[Zawgyi]

ယခုက်င္းပေနတဲ့ CES 2019 မွာေတာ့ Huawei ကုမၸဏီဟာ အေမရိကန္မွ သူတုိ႔ ပရိသတ္ေတြအတြက္ Mid-range တက္ဘလက္ MediaPad M5 lite နဲ႔ လက္ေတာ့ MateBook 13 တုိ႔ကို စတင္မိတ္ဆက္ခဲ့ပါတယ္။

MediaPad M5 Lite ကိုၿပီးခဲ့တဲ့ ေအာက္တုိဘာတုန္းက တရုတ္ျပည္တြင္းမွာ တိတ္တဆိတ္ပဲ စတင္ေရာင္းခ်ခဲ့ၿပီး ၁၀ – လက္မအရြယ္ တက္ဘလက္ေစ်းကြက္ကို ဝင္ေရာက္ယွဥ္ၿပိဳင္လာမွာပါ။ MediaPad M5 Lite မွာ 10.1” လက္မအရြယ္ IPS LCD ပါဝင္ၿပီး 1920 x 1200p Resolution ရွိတယ္။ Huawei ရဲ႕ Kirin 659 ခ်စ္ပ္ဆက္ကို အသုံးျပဳထားၿပီး 3GB RAM မန္မုိရီ၊ ထပ္မံတုိးခ်ဲ႕ႏုိင္ေသးတဲ့ 32GB Storage ပမာဏနဲ႔ အလြန္ႀကီးမားတဲ့ 7,500 mAh ဘကၳရီပမာဏတုိ႔ ပါဝင္ပါတယ္။

သူ႕ရဲ႕ထူးျခားခ်က္က စပီကာေလးခုေတာင္ ပါဝင္တာပါပဲ။ ဒါ့အျပင္ မိဘေတြအတြက္ ကိုယ့္ကေလးရဲ႕ အသုံးျပဳမႈကို ထိန္းခ်ဳပ္ေပးႏုိင္မယ့္ Kid’s Corner လည္း ပါဝင္တယ္။ အေမရိကန္ေစ်းကြက္ကို Space Grey ကာလာနဲ႔ ျဖန္႔ခ်ိလာမွာျဖစ္ၿပီး ဇန္နဝါရီလကုန္ပုိင္းေလာက္မွာ ေရာက္လာမွာပါ။ Huawei M-Pen Lite Stylus ပါဝင္တဲ့ MediaPad M5 Lite တစ္ခုကို ေဒၚလာ ၂၉၉ (ျမန္မာေငြ ေလးသိန္းေျခာက္ေသာင္းခန္႔) သတ္မွတ္ထားတယ္။

Huawei MateBook 13 ကေတာ့ Premium အဆင့္ လက္ေတာ့တစ္လုံးပါ။ သူ႕မွာ 13” လက္မအရြယ္ IPS LCD Touchscreen ပါဝင္ၿပီး 2160 x 1440p Resolution ျဖစ္တယ္။ X Pro လိုပဲ MateBook 13 မွာလည္း Huawei ရဲ႕အမွတ္အသားျဖစ္တဲ့ ပါးလႊာတဲ့ Bezel ေဘာင္နဲ႔ လက္ေတာ့ဒီဇုိင္းကို သုံးထားၿပီး Screen-to-body အခ်ဳိးက 88% ထိ ရွိပါတယ္။ ပါဝါခလုတ္ေပၚမွာ Fingerprint ပါ ပါဝင္တယ္။

MateBook 13 မွာ 8th Gen Whiskey Lake ခ်စ္ပ္ဆက္ အသုံးျပဳလာၿပီး 8GB LPDDR3 RAM မန္မုိရီနဲ႔ 256GB သို႔မဟုတ္ 512GB SSD ပါဝင္ပါတယ္။ Huawei MateBook 13 ကို အေမရိကန္ေစ်းကြက္မွာ ဇန္နဝါရီ ၂၉ ကေန စတင္ျဖန္႔ခ်ိသြားမွာပါ။ အေျခခံေမာ္ဒယ္က 8th Gen Whiskey Lake i5, 8GB Ram, 256GB Storage တုိ႔နဲ႔ျဖစ္ၿပီး Mystic Silver အေရာင္နဲ႔လာကာ ေဒၚလာ ၉၉၉ (ျမန္မာေငြ ၁၅ သိန္းေက်ာ္) သတ္မွတ္ထားတယ္။ အျမင့္ဆုံးဗားရွင္းကေတာ့ i7, 8GB RAM, 512GB SSD နဲ႔ 2GB NVIDIA GeForce MX150 ဂရပ္ဖစ္တုိ႔ ပါဝင္ၿပီး ေဒၚလာ ၁,၂၉၉ (ျမန္မာေငြ သိန္းႏွစ္ဆယ္ခန္႔) က်သင့္မွာျဖစ္ပါတယ္။

Ref – GSM Arena

[Unicode]

ယခုကျင်းပနေတဲ့ CES 2019 မှာတော့ Huawei ကုမ္ပဏီဟာ အမေရိကန်မှ သူတို့ ပရိသတ်တွေအတွက် Mid-range တက်ဘလက် MediaPad M5 lite နဲ့ လက်တော့ MateBook 13 တို့ကို စတင်မိတ်ဆက်ခဲ့ပါတယ်။

MediaPad M5 Lite ကိုပြီးခဲ့တဲ့ အောက်တိုဘာတုန်းက တရုတ်ပြည်တွင်းမှာ တိတ်တဆိတ်ပဲ စတင်ရောင်းချခဲ့ပြီး ၁၀ – လက်မအရွယ် တက်ဘလက်ဈေးကွက်ကို ဝင်ရောက်ယှဉ်ပြိုင်လာမှာပါ။ MediaPad M5 Lite မှာ 10.1” လက်မအရွယ် IPS LCD ပါဝင်ပြီး 1920 x 1200p Resolution ရှိတယ်။ Huawei ရဲ့ Kirin 659 ချစ်ပ်ဆက်ကို အသုံးပြုထားပြီး 3GB RAM မန်မိုရီ၊ ထပ်မံတိုးချဲ့နိုင်သေးတဲ့ 32GB Storage ပမာဏနဲ့ အလွန်ကြီးမားတဲ့ 7,500 mAh ဘက္ထရီပမာဏတို့ ပါဝင်ပါတယ်။

သူ့ရဲ့ထူးခြားချက်က စပီကာလေးခုတောင် ပါဝင်တာပါပဲ။ ဒါ့အပြင် မိဘတွေအတွက် ကိုယ့်ကလေးရဲ့ အသုံးပြုမှုကို ထိန်းချုပ်ပေးနိုင်မယ့် Kid’s Corner လည်း ပါဝင်တယ်။ အမေရိကန်ဈေးကွက်ကို Space Grey ကာလာနဲ့ ဖြန့်ချိလာမှာဖြစ်ပြီး ဇန်နဝါရီလကုန်ပိုင်းလောက်မှာ ရောက်လာမှာပါ။ Huawei M-Pen Lite Stylus ပါဝင်တဲ့ MediaPad M5 Lite တစ်ခုကို ဒေါ်လာ ၂၉၉ (မြန်မာငွေ လေးသိန်းခြောက်သောင်းခန့်) သတ်မှတ်ထားတယ်။

Huawei MateBook 13 ကတော့ Premium အဆင့် လက်တော့တစ်လုံးပါ။ သူ့မှာ 13” လက်မအရွယ် IPS LCD Touchscreen ပါဝင်ပြီး 2160 x 1440p Resolution ဖြစ်တယ်။ X Pro လိုပဲ MateBook 13 မှာလည်း Huawei ရဲ့အမှတ်အသားဖြစ်တဲ့ ပါးလွှာတဲ့ Bezel ဘောင်နဲ့ လက်တော့ဒီဇိုင်းကို သုံးထားပြီး Screen-to-body အချိုးက 88% ထိ ရှိပါတယ်။ ပါဝါခလုတ်ပေါ်မှာ Fingerprint ပါ ပါဝင်တယ်။

MateBook 13 မှာ 8th Gen Whiskey Lake ချစ်ပ်ဆက် အသုံးပြုလာပြီး 8GB LPDDR3 RAM မန်မိုရီနဲ့ 256GB သို့မဟုတ် 512GB SSD ပါဝင်ပါတယ်။ Huawei MateBook 13 ကို အမေရိကန်ဈေးကွက်မှာ ဇန်နဝါရီ ၂၉ ကနေ စတင်ဖြန့်ချိသွားမှာပါ။ အခြေခံမော်ဒယ်က 8th Gen Whiskey Lake i5, 8GB Ram, 256GB Storage တို့နဲ့ဖြစ်ပြီး Mystic Silver အရောင်နဲ့လာကာ ဒေါ်လာ ၉၉၉ (မြန်မာငွေ ၁၅ သိန်းကျော်) သတ်မှတ်ထားတယ်။ အမြင့်ဆုံးဗားရှင်းကတော့ i7, 8GB RAM, 512GB SSD နဲ့ 2GB NVIDIA GeForce MX150 ဂရပ်ဖစ်တို့ ပါဝင်ပြီး ဒေါ်လာ ၁,၂၉၉ (မြန်မာငွေ သိန်းနှစ်ဆယ်ခန့်) ကျသင့်မှာဖြစ်ပါတယ်။

Ref – GSM Arena