Zawgyi Font Version

လာမယ့္ ေအာက္တိုဘာလကေတာ့ စမတ္ဖုန္းအသစ္မိတ္ဆက္ပြဲေတြနဲ႔ ျပည့္ႏွက္ေနတဲ့ လတစ္လပါ။ Razor Phone 2, LG V40 ThinQ, Honor Magic 2, Google Pixel 3, Huawei Mate 20 နဲ႔ OnePlus 6T တို႔ ေအာက္တိုဘာလထဲမွာ မိတ္ဆက္မယ္လို႔ သတင္းထြက္ေနျပီး သတင္းအတိုင္းသာ အဲ့ဒီ ဖုန္းေတြအကုန္ထြက္ခဲ့ရင္ေတာ့ ဘယ္ဖုန္းဝယ္ရမွန္းမသိေအာင္ ေခါင္းေျခာက္မယ့္လပါပဲ။ အဆိုပါ ဖုန္းေတြထဲကမွ Huawei Mate 20 နဲ႔ Mate 20 Pro ကိုမိတ္ဆက္ဖို႔အေတာ္နီးကပ္ေနျပီး အခုဆိုရင္ Mate 20 Pro ရဲ႕ ဖုန္း ဒီဇိုင္းနဲ႔ သူ႔အတြက္ ဆက္စပ္ပစၥည္းေတြရဲ႕ Render Image ေတြပ်ံ႕ႏွံ႔လို႔ေနပါျပီ။ သူ႔ထက္အရင္ Leak ေတြထြက္ရွိခဲ့တဲ့ Pixel 3 နဲ႔ 3XL ဟာဆိုရင္ ေပါက္ၾကားခဲ့တဲ့ Leak Image ေတြနဲ႔ Unboxing Video ေတြဟာ အတုေတြသာျဖစ္ခဲ့ပါတယ္။ အခု Mate 20 Pro ရဲ႕ Render Image ေတြကေတာ့ တစ္ကယ့္ အစစ္ေတြလို႔ေျပာၾကပါတယ္။


အခုထြက္ရွိခဲ့တဲ့ Render Image ေတြကေတာ့ ဖုန္းၾကီးပဲ သက္သက္မဟုတ္ပဲ ဖုန္းကာဗာေတြတပ္ထားတဲ့ ဒီဇိုင္းအေနအထားနဲ႔ ျမင္ေတြ႔ရမွာပါ။ SlashLeaks ကထုတ္ေဖာ္ခဲ့တဲ့ ပံုေတြမွာ Huawei Mate 20 Pro ကို Silicone Cover, Smartview Cover, PU Wallet Cover, NM Card နဲ႔ Wireless Charger အစရွိတဲ့ Accessories မ်ားနဲ႔အတူ ေတြ႔ရွိရပါတယ္။

ပံုေတြရဲ႕ အရည္အေသြးဟာ အရမ္းေသသပ္ျပီး သဘာဝဆန္ေနတဲ့အတြက္ ပံုေတြဟာ အတုမျဖစ္ႏိုင္ဘူးလို႔ XDA Developer ေတြကမွတ္ခ်က္ေပးခဲ့ၾကပါတယ္။ Mate 20 Pro ရဲ႕ Leak ေတြမထြက္ခင္တုန္းက Huawei ဟာ SD Card လိုမ်ိဳး Memory Card အမ်ိဳးအစားျဖစ္တဲ့ NM Card ဆိုတဲ့ နည္းပညာကို Huawei Mate 20 နဲ႔ Mate 20 Pro မွာ အသံုးျပဳဖို႔အတြက္ ၾကိဳးစားေနတယ္လို႔သတင္းထြက္ခဲ့ျပီး အခုထြက္ရွိလာတဲ့ Leaked Rendered Image ေတြမွာလည္း NM Card ကိုျမင္ရတဲ့ အတြက္ Mate 20 နဲ႔ Mate 20 Pro ရဲ႕ ေပါက္ၾကားခဲ့သမွ် အေၾကာင္းအရာေတြအကုန္လံုးက ဆီေလ်ာ္မွုရွိေနပါတယ္။

XDA Developer ေတြျဖည္ထုတ္ေပးခဲ့တဲ့ Huawei Mate 20 Pro ရဲ႕ Firmware လို႔ယူဆရတဲ့ Firmware ထဲက Wallpaper ေတြကလည္း အခု ေပါက္ၾကားထားတဲ့ Rendered Image ေတြထဲက Wallpaper ေတြနဲ႔ တူေနတယ့္အတြက္ အခု ေပါက္ၾကားလာတဲ့ ပံုေတြဟာ တစ္ကယ့္ Huawei Mate 20 အစစ္ရဲ႕ ပံုေတြျဖစ္ႏိုင္ပါတယ္။ ေပါက္ၾကားလာတဲ့ ပံုေတြထဲမွာ Wireless Charger ေတြ႔ရလို႔ Mate 20 Pro မွာ Wireless Charging ပါမယ္ဆိုတာေတာ့ ေသခ်ာသြားပါျပီ။

NM Card ဆိုတာကေတာ့ Huawei Mate 20 Pro မွာ Storage ထပ္တိုးခ်င္ရင္ ဝယ္ယူႏိုင္တဲ့ SD Card တစ္မ်ိဳးျဖစ္ႏိုင္ပါတယ္။ ရိုးရိုး Micro SD Card ထက္အရည္အေသြးပိုျမင့္မားျပီး Read, Write Speed ပိုျမန္မယ္လို႔ ခန္႔မွန္းရပါတယ္။ Mate 20 Pro မွာေတာ့ Mate 20 မွာလို Waterdrop Notch မပါဝင္ပဲ 3D Face Unlock နဲ႔ စနစ္ေၾကာင့္ Sensor ေတြပိုထည့္ထားရတဲ့အတြက္ သာမာန္ ဘာတန္းပံုစံ Notch ပဲပါဝင္မွာပါ။ ေနာက္ေၾကာဘက္ Camera ေလးလံုပါမယ္လို႔ခန္႔မွန္းေနၾကေပမယ့္ ေပါက္ၾကားလာတဲ့ ပံုေတြအရ Camera သံုးလံုးသာပါဝင္ျပီး ေလးလံုးေျမာက္ Camera လို႔ယူဆေနၾကတဲ့ အရာကေတာ့ Flashlight မီးလံုးသာျဖစ္ပါတယ္။

Ref: XDA News

Unicode Version

လာမယ့် အောက်တိုဘာလကတော့ စမတ်ဖုန်းအသစ်မိတ်ဆက်ပွဲတွေနဲ့ ပြည့်နှက်နေတဲ့ လတစ်လပါ။ Razor Phone 2, LG V40 ThinQ, Honor Magic 2, Google Pixel 3, Huawei Mate 20 နဲ့ OnePlus 6T တို့ အောက်တိုဘာလထဲမှာ မိတ်ဆက်မယ်လို့ သတင်းထွက်နေပြီး သတင်းအတိုင်းသာ အဲ့ဒီ ဖုန်းတွေအကုန်ထွက်ခဲ့ရင်တော့ ဘယ်ဖုန်းဝယ်ရမှန်းမသိအောင် ခေါင်းခြောက်မယ့်လပါပဲ။ အဆိုပါ ဖုန်းတွေထဲကမှ Huawei Mate 20 နဲ့ Mate 20 Pro ကိုမိတ်ဆက်ဖို့အတော်နီးကပ်နေပြီး အခုဆိုရင် Mate 20 Pro ရဲ့ ဖုန်း ဒီဇိုင်းနဲ့ သူ့အတွက် ဆက်စပ်ပစ္စည်းတွေရဲ့ Render Image တွေပျံ့နှံ့လို့နေပါပြီ။ သူ့ထက်အရင် Leak တွေထွက်ရှိခဲ့တဲ့ Pixel 3 နဲ့ 3XL ဟာဆိုရင် ပေါက်ကြားခဲ့တဲ့ Leak Image တွေနဲ့ Unboxing Video တွေဟာ အတုတွေသာဖြစ်ခဲ့ပါတယ်။ အခု Mate 20 Pro ရဲ့ Render Image တွေကတော့ တစ်ကယ့် အစစ်တွေလို့ပြောကြပါတယ်။

အခုထွက်ရှိခဲ့တဲ့ Render Image တွေကတော့ ဖုန်းကြီးပဲ သက်သက်မဟုတ်ပဲ ဖုန်းကာဗာတွေတပ်ထားတဲ့ ဒီဇိုင်းအနေအထားနဲ့ မြင်တွေ့ရမှာပါ။ SlashLeaks ကထုတ်ဖော်ခဲ့တဲ့ ပုံတွေမှာ Huawei Mate 20 Pro ကို Silicone Cover, Smartview Cover, PU Wallet Cover, NM Card နဲ့ Wireless Charger အစရှိတဲ့ Accessories များနဲ့အတူ တွေ့ရှိရပါတယ်။

ပုံတွေရဲ့ အရည်အသွေးဟာ အရမ်းသေသပ်ပြီး သဘာဝဆန်နေတဲ့အတွက် ပုံတွေဟာ အတုမဖြစ်နိုင်ဘူးလို့ XDA Developer တွေကမှတ်ချက်ပေးခဲ့ကြပါတယ်။ Mate 20 Pro ရဲ့ Leak တွေမထွက်ခင်တုန်းက Huawei ဟာ SD Card လိုမျိုး Memory Card အမျိုးအစားဖြစ်တဲ့ NM Card ဆိုတဲ့ နည်းပညာကို Huawei Mate 20 နဲ့ Mate 20 Pro မှာ အသုံးပြုဖို့အတွက် ကြိုးစားနေတယ်လို့သတင်းထွက်ခဲ့ပြီး အခုထွက်ရှိလာတဲ့ Leaked Rendered Image တွေမှာလည်း NM Card ကိုမြင်ရတဲ့ အတွက် Mate 20 နဲ့ Mate 20 Pro ရဲ့ ပေါက်ကြားခဲ့သမျှ အကြောင်းအရာတွေအကုန်လုံးက ဆီလျော်မှုရှိနေပါတယ်။

XDA Developer တွေဖြည်ထုတ်ပေးခဲ့တဲ့ Huawei Mate 20 Pro ရဲ့ Firmware လို့ယူဆရတဲ့ Firmware ထဲက Wallpaper တွေကလည်း အခု ပေါက်ကြားထားတဲ့ Rendered Image တွေထဲက Wallpaper တွေနဲ့ တူနေတယ့်အတွက် အခု ပေါက်ကြားလာတဲ့ ပုံတွေဟာ တစ်ကယ့် Huawei Mate 20 အစစ်ရဲ့ ပုံတွေဖြစ်နိုင်ပါတယ်။ ပေါက်ကြားလာတဲ့ ပုံတွေထဲမှာ Wireless Charger တွေ့ရလို့ Mate 20 Pro မှာ Wireless Charging ပါမယ်ဆိုတာတော့ သေချာသွားပါပြီ။

NM Card ဆိုတာကတော့ Huawei Mate 20 Pro မှာ Storage ထပ်တိုးချင်ရင် ဝယ်ယူနိုင်တဲ့ SD Card တစ်မျိုးဖြစ်နိုင်ပါတယ်။ ရိုးရိုး Micro SD Card ထက်အရည်အသွေးပိုမြင့်မားပြီး Read, Write Speed ပိုမြန်မယ်လို့ ခန့်မှန်းရပါတယ်။ Mate 20 Pro မှာတော့ Mate 20 မှာလို Waterdrop Notch မပါဝင်ပဲ 3D Face Unlock နဲ့ စနစ်ကြောင့် Sensor တွေပိုထည့်ထားရတဲ့အတွက် သာမာန် ဘာတန်းပုံစံ Notch ပဲပါဝင်မှာပါ။ နောက်ကြောဘက် Camera လေးလုံပါမယ်လို့ခန့်မှန်းနေကြပေမယ့် ပေါက်ကြားလာတဲ့ ပုံတွေအရ Camera သုံးလုံးသာပါဝင်ပြီး လေးလုံးမြောက် Camera လို့ယူဆနေကြတဲ့ အရာကတော့ Flashlight မီးလုံးသာဖြစ်ပါတယ်။

Ref: XDA News