Huawei ရဲ့ MediaPad Tablet Series တွေဟာ အခုနောက်ပိုင်းမှာ တဖြည်းဖြည်း အရင်ထက်ပိုပြီးကောင်းလာပြီးတော့ တဖြည်းဖြည်းနဲ့ ပေးရတဲ့ဈေးထက် ပိုပြီးကောင်းတဲ့ စွမ်းဆောင်ရည်တွေပါဝင်လာတယ်လို့တောင်ပြောလို့ရပါတယ်။

အခုလက်ရှိမှာ Huawei ကနေ MediaPad M3 Tablet ကိုထုတ်လုပ်ထားပြီးတော့ မကြာခင်မှာ စွမ်းဆောင်ရည်မြင့် MediaPad M5 Tablet ကို ထုတ်လုပ်သွားမယ်လို့ ကြေငြာလိုက်ပြီပဲဖြစ်ပါါတယ်။ Mediapad M4 ကိုတော့ မထုတ်တော့ဘူးလို့ ယူဆရပါတယ်။

အခုထွက်ရှိလာမယ့် Huawei MeidaPad M5 Tablet ဟာ စွမ်းဆောင်ရည်မြင့်မားတဲ့ Kirin 960 2.4Ghz Octa Core Processor ကိုအသုံးပြုလာမှာဖြစ်ပြီးတော့ Screen Size အနေနဲ့ 8.4″ 2560×1600 Resolution အထိရှိမယ်လို့ သိရပါတယ်။

အဆိုပါ MediaPad M5 Tablet ဟာ Android 8.0 Oreo နဲ့တစ်ခါတည်း ထွက်ရှိလာမှာဖြစ်ပြီးတော့ LTE နဲ့ Fingerprint Scanner တွေလည်းပါဝင်လာမယ်လို့သိရပါတယ်။ Huawei ကနေ အခု MediaPad M5 Tablet ကို လာမယ့် ဇန်နဝါရီလမှာကျင်းပမယ့် CES 2018 ပွဲမှာ ပြသသွားမှာဖြစ်ပါတယ်။