[Zawgyi]
[Unicode]
Huawei ရဲ့ ပထမဦးဆုံး Punch Full View Display ပါရှိတဲ့ Nova 4 ကို မြန်မာနိုင်ငံမှာ တရားဝင်မိတ်ဆက်
25 MP Selfie Camera ပါဝင်သည့် အဆိုပါ Selfie Superstar စမတ်ဖုန်းတွင် ကမ္ဘာ့အသေးငယ်ဆုံးသော အရှေ့ကင်မရာပါရှိပြီး စမတ်ဖုန်းလောကတွင် တစ်ခေတ်ဆန်းသည့် တီထွင်ဆန်းသစ်မှုများ ပေးရန်ဟူသော Huawei ၏ ရည်မှန်းချက်အား သက်သေထူနိုင်ခဲ့
Huawei Nova Series အား ကိုယ်စားပြုသူအဖြစ် May Grace အား တရားဝင်ခန့်အပ်ခဲ့
ရန်ကုန် ၊ မြန်မာ – ဖေဖော်ဝါရီလ ၁၄ ရက် ၊ ၂၀၁၉ ခုနှစ် – Huawei Consumer Business Group (Myanmar) သည် ယနေ့တွင် သုံးစွဲသူများ စောင့်မျှော်နေကြသည့် Huawei Nova 4 အား မြန်မာနိုင်ငံတွင် စတင်မိတ်ဆက်ပေးခဲ့ပြီး အဆိုပါ စမတ်ဖုန်း၌ ဈေးကွက်ထဲတွင် ပထမဆုံး နှင့် တစ်မူထူးခြားသော ၆.၄ လက်မ မျက်နှာပြင်အရွယ်ရှိ Punch Hole Full View Display နှင့် ကမ္ဘာ့အသေးငယ်ဆုံး အရှေ့ကင်မရာတို့ပါဝင်လာကြောင်းသိရသည်။
အဆိုပါ ‘Selfie Superstar’ စမတ်ဖုန်းတွင် Huawei ၏ တမူထူးခြားသည့် under-display ကင်မရာ နည်းပညာ အသုံးပြုထားသော 25MP AI selfie front camera ပါရှိသည့်အပြင် ပြီးပြည့်စုံသည့် ဖုန်းမျက်နှာပြင် နှင့် ပိုမိုသေးငယ်သော အချင်းရှိသည့် ကင်မရာအပေါက်အား ဖန်တီးနိုင်ခဲ့သည်။ Nova 4 တွင် လက်ရှိ စမတ်ဖုန်း ဈေးကွက်ထဲတွင် အသေးငယ်ဆုံးဟုဆိုနိုင်သော 4.5mm အရွယ်ရှိသော ကင်မရာအပေါက် နှင့် အချင်း 3.05mm ရှိသော အရှေ့ကင်မရာအား ထည့်သွင်းမြှုပ်နှံ လာနိုင်ခဲ့သည်။ ။ ဒါ့အပြင် Ultra-wide-angle Lens လည်းပါဝင်လာခဲ့ပြီး ထည့်သွင်းထားသည့် ကျောဖက် ကင်မရာ ၃ လုံးမှာ 16MP wide angle lens ၊ 20MP Ultra-clarity lens နှင့် 2MP Bokeh lens ကင်မရာများ ဖြစ်သည့်အတွက် သုံးစွဲသူများ သုံးဆပျော်ရွှင်စေမည့် လူငယ်ဆန်ဆန် flagship တန်းဝင်ဖုန်းတစ်လုံးဖြစ်သည်။
“Nova စီးရီးဟာ ငယ်ရွယ်နုပျိုမှု နဲ့ တက်ကြွလန်းဆန်းတဲ့ လူငယ်တွေရဲ့ဘဝကို ကိုယ်စားပြုပါတယ်။ အခုလိုမျိုး နောင်မှာ လူကြီးဖြစ်လာမည့် လူငယ်တွေထံကို အခုဆိုရင် အရင်တုန်းက Flagship ဖုန်းတွေမှာသာ အသုံးပြုနိုင်တဲ့ အဆင့်မြင့် နည်းပညာ နဲ့ လုပ်ဆောင်ချက်တွေကို ယူဆောင်လာနိုင်ခဲ့ပြီဖြစ်ပါတယ်။ ဒါ့အပြင် ဒီ Nova 4 မှာ ထည့်သွင်းလာနိုင်တဲ့ 6.4 လက်မ မျက်နှာပြင် အရွယ်ရှိ Punch Hole Full View Display ကို မြန်မာနိုင်ငံမှာပါ မိတ်ဆက်လိုက်နိုင်ပြီဖြစ်တဲ့ ကျွန်မတို့ Huawei အနေနဲ့ ခေတ်ရေစီးကြောင်းရဲ့ အရှေ့မှာ အမြဲရပ်တည်နေနိုင်တယ်ဆိုတာကို နောင်တစ်ကြိမ် သက်သေစိုက်ထူလိုက်နိုင်ခြင်းဖြစ်ပါတယ်။” ဟု Huawei Consumer Business Group ၏ Marketing Director ဖြစ်သူ မခင်ရတနာဝင်း မှ ပြောကြားခဲ့သည်။
Nova 4 ကင်မရာများတွင် AI လုပ်ဆောင်ချက်များပါဝင်လာပြီး AI beauty engine စွမ်းရည်ဖြင့် ပိုစတာအရည်အသွေးရှိပြီး ပိုမိုကောင်းမွန်သည့် selfie များကိုရိုက်ကူးနိုင်စေမည်ဖြစ်သည်။ Kirin 970, Sony IMX576 25MP sensor နှင့် NPU chipset များ ပါဝင်ပြီး AI ပါဝင်သောကြောင့် အရှေ့ဖက်ကင်မရာမှ အရိုက်များသော scene ၈ ခု ကျော်ကို သိမြင်တုံ့ပြန်နိုင်စွမ်းရှိသည်။
မြန်မာနိုင်ငံတွင် ယနေ့တရားဝင်မိတ်ဆက်လိုက်သည့် Huawei Nova ထုတ်ကုန်များအနက် လေးခုမြောက်မျိုးဆက်ဖြစ်သည့် Nova 4 တွင် Huawei ၏ Flagship ထုတ်ကုန်များတွင်သာ အသုံးပြုလေ့ရှိသည့် 10nm အရွယ်ရှိ Kirin 970 ၊ 8GB RAM နှင့် 128 GB ROM ၊ ကြာရှည်ခံသည့် 3750 mAh ဘတ္ထရီ နှင့် ဂိမ်းလုပ်ဆောင်ချက်များကို အထစ်အငေါ့မရှိအောင် ပံ့ပိုးပေးနိုင်မည့် GPU Turbo 2.0 အစရှိသည့် လုပ်ဆောင်ချက်များ ပါဝင်လာသည်။
အသုံးပြုသူများအတွက် ပိုမိုကောင်းမွန်သော ရုပ်ထွက်ကြည့်ရှုခြင်း အတွေ့အကြုံကောင်းများရရှိစေရန်နှင့် Nova ၏ သင်္ကေတဖြစ်သည့် အနုပညာမြောက်သောသွင်ပြင်ကို ပိုမိုပေါ်လွင်စေရန် Huawei မှ sensor ပိုင်းဆိုင်ရာဆန်းသစ်တီထွင်မှုများ ပြုလုပ်ပေးခဲ့သည့်အပြင် ဖုန်းထိပ်ပိုင်းရှိ ဘောင်များအား လျှော့ချ ပေးခြင်းဖြင့် ပိုမိုကြီးမားကျယ်ပြန့်သောကြည့်ရှုခြင်း အတွေ့အကြုံအား ဖန်တီးပေးနိုင်ခဲ့သည်။ Proximity Sensor အား ဖုန်း၏ထိပ်ပိုင်းတွင် နေရာချထားနိုင်ခဲ့သည့်အတွက်ပါရှိသည့် ဘောင်အား အလွန်ပါးလွှာသယောင်ဖြစ် အောင် ပြုလုပ်ဖန်တီးနိုင်ခဲ့သည်။
ကျော့ရှင်းလှပပြီး အနုပညာမြောက်သော 3D မှန် ဖုန်းကိုယ်ထည်အား Nova 4 တွင်တပ်ဆင်ထားပြီး၊ 7.7mm သာရှိသော အထူ နှင့် 172 gram အလေးချိန်သာ ရှိသောကြောင့် ဖုန်းကိုင်တွယ်အသုံးပြုသည့်အခါ သေးသွယ်ပါးလွှာရုံသာမက ပေါ့ပါးနေမည်ဖြစ်သည်။ Nova 4 အား မြန်မာပြည် ဈေးကွက်ထဲတွင် Crush Blue နှင့် Black အရောင်နှစ်ရောင်ဖြင့်ရရှိနိုင်ပါသည်။
Huawei Nova 4 အား ဝယ်ယူသည့် သုံးစွဲသူများမှ အထူးလက်ဆောင်အဖြစ် လွန်စွာပါးလွှာသည့် Professional Sports-Design Smartwatch ဖြစ်သည့် Huawei Watch GT အား လက်ဝယ်ကိုင်ဆောင်အသုံးပြုနိုင်မည်ဖြစ်သည်။ အဆိုပါ GT Watch တွင် အိပ်စက် အနားယူခြင်း ၊ ကိုယ်လက်လှုပ်ရှားမှု ၊ နှလုံးခုန်နှုန်း အစရှိသည်တို့အား သိပ္ပံနည်းကျတွက်ချက်ပေးနိုင်သည့် စနစ်များ ၊ GPS လုပ်ဆောင်ချက်များအပြင် စမတ်ကျသော လူနေမှုပုံစံကို အထောက်အပံ့ပြုပေးနိုင်မည့် လုပ်ဆောင်ချက်များစွာပါရှိသည်။
ထို့အပြင် Huawei ၏ Diamond Service အနေဖြင့် Nova 4 အား ဝယ်ယူသွားသည့် သုံးစွဲသူများမှ ဝယ်ယူသွားသည့်နေ့မှစ၍ ရက်ပေါင်း ၃၀ အတွင်း screen ကွဲအက်ခြင်းများဖြစ်ခဲ့ပါက အခမဲ့ လဲအပ်ပေးမည့် ဝန်ဆောင်မှုအားလည်း ရရှိနိုင်မည်ဖြစ်သည်။
အထက်ဖော်ပြပါ Nova 4 အား လက်ရှိဈေးကွက်ထဲတွင် မြန်မာငွေကျပ် ၈၅၉,၀၀၀ဖြင့် မြန်မာနိုင်ငံတစ်ဝှမ်း ရှိ Huawei အရောင်းကိုယ်စားလှယ်များတွင် ဝယ်ယူရရှိနိုင်ပြီဖြစ်သည်။
ယခု Nova 4 မိတ်ဆက်ပွဲနှင့်အတူ Huawei Nova Series အား ကိုယ်စားပြုသူအဖြစ် May Grace အား ရွေးချယ်ခန့်အပ်ခဲ့သည်။ May Grace သည် Huawei နှင့် ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်အတွင်းက “Nova Fashion Challenge” အမည်ရှိသည့် Webpisodes တစ်ခုအား အတူရိုက်ကူးပုံဖော်ခဲ့ပြီး အားပေးမှုအများအပြား ရရှိခဲ့သည်။
ယခုကဲ့သို့ May Grace အား Nova Series ကိုယ်စားပြုသူအဖြစ် ရွေးချယ်ဖြစ်ပုံ နှင့် ပတ်သက်ပြီး Huawei Consumer Business Group ၏ Marketing Director ဖြစ်သည့် မခင်ရတနာဝင်း မှ “ကျွန်မတို့ Nova Series ရဲ့ Brand Identity ကိုက Young, Energetic နဲ့ Fashionable ဖြစ်တာကို ကိုယ်စားပြုပါတယ်။ Nova Series က ငယ်ရွယ်နုပျိုမှုကို ကိုယ်စားပြုတာဖြစ်ပါတယ်။ အဲ့မှာ အခု ညီမလေး မေ ကလည်း ဒီ Nova Series ရဲ့ Brand Identity ကို ထပ်တူနီးပါး ကိုယ်စားပြုတာကို တွေ့ရပါတယ်။ ပြီးတော့ မေ နဲ့ က အရင်တုန်းကတည်းက အလုပ်လုပ်ဖူးတယ်လေ။ အဲ့တုန်းကတည်းက မေ့ရဲ့ Nova Brand ပေါ်ထားရှိတဲ့ သဘောထားကိုလည်း သိခဲ့ရတယ်။ အဲ့တော့ ဒီနှစ်မှာ ကျွန်မတို့ Huawei ကနေပြီးတော့ Nova ကို ကိုယ်စားပြုနိုင်တဲ့ အနုပညာရှင်ကို ရွေးချယ်တဲ့ အချိန်မှာ May ကို ရွေးချယ်ခဲ့တာပါ။” ဟု ပြောကြားခဲ့သည်။
ထို့အပြင် Huawei Consumer Business Group မှ May Grace ၊ ဓာတ်ပုံပညာရှင် ကိုအောင်ကျော်ထွန်း တို့နှင့်အတူ သည့် “Explore Yangon’s Summer Street” အမည်ရှိသော Photo Story တစ်ခုအားလည်း ရိုက်ကူးပုံဖော်ခဲ့သည်။ အဆိုပါ Photo Story သည် Huawei Nova 4 ကိုအသုံးပြုကာ ရိုက်ကူးထားခြင်းဖြစ်ပြီး ရန်ကုန်မြို့ရှိ ဓာတ်ပုံရိုက်ကူးပုံဖော်ရန်လှပသည့် နေရာများ၌ ရိုက်ကူးပုံဖော်မှုများအား ပြုလုပ်ခဲ့သည်။