[Zawgyi]

Huawei ဟာ Nova 4 ကို လာမယ့္ ဒီဇင္ဘာလ ၁၇ ရက္ေန႔မွာ ထုတ္ေဖာ္ျပသမွာ ျဖစ္ပါတယ္။ ေနာက္တစ္ပတ္ၾကာရင္ေတာ့ သူတို႔ရဲ႕ အမည္ခြဲတစ္ခုျဖစ္တဲ့ Honor View 20 ကို ဆက္လက္ မိတ္ဆက္မယ္လို႔လည္း သိရပါတယ္။ ဒီဖုန္းႏွစ္မ်ိဳးလုံးက မ်က္ႏွာျပင္တြင္းမွာ Selfie ကင္မရာျမႇဳပ္ႏွံတပ္ဆင္ထားၾကတာ ျဖစ္ပါတယ္။

လက္ရွိထြက္ေပၚလာတဲ့ သတင္းေတြအရေတာ့ Huawei Nova 4 ဟာ ေက်ာဘက္မွာကင္မရာ ကင္မရာသုံးလုံး တပ္ဆင္ေပးထားမွာ ျဖစ္ပါတယ္။ ဒီအထဲကမွ အဓိကကင္မရာဟာ 48MP ရွိတယ္လို႔ သိရပါတယ္။ ဒီအခ်က္အလက္ေတြကို “48MP AI camera” ဆိုတဲ့ စာသားနဲ႔အတူ TENAA မွာ ေတြ႕ရွိရတာလည္း ျဖစ္ပါတယ္။

Huawei Nova 4 ေနာက္မွာ မိတ္ဆက္မယ့္ Honor View 20 ကလည္း 48MP ကင္မရာတပ္ဆင္ထားေၾကာင္း တရားဝင္ ထုတ္ေဖာ္ခဲ့ၿပီးတာေၾကာင့္ Nova 4 ရဲ႕ 48MP ကင္မရာအတြက္ သံသယ ျဖစ္စရာ မလိုေတာ့ဘူးလို႔ ဆိုရမွာပါ။ Nova 4 ရဲ႕ ကင္မရာတပ္ဆင္ထားပုံကေတာ့ ယခင္က ေဖာ္ျပခဲ့တဲ့အတိုင္း P20 Pro နဲ႔ ဆင္တူတယ္လို႔ ေျပာႏိုင္ပါတယ္။

ဒီေန႔ထိ TENAA မွာ Nova 4 နဲ႔ ပတ္သက္တဲ့ Full Specs ကို မေတြ႕ရေသးတာေၾကာင့္ ရက္အနည္းငယ္ေတာ့ ေစာင့္ဆိုင္းရဦးမွာျဖစ္ပါတယ္။ ဒါေပမယ့္လည္း Nova 4 ဟာ Kirin 710 သုံးထားမယ္လို႔ သတင္းေမႊးေနတာပါ။ ဒါ့အျပင္ မ်က္ႏွာျပင္အ႐ြယ္အစားက 6.41-inch လို႔ သတင္းရရွိထားပါတယ္။ ဘက္ထရီပမာဏကေတာ့ 3,900mAh ျဖစ္တယ္လို႔ သိရပါတယ္။

 

Ref: GSMarena

 

[Unicode]

Huawei ဟာ Nova 4 ကို လာမယ့် ဒီဇင်ဘာလ ၁၇ ရက်နေ့မှာ ထုတ်ဖော်ပြသမှာ ဖြစ်ပါတယ်။ နောက်တစ်ပတ်ကြာရင်တော့ သူတို့ရဲ့ အမည်ခွဲတစ်ခုဖြစ်တဲ့ Honor View 20 ကို ဆက်လက် မိတ်ဆက်မယ်လို့လည်း သိရပါတယ်။ ဒီဖုန်းနှစ်မျိုးလုံးက မျက်နှာပြင်တွင်းမှာ Selfie ကင်မရာမြှုပ်နှံတပ်ဆင်ထားကြတာ ဖြစ်ပါတယ်။

လက်ရှိထွက်ပေါ်လာတဲ့ သတင်းတွေအရတော့ Huawei Nova 4 ဟာ ကျောဘက်မှာကင်မရာ ကင်မရာသုံးလုံး တပ်ဆင်ပေးထားမှာ ဖြစ်ပါတယ်။ ဒီအထဲကမှ အဓိကကင်မရာဟာ 48MP ရှိတယ်လို့ သိရပါတယ်။ ဒီအချက်အလက်တွေကို “48MP AI camera” ဆိုတဲ့ စာသားနဲ့အတူ TENAA မှာ တွေ့ရှိရတာလည်း ဖြစ်ပါတယ်။

Huawei Nova 4 နောက်မှာ မိတ်ဆက်မယ့် Honor View 20 ကလည်း 48MP ကင်မရာတပ်ဆင်ထားကြောင်း တရားဝင် ထုတ်ဖော်ခဲ့ပြီးတာကြောင့် Nova 4 ရဲ့ 48MP ကင်မရာအတွက် သံသယ ဖြစ်စရာ မလိုတော့ဘူးလို့ ဆိုရမှာပါ။ Nova 4 ရဲ့ ကင်မရာတပ်ဆင်ထားပုံကတော့ ယခင်က ဖော်ပြခဲ့တဲ့အတိုင်း P20 Pro နဲ့ ဆင်တူတယ်လို့ ပြောနိုင်ပါတယ်။

ဒီနေ့ထိ TENAA မှာ Nova 4 နဲ့ ပတ်သက်တဲ့ Full Specs ကို မတွေ့ရသေးတာကြောင့် ရက်အနည်းငယ်တော့ စောင့်ဆိုင်းရဦးမှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း Nova 4 ဟာ Kirin 710 သုံးထားမယ်လို့ သတင်းမွှေးနေတာပါ။ ဒါ့အပြင် မျက်နှာပြင်အရွယ်အစားက 6.41-inch လို့ သတင်းရရှိထားပါတယ်။ ဘက်ထရီပမာဏကတော့ 3,900mAh ဖြစ်တယ်လို့ သိရပါတယ်။

 

Ref: GSMarena