အခုနောက်ပိုင်းမှာ စမတ်ဖုန်းတွေအများစုက ပုံမှန် 16:9 Ratio Display တွေအစား ပုံမှန်ထက်ပိုပြီး ရှည်တဲ့ 18:9 Aspect Ratio Display တွေကို အသုံးပြုလာကြပါတယ်။ အခုအချိန်မှာ HUAWEI nova 2i လိုမျိုး စမတ်ဖုန်းတွေကလည်း ဈေးနှုန်းသက်သက်သာသာနဲ့ 18:9 Ratio ကို အသုံးပြုလာကြတဲ့အတွက် အခုလိုမျိုး 18:9 Ratio FullView Display တွေကို အသုံးပြုလာတာကဘယ်လိုအားသာချက်တွေရှိမလဲဆိုတာကို လေ့လာကြည့်ရအောင်လား?

(၁) ပိုမိုကြီးမားတဲ့ Display နဲ့ ကိုင်ရတာကြီးမလာတဲ့ ဖုန်းကိုယ်ထည်

အခုလိုမျိုး 18:9 Aspect Ratio FullView Display ဖုန်းတွေရဲ့ အဓိကအားသာချက်ကတော့ ဖုန်းရဲ့ Display က ပုံမှန်စမတ်ဖုန်းတွေထက်ပိုပြီး ကြီးမားတဲ့အတွက် ဖုန်းကို အသုံးပြုရတာက ပိုပြီး ကျယ်ပြန့်တဲ့ Display ကို အသုံးပြုနိုင်မှာပါ။

အခု HUAWEI nova 2i လိုမျိုးဖုန်းမှာ ကြီးမားတဲ့ 5.99″ Display ပါဝင်ပေမယ့် ဖုန်းရဲ့ အပေါ်ဘက်နဲ့ အောက်ဘက်မှာ ဘေးဘောင်တွေကို ပိုပြီး သေးငယ်အောင်ပြုလုပ်ထားတဲ့အတွက် သာမန် 5.5″ Display နဲ့ ဖုန်းတစ်ခုအရွယ်အစားပဲရှိမှာဖြစ်ပါတယ်။ Display က သာမန်ထက်လည်း ပိုရှည်လာတဲ့အတွက် စာဖတ်တဲ့အချိန်မှာ အကောင်းဆုံးအတွေ့အကြုံကို ရရှိမှာပါ။

(၂) ဂိမ်းဆော့၊ ရုပ်ရှင်ကြည့်လို့ ပိုကောင်းလာတဲ့ Display

HUAWEI nova 2i စမတ်ဖုန်းလိုမျိုးဖုန်းတွေမှာ အသုံးပြုထားတဲ့ 18:9 Display ဟာ ရုပ်ရှင်ရုံတွေမှာ အသုံးပြုတဲ့ 21:9 Display တွေနဲ့ အနီးစပ်ဆုံးတူညီတဲ့ Display Ratio ဖြစ်ပါတယ်။

အဲ့ဒီအတွက် ရုပ်ရှင်ကြည်ဖို့ပဲဖြစ်ဖြစ်၊ ဂိမ်းဆော့ဖို့ပဲဖြစ်ဖြစ် အခု 18:9 Ratio Display ဟာ အကောင်းဆုံးဖြစ်နေမှာ အသေအချာပါပဲ။

(၃) ပိုမိုလှပလာတဲ့ ဒီဇိုင်း

18:9 Ratio Display နဲ့ ဖုန်းတွေကို ကြည့်လိုက်မယ်ဆိုရင် ဖုန်းရဲ့ အရှေ့ဘက်မှာ ကြီးမားတဲ့ Display တစ်ခုထဲနဲ့ လှပနေတာကိုတွေ့ရမှာပါ။ အခုလိုမျိုး 18:9 Display ကြောင့် Fingerprint Sensor တွေကို ဖုန်းရဲ့ အနောက်ကိုပို့လိုက်ရတဲ့အတွက် ဖုန်းရဲ့အရှေ့ဘက်မှာ ကျော့ရှင်းလှပတဲ့ဒီဇိုင်းရှိနေတာကို တွေ့ရတာကို တွေ့ရမှာပါ။