Huawei ကနေ သူရဲ့ Mate Series ဖုန်းသစ်တွေဖြစ်တဲ့ Huawei Mate 10 နဲ့ Mate 10 Pro ဖုန်းတွေကို ထုတ်ဖော်ပြသလိုက်ပြီပဲဖြစ်ပါတယ်။

Huawei ရဲ့ Mate 10 နဲ့ Mate 10 Pro ဖုန်းတွေဟာဆိုရင် Specification အရ ကွာခြားမှုမရှိပေမယ့် Screen Size Ratio ပိုင်းနဲ့ ရေစိုခံနိုင်မှုမှာပဲကွာခြားသွားတာဖြစ်ပါတယ်။ Huawei Mate 10 က ပုံမှန် 16:9 Ratio Quad HD LCD Screen ကို အသုံးပြုထားပြီးတော့ Mate 10 Pro မှာတော့ 18:9 Ratio OLED Screen ကို ပြောင်းလဲအသုံးပြုထားတာဖြစ်ပါတယ်။ ရေစိုခံနိုင်မှုမှာလည်း Huawei Mate 10 က သာမန်ရေစင်ခံနိုင်ရုံ IP 53 ပဲ ပါဝင်ပေမယ့် Mate 10 Pro ကတော့ ရေစိမ်ပါ ခံနိုင်တဲ့ IP 67 Rating ပါဝင်တာဖြစ်ပါတယ်။

Huawei Mate 10 နဲ့ Mate 10 Pro မှာ မတူညီတဲ့အချက်တွေက ဒီနေရာမှာ ပြီးဆုံးသွားပြီး ဖုန်း ၂ မျိုးစလုံးမှာ Huawei ရဲ့ ကိုယ်ပိုင် HiSilicon Kirin 970 10nm CPU ပါဝင်မှာဖြစ်ပါတယ်။ ကင်မရာတွေအနေနဲ့လည်း OIS ပါဝင်တဲ့ 20MP နဲ့ 12MP ကင်မရာ ၂ လုံးကို အနောက်မှာတပ်ဆင်ထားပြီး Selfie Camera ကတော့ 8MP ပဲ ပါဝင်မှာဖြစ်ပါတယ်။

RAM အနေနဲ့ကတော့ Mate 10 မှာ RAM 4GB ပဲ ပါဝင်မှာဖြစ်ပြီး Mate 10 Pro မှာတော့ RAM 4GB အပြင် RAM 6GB Version ပါရွေးချယ်နိုင်မှာဖြစ်ပါတယ်။ Storage ကလည်း Mate 10 မှာ 64GB ပဲ ပါဝင်မှာဖြစ်ပြီးတော့ MicroSD Slot ပါဝင်မှာပါ။ Mate 10 Pro ကတော့ 64GB နဲ့ 128GB ဆိုပြီး ရွေးချယ်လို့ရပေမယ့် MicroSD Slot တော့ ပါဝင်တော့မှာမဟုတ်ပါဘူး။ ဒါ့အပြင် Huawei က RAM 6GB နဲ့ 256GB Storage ပါဝင်တဲ့ Porsche Edition Mate 10 ကိုလည်း ထပ်မံထုတ်လုပ်ခဲ့ပါသေးတယ်။

Huawei Mate 10 ရော Mate 10 Pro ဖုန်း ၂ လုံးစလုံးကို 4000mAh Battery တပ်ဆင်ပေးထားပြီး Android Version 8.0 ကို အခြေခံထားတဲ့ EMUI 8.0 ပါဝင်မှာဖြစ်ပါတယ်။ Software ပိုင်းအနေနဲ့တော့ Huawei ရဲ့ Kirin 970 CPU မှာ AI နည်းပညာအတွက် Neural Processing Unit (NPU) ပါဝင်ပြီး ဖုန်းကင်မရာရိုက်တဲ့နေရာမှာပဲဖြစ်ဖြစ်၊ ဓါတ်ပုံတွေရှာဖွေတဲ့နေရာမှာပဲဖြစ်ဖြစ်၊ ပုံမှန်အသုံးပြုနေတဲ့အချိန်မှာပဲဖြစ်ဖြစ် အသုံးပြုရလွယ်ကူအောင် Setting တွေကို အလိုအလျောက်ပြောင်းလဲပေးသွားမှာဖြစ်ပါတယ်။ နောက်ထပ်လဲ Monitor နဲ့ ချိတ်ဆက်ပြီး ကွန်ပျူတာတစ်ခုလို သုံးနိုင်တဲ့ Feature လည်း ပါဝင်ဦးမှာဖြစ်ပါတယ်။

ဈေးနှုန်းတွေအနေနဲ့ကတော့ Huawei Mate 10 ကို $825 ဝန်းကျင်၊ Mate 10 Pro ကို $945 ဝန်းကျင်နဲ့ Limited Edition ဖြစ်တဲ့ Porsche Design Huawei Mate 10 ကိုတော့ $1600 ဝန်းကျင်နဲ့ လာမယ့် နိုဝင်ဘာလမှာစတင်ရောင်းချသွားမယ်လို့ သိရပါတယ်။