ဈေးနှုန်းအသင့်အတင့်နဲ့ Mid Range စမတ်ဖုန်းတွေဟာ လက်ရှိအချိန်မှာတော့ လူအများဆုံး ဝယ်ယူမှုအများဆုံး စမတ်ဖုန်းတွေလို့ ပြောလို့ရပါတယ်။ ပြီးခဲ့တဲ့နှစ်တွေတုန်းက အကောင်းဆုံးသော စမတ်ဖုန်း Features တွေဟာ High End Premium ဖုန်းတွေမှာပဲ ပါဝင်ပြီး Mid Range စမတ်ဖုန်းတွေမှာတော့ ပါဝင်ခြင်းမရှိခဲ့တဲ့အတွက် လူအများစုအနေနဲ့ အကောင်းစား Feature တွေကို Mid Range ဖုန်းတွေမှာ အသုံးမပြုနိုင်ခဲ့တာပဲဖြစ်ပါတယ်။

ဒါပေမယ့် အဲ့ဒါတွေက အခု HUAWEI ကနေ nova 2i စမတ်ဖုန်းကို ထုတ်လုပ်ပြီးတော့ Mid Range ဖုန်းဈေးကွက်ကို ပြန်လည်ဦးဆောင်ခဲ့တာကို တွေ့ရပါတယ်။ ဘာဖြစ်လို့လဲဆိုရင် HUAWEI ရဲ့ nova 2i စမတ်ဖုန်းမှာ 5.99″ Full HD+ Display ၊ ကင်မရာ (၄) လုံး ၊ လှပတဲ့ Metal Body အစရှိတဲ့ High-end ဖုန်းတွေမှာပဲ ပါဝင်တတ်တဲ့ Features တွေကို ထည့်သွင်းပေးခဲ့လို့ပဲဖြစ်ပါတယ်။

High-end Features တွေပါဝင်လာလို့ Specifications ပိုင်းကလည်း လျော့နည်းသွားခြင်းမရှိပဲ Huawei ရဲ့ ကိုယ်ပိုင် Octa Core CPU တစ်ခုဖြစ်တဲ့ Kirin 659 Processor ကို အသုံးပြုထားပြီးတော့ RAM 4GB နဲ့ Storage ကလည်း 64GB ပါဝင်တဲ့အတွက် ပုံမှန်စမတ်ဖုန်းအသုံးပြုသူတွေအတွက် လုံလောက်တာထက်တောင် ပိုနေတယ်လို့ ပြောလို့ရပါတယ်။

HUAWEI nova 2i ရဲ့ အားသာချက်အနေနဲ့ဆိုရင်တော့ ကင်မရာ ၄ လုံးကိုပဲ ပြောရမှာပါ – လောလောဆယ်မှာ HUAWEI nova 2i စမတ်ဖုန်းဟာ လက်ရှိဈေးကွက်ထဲမှာ ပထမဆုံး ကင်မရာ ၄ လုံးပါဝင်တဲ့ စမတ်ဖုန်းတစ်ခုဖြစ်ပြီး အနောက်ဖက် ကင်မရာက 16MP + 2MP Camera နဲ့ အရှေ့ဘက် Selfie Camera ကတော့ 13MP + 2MP ပါဝင်မှာဖြစ်ပါတယ်။ အဲ့ဒါကြောင့် အခုနောက်ပိုင်း ခေတ်စားနေတဲ့ Selfie Camera တွေလည်း စိတ်ကြိုက်ရိုက်ကူးနိုင်မှာပါ။

HUAWEI nova 2i စမတ်ဖုန်းက အားနည်းချက်အနေနဲ့ ပြောမယ်ဆိုရင် Battery က တစ်နေ့တာအတွက် လုံလောက်တဲ့ 3240mAh Battery ပါဝင်တယ်ဆိုပေမယ့် Fast Charging စနစ်မပါဝင်လာကိုပဲပြောရမှာပါ။ ဒါပေမယ့် တစ်ခုပြန်ကြည့်ရင်လည်း ဒီဈေးဝန်းကျင်မှာရှိတဲ့ Mid Range စမတ်ဖုန်းအများစုကလည်း Fast Charging စနစ်ကို Support မလုပ်တဲ့အတွက်ကြောင့် ဒီအချက်က လုံးဝအားနည်းချက်တစ်ခုလို့တော့ ပြောလို့မရပြန်ပါဘူး။

HUAWEI nova 2i စမတ်ဖုန်းဟာ အခြားစမတ်ဖုန်းတွေနဲ့ ယှဉ်ရင် လှပတဲ့ Metal Body နဲ့ တည်ဆောက်ထားတဲ့အပြင် အခုရောင်းချနေတဲ့ Aurora Blue အရောင်ကလည်း တမျိုးဆန်းသစ်နေတဲ့အတွက် လက်ရှိ Mid Range စမတ်ဖုန်းတွေထဲမှာ အကောင်းဆုံးဖုန်းလို့ ပြောလို့ရမှာပါ။