ မီလီယံကျော်ခဲ့ပြီး၊ ဝယ်ယူသူများ၏ ရာခိုင်နှုန်းတစ်ဝက်နီးပါးမှာ အမျိုးသမီးများဖြစ်ကြောင်း သိရသည်။ Huawei ၏ အာမခံချက်ဖြစ်သည့် အရည်အသွေး၊ ဒီဇိုင်းနှင့် လုပ်ဆောင်ချက်ကောင်းများနှင့်ပြည့်စုံခြင်း၊ ကုမ္ပဏီမှ စတိုင်ကျလှပပြီး စွမ်းဆောင်ရည်မြင့်သော စမတ်ဖုန်းများဆက်တိုက်ထုတ်လုပ်နိုင်ခြင်း စသည့် ဂုဏ်ပုဒ်တို့ကြောင့် HUAWEI P20 Pro မှ ” EISA Best Smartphone 2018-2019 ” ဆုကိုလည်း ရရှိခဲ့သည်။

Huawei ၏ တတိယမျိုးဆက် Huawei Nova series များသည် စွမ်းဆောင်ရည်မြင့်မားပြီး ဖက်ရှင်ကျသည့် ဒီဇိုင်း၊ AI နည်းပညာသုံး ကင်မရာများ ပါဝင်ပြီး ၎င်း၏ သွက်လက်သည့် ဒီဇိုင်းနှင့် ဆန်းသစ်သော အသွင်အပြင်တို့ကြောင့် လူငယ်များအကြား အလွန်ရေပန်းစားခဲ့သည်။ တောက်ပသော အရောင်ကွဲများနှင့် ဆန်းသစ်သော selfie စနစ်ပါဝင်သော Huawei Nova 3 နှင့် 3i သည် သည် ၂၀၁၈ခုနှစ်တွင် လူကြိုက်အများဆုံး selfie ဖုန်းတစ်လုံးဖြစ်ခဲ့ပါသည်။ စင်ကာပူဈေးကွက်တွင် စတင်ရောင်းချခဲ့သည့် ပထမမိနစ်၆၀ အတွင်းမှာပဲ ဖုန်းအလုံးရေ ၁၀၀၀ ကျော်ရောင်းချနိုင်ခဲ့ပြီး၊ မလေးရှားနှင့် ဖီလစ်ပိုင်နိုင်ငံများမှာ စတင်မိတ်ဆက်သည့်ရက်တွင်လည်း Nova 3 နှင့် Nova 3i ဖုန်းအလုံးရေ ၂၀,၀၀၀ ကျော်ရောင်းချနိုင်ခဲ့ပါသည်။ ၂၀၁၈ ခုနှစ် နှစ်ကုန်တွင် Nova series ဖုန်းအလုံးရေ ၆၅ မီလီယံကျော်ရောင်းချခဲ့ရပြီး Huawei အား Mid-range ဖုန်းလောကတွင် အကောင်းဆုံးဖုန်းတစ်လုံးအဖြစ် သတ်မှတ်ခံခဲ့ရပါသည်။

Huawei Device Myanmar ၏ Marketing Director ဖြစ်သူ မခင်ရတနာဝင်းက “Huawei ရဲ့ consumer business model ကို consumer-centric လို့ခေါ်တဲ့ သုံးစွဲသူဦးစားပေးစနစ်ကို ပြောင်းလဲကျင့်သုံးသွားနေပြီး တီထွင်ဆန်းသစ်မှု၊ စွန့်ဦးတီထွင်မှုတွေနဲ့ သုံးစွဲသူ လုံခြုံရေးကို အဓိက ဦးစားပေးသွားမှာဖြစ်ပါတယ်။ ရှေ့ဆက်ပြီး မြန်မာနိုင်ငံရဲ့ မိုဘိုင်းဖုန်း ဈေးကွက်ဦးဆောင်သူအနေနှင့် ဆက်လက်ရပ်တည်နိုင်အောင် ကြိုးစားသွားမှာဖြစ်ပြီး စမတ်ဖုန်းနည်းပညာတိုးတက်ပြောင်းလဲလာမှုရဲ့ ခြေလှမ်းသစ်တွေကိုဖော်ဆောင်ပေးသွားပါမယ်။ သုံးစွဲသူတွေအတွက် value အသစ်တွေကို ဆက်တိုက်ဖန်တီးပေးပြီး ကျွန်မတို့ Huawei စမတ်ဖုန်းကြောင့် နေ့စဉ်ဘဝမှာ အဓိပ္ပာယ်ပိုရှိလာစေဖို့၊ ပိုပြီး အဆင်ပြေချောမွေ့လာစေမှာဖြစ်သလို့ တစ်ဖက်မှာလည်း မြန်မာနိုင်ငံမှာသာမက ကမ္ဘာမှာပါ သုံးစွဲသူတွေ ယုံကြည်ရတဲ့ brand တစ်ခုအဖြစ်ရပ်တည်သွားမှာ ဖြစ်ပါတယ်” ဟုပြောကြားခဲ့သည်။

Huawei သည် R&D ကဏ္ဍတွင် အစဉ်တစိုက် ရင်းနှီးမြုပ်နှံမှုများကြောင့် တစ်နှစ်ပြီးတစ်နှစ် ပိုမိုသာလွန်ကောင်းမွန်ပြီး သုံးစွဲသူများကို အပြည့်အဝ ကျေနပ်စေသည့် ထုတ်ကုန်များအား ထုတ်လုပ်နိုင်ခဲ့ခြင်းဖြစ်ပြီး ယှဉ်ပြိုင်မှု ပြင်းထန်းသည့် ဈေးကွက်၏ဝေစုအများစုကို ထိုက်ထိုက်တန်တန် ရယူနိုင်ခဲ့ခြင်းဖြစ်သည်။ သုံးစွဲသူများ၏ လိုအပ်ချက်ပေါ် အခြေခံ၍ အကောင်းဆုံး ထုတ်ကုန်များ Huawei သည် နည်းပညာများကို ဦးစားပေး တီထွင်နေလျက်ရှိပြီး တစ်ဖက်တွင်လည်း တခြားအမှတ်တံဆိပ် ဖုန်းများကဲ့သို့ အပူချိန်မြင့်ရာမှ ပေါက်ကွဲ၍ ဘေးအန္တရာယ်ဖြစ်ပေါ်စေမှု လုံးဝမဖြစ်ပေါ်လာအောင် သုံးစွဲသူများ၏ လုံခြုံရေးကို အထူးအလေးပေး ဆောင်ရွက်လျက်ရှိသည်။

လက်ရှိတွင် နိုင်ငံပေါင်း ၁၇၀ နိုင်ငံကျော်၌ Huawei အမှတ်တံဆိပ် စမတ်ဖုန်း သုံးစွဲသူပေါင်း ၅၀၀ မီလီယံကျော် ရှိပါသည်။ ပြီးခဲ့သည့် ၈နှစ်တာ ကာလအတွင်း Huawei စမတ်ဖုန်းများကို နိုင်ငံတကာတင်သွင်းရောင်းချမှုသည် ၂၀၁၀ခုနှစ်တွင် ၃ မီလီယံခန့်ရှိခဲ့ရာမှ ၂၀၁၈ခုနှစ်တွင် ၂၀၀ မီလီယံအထိ ရောင်းချနိုင်ခဲ့သည်။ နိုင်ငံတကာစမတ်ဖုန်းဈေးကွက်တွင်လည်း Huawei မှာ တခြားသောစမတ်ဖုန်းအမျိုးအစားအုပ်စုမှ ကွဲထွက်လာပြီး ကမ္ဘာ့ ထိပ်တန်းအမှတ်တံဆိပ် ၃ခုစာရင်းတွင် ပါဝင်လာခဲ့ပါသည်။ ၂၀၁၈ခုနှစ် ဒုတိယနှင့် တတိယ ၄လပတ်တွင်မူ Huawei သည် နိုင်ငံတကာမားကတ်ရှယ်ယာ ၁၄.၆% ပိုင်ဆိုင်သည့် ဒုတိယမြောက် ကမ္ဘာ့အကြီးဆုံးစမတ်ဖုန်းထုတ်လုပ်သူ နေရာကို ထိုက်တန်စွာရရှိခဲ့ပါသည်။