Zawgyi

မိတ္ဆက္မယ့္ရက္ နီးကပ္လာရင္ သတင္းေပါက္ၾကားမႈ ပိုမ်ားလာတာဟာ စမတ္ဖုန္းေလာကရဲ႕ ထုံးစံပါ။ Huawei အေနနဲ႔ Nova 4 ကို လာမယ့္ ဒီဇင္ဘာလ ၁၇ရက္ေန႔မွာ မိတ္ဆက္ႏိုင္ဖို႔အတြက္ ျပင္ဆင္ေနၿပီ ျဖစ္ပါတယ္။

စမတ္ဖုန္းကုမၸဏီေတြအေနနဲ႔ သူတို႔ရဲ႕ စမတ္ဖုန္းကို မိတ္ဆက္ပြဲက်င္းပတဲ့ အခါေရာက္မွ လူအမ်ား အံ့ၾသသြားေအာင္ ထုတ္ေဖာ္ျပသလိုၾကေပမယ့္ Leaker ေတြရဲ႕ အစြမ္းေၾကာင့္ သူတို႔ရဲ႕ လိုအင္ဆႏၵေတြ မျပည့္ဝခဲ့ၾကပါဘူး။ ကြၽန္ေတာ္တို႔လို လူေတြအတြက္ကေတာ့ စမတ္ဖုန္း တစ္လုံးရဲ႕ အခ်က္အလက္နဲ႔ ဒီဇိုင္း ကာလာ အေနအထားေတြကို တရားဝင္ မိတ္မဆက္ခင္မွာ ႀကိဳသိခြင့္ရတာက တမူထူးျခားတဲ့ ကံတစ္မ်ိဴးလို႔ ေျပာရမွာပါ။

ဒီေန႔မွာလည္း Huawei Nova 4 ရဲ႕ အခ်က္အလက္တခ်ိဴ႕နဲ႔ ထုတ္လုပ္ေရာင္းခ်သြားမယ့္ အေရာင္ေတြကို ထပ္မံသိရွိခြင့္ ရခဲ့ျပန္ပါၿပီ။ Nova 4 ကို ဗားရွင္း ၂မ်ိဴးနဲ႔ ထုတ္လုပ္သြားႏိုင္ဖြယ္ ရွိၿပီး ကင္မရာ Sensor အသုံးျပဳမႈေတြ ကြားျခားသြားမယ္လို႔ သိရပါတယ္။ ေမာ္ဒယ္အျမင့္မွာ 48MP+16MP+2MP Triple Camera Setup ကိုတပ္ဆင္ထားႏိုင္ၿပီး ေမာ္ဒယ္အနိမ့္မွာေတာ့ 20MP+16MP+2MP Triple Camera Setup ကို တပ္ဆင္ထားႏိုင္ပါတယ္။

Kirin 970 SoC, RAM 8GB နဲ႔ Storage 128GB ထည့္သြင္းထားႏိုင္ၿပီး ဘက္ထရီ ပမာဏ 3750mAh ပါဝင္တယ္လို႔ သိရပါတယ္။ ဒါ့အျပင္ 18W အျမန္အားသြင္းစနစ္လည္း ေထာက္ပံ့ထားႏိုင္ပါတယ္။ 6.4” FHD+ Resolution ရွိတဲ့ LCD Display ကို အသုံးျပဳထားႏိုင္ၿပီး Display Hole ဒီဇိုင္းနဲ႔ ပြဲထြက္လာႏိုင္ပါတယ္။ Display Hole ထဲမွာေတာ့ 25MP Selfie Camera ကို ထည့္သြင္းတပ္ဆင္ထားတယ္လို႔ သိရပါတယ္။

Huawei Nova 4 ကို Fritillaria White, Suyin Blue, Honey Red နဲ႔ Bright Black ဆိုၿပီး အေရာင္ ၄မ်ိဴးနဲ႔ ထုတ္လုပ္ေရာင္းခ်သြားႏိုင္ၿပီး ေစ်းႏႈန္းကိုေတာ့ ခုခ်ိန္ထိ တိတိက်က် မသိရေသးပါဘူး။

Ref: gizmochina

Unicode

တရားဝင် မိတ်မဆက်ခင်မှာ ပေါ်ထွက်လာတဲ့ Huawei Nova 4 ရဲ့ အလန်းစား ဓာတ်ပုံများ

မိတ်ဆက်မယ့်ရက် နီးကပ်လာရင် သတင်းပေါက်ကြားမှု ပိုများလာတာဟာ စမတ်ဖုန်းလောကရဲ့ ထုံးစံပါ။ Huawei အနေနဲ့ Nova 4 ကို လာမယ့် ဒီဇင်ဘာလ ၁၇ရက်နေ့မှာ မိတ်ဆက်နိုင်ဖို့အတွက် ပြင်ဆင်နေပြီ ဖြစ်ပါတယ်။

စမတ်ဖုန်းကုမ္ပဏီတွေအနေနဲ့ သူတို့ရဲ့ စမတ်ဖုန်းကို မိတ်ဆက်ပွဲကျင်းပတဲ့ အခါရောက်မှ လူအများ အံ့သြသွားအောင် ထုတ်ဖော်ပြသလိုကြပေမယ့် Leaker တွေရဲ့ အစွမ်းကြောင့် သူတို့ရဲ့ လိုအင်ဆန္ဒတွေ မပြည့်ဝခဲ့ကြပါဘူး။ ကျွန်တော်တို့လို လူတွေအတွက်ကတော့ စမတ်ဖုန်း တစ်လုံးရဲ့ အချက်အလက်နဲ့ ဒီဇိုင်း ကာလာ အနေအထားတွေကို တရားဝင် မိတ်မဆက်ခင်မှာ ကြိုသိခွင့်ရတာက တမူထူးခြားတဲ့ ကံတစ်မျိူးလို့ ပြောရမှာပါ။

ဒီနေ့မှာလည်း Huawei Nova 4 ရဲ့ အချက်အလက်တချိူ့နဲ့ ထုတ်လုပ်ရောင်းချသွားမယ့် အရောင်တွေကို ထပ်မံသိရှိခွင့် ရခဲ့ပြန်ပါပြီ။ Nova 4 ကို ဗားရှင်း ၂မျိူးနဲ့ ထုတ်လုပ်သွားနိုင်ဖွယ် ရှိပြီး ကင်မရာ Sensor အသုံးပြုမှုတွေ ကွားခြားသွားမယ်လို့ သိရပါတယ်။ မော်ဒယ်အမြင့်မှာ 48MP+16MP+2MP Triple Camera Setup ကိုတပ်ဆင်ထားနိုင်ပြီး မော်ဒယ်အနိမ့်မှာတော့ 20MP+16MP+2MP Triple Camera Setup ကို တပ်ဆင်ထားနိုင်ပါတယ်။

Kirin 970 SoC, RAM 8GB နဲ့ Storage 128GB ထည့်သွင်းထားနိုင်ပြီး ဘက်ထရီ ပမာဏ 3750mAh ပါဝင်တယ်လို့ သိရပါတယ်။ ဒါ့အပြင် 18W အမြန်အားသွင်းစနစ်လည်း ထောက်ပံ့ထားနိုင်ပါတယ်။ 6.4” FHD+ Resolution ရှိတဲ့ LCD Display ကို အသုံးပြုထားနိုင်ပြီး Display Hole ဒီဇိုင်းနဲ့ ပွဲထွက်လာနိုင်ပါတယ်။ Display Hole ထဲမှာတော့ 25MP Selfie Camera ကို ထည့်သွင်းတပ်ဆင်ထားတယ်လို့ သိရပါတယ်။

Huawei Nova 4 ကို Fritillaria White, Suyin Blue, Honey Red နဲ့ Bright Black ဆိုပြီး အရောင် ၄မျိူးနဲ့ ထုတ်လုပ်ရောင်းချသွားနိုင်ပြီး စျေးနှုန်းကိုတော့ ခုချိန်ထိ တိတိကျကျ မသိရသေးပါဘူး။

Ref: gizmochina