Zawgyi

၂၀၁၈ အကုန္ပိုင္းေလာက္ကစၿပီး HUAWEI ဖုန္းအခ်ိဳ႕မွာ Nova Launcher လို Third Party Launcher ေတြ အသုံးျပဳလို႔မရတာမ်ိဳးေတြကို ေတြ႕ႀကဳံခဲ့ရပါတယ္။ HUAWEI ဖုန္း အသုံးျပဳသူတိုင္းႀကဳံေတြ႕ရတဲ့ ျပႆနာမဟုတ္ပဲ EMUI 9.0 အသုံးျပဳထားတဲ့ ဖုန္းေတြမွာပဲ အဆိုပါ ျပႆနာေတြ႕ႀကဳံခဲ့ရတာပါ။

အသုံးျပဳသူေတြဘက္က ဆိုရွယ္မီဒီယာေတြေပၚ အဆိုပါျပႆနာကို ေဆြးေႏြးေျပာဆိုခဲ့ၾကေပမယ့္ HUAWEI ဘက္ကေတာ့ ဘာေၾကာင့္ Third Party Launcher App ေတြကို အသုံးျပဳခြင့္ပိတ္လိုက္လဲဆိုတာကိုေတာ့ တရားဝင္ ေျဖၾကားေပးျခင္းမရွိခဲ့ပါဘူး။ ဒါေပမယ့္ မၾကာေသးခင္မွာပဲ HUAWEI ကေနၿပီး ဘာလို႔ HUAWEI ဖုန္းေတြမွာ Third Party Launcher ေတြအသုံးျပဳလို႔မရေတာ့လဲဆိုတာကို တရားဝင္ေျပာၾကားလိုက္ပါၿပီ။

EMUI 9.0 ကစလို႔ HUAWEI နဲ႕ Honor ဖုန္းေတြမွာ Third Party Launcher ေတြကို အသုံးျပဳလို႔မရနိုင္ေတာ့ပါဘူး။ အေၾကာင္းရင္းကေတာ့ ဖုန္းရဲ႕လုံၿခဳံေရးေၾကာင့္ပါပဲ။ တ႐ုတ္ျပည္တြင္းေစ်းကြက္နဲ႕ ဥေရာပေစ်းကြက္မွာ HUAWEI ဖုန္းေတြကို တစ္ဆင့္ျပန္လည္ေရာင္းခ်တဲ့သူေတြဟာ Third Party App ေတြကို တစ္ခါတည္း သြင္းေပးေလ့ရွိပါတယ္။

အဆိုပါ တစ္ခါတည္း သြင္းေပးလိုက္တဲ့ Launcher App ေတြဟာ Free Version ေတြသာျဖစ္ၿပီး မလိုလားအပ္တဲ့ ေၾကာ္ျငာတက္တက္လာတာေၾကာင့္ အသုံးျပဳသူေတြကို စိတ္အေႏွာင့္အယွက္ျဖစ္ေစပါတယ္။ အဆိုပါ အခ်က္ေတြေၾကာင့္ EMUI 9.0 က စလို႔ Third Party Launcher ေတြမသုံးျပဳခြင့္ကို ပိတ္ပင္လိုက္တာပါ။

EMUI Launcher ဟာ Third Party Launcher ေတြေလာက္ Feature စုံလင္မႈမရွိတဲ့အတြက္ တစ္ခ်ိဳ႕ အသုံးျပဳသူေတြအတြက္ကေတာ့ အခုလို ပိတ္ပင္လိုက္တာက စိတ္ညစ္စရာပါပဲ။ ဒါေပမယ့္လည္း တစ္ခ်ိဳ႕ ေၾကာ္ညာေတြမပါပဲ ယုံၾကည္စိတ္ခ်ရတဲ့ Third Party Launcher ေတြကိုေတာ့ HUAWEI ဘက္ကေန Whitelist လုပ္ေပးမယ္လို႔ေတာ့ ေမွ်ာ္လင့္ရပါတယ္။

HUAWEI ဟာ သူ႕ရဲ႕ ဖုန္းေတြကို Bootloader Unlock ျပဳလုပ္ခြင့္ကိုလည္း ပိတ္ပင္လိုက္ၿပီျဖစ္ၿပီး Source Code ေတြကိုလည္း ထုတ္ေပးျခင္းမရွိေတာ့ပါဘူး။ အဲ့တာေၾကာင့္ HUAWEI ဖုန္း အသုံးျပဳသူေတြအေနနဲ႕ Root လုပ္လို႔မရေတာ့သလို Custom ROM ေတြဆိုတာလည္း အိပ္မက္မက္လို႔ေတာင္မရေတာ့ပါဘူး။ တစ္ျခား တစ္ဘက္မွာေတာ့ Xiaomi ဖုန္းေတြဟာ OnePlus နဲ႕ Google ဖုန္းေတြၿပီးရင္ Android Developer ေတြအႀကိဳက္ဆုံးဖုန္းေတြျဖစ္လာၿပီး Source Code ေတြကို အလုံးအရင္းလိုက္ထုတ္ေပးတဲ့ ကုမၸဏီအျဖစ္နာမည္ႀကီးလာပါတယ္။

Ref: XDA

Unicode

၂၀၁၈ အကုန်ပိုင်းလောက်ကစပြီး HUAWEI ဖုန်းအချို့မှာ Nova Launcher လို Third Party Launcher တွေ အသုံးပြုလို့မရတာမျိုးတွေကို တွေ့ကြုံခဲ့ရပါတယ်။ HUAWEI ဖုန်း အသုံးပြုသူတိုင်းကြုံတွေ့ရတဲ့ ပြဿနာမဟုတ်ပဲ EMUI 9.0 အသုံးပြုထားတဲ့ ဖုန်းတွေမှာပဲ အဆိုပါ ပြဿနာတွေ့ကြုံခဲ့ရတာပါ။

အသုံးပြုသူတွေဘက်က ဆိုရှယ်မီဒီယာတွေပေါ် အဆိုပါပြဿနာကို ဆွေးနွေးပြောဆိုခဲ့ကြပေမယ့် HUAWEI ဘက်ကတော့ ဘာကြောင့် Third Party Launcher App တွေကို အသုံးပြုခွင့်ပိတ်လိုက်လဲဆိုတာကိုတော့ တရားဝင် ဖြေကြားပေးခြင်းမရှိခဲ့ပါဘူး။ ဒါပေမယ့် မကြာသေးခင်မှာပဲ HUAWEI ကနေပြီး ဘာလို့ HUAWEI ဖုန်းတွေမှာ Third Party Launcher တွေအသုံးပြုလို့မရတော့လဲဆိုတာကို တရားဝင်ပြောကြားလိုက်ပါပြီ။

EMUI 9.0 ကစလို့ HUAWEI နဲ့ Honor ဖုန်းတွေမှာ Third Party Launcher တွေကို အသုံးပြုလို့မရနိုင်တော့ပါဘူး။ အကြောင်းရင်းကတော့ ဖုန်းရဲ့လုံခြုံရေးကြောင့်ပါပဲ။ တရုတ်ပြည်တွင်းစျေးကွက်နဲ့ ဥရောပစျေးကွက်မှာ HUAWEI ဖုန်းတွေကို တစ်ဆင့်ပြန်လည်ရောင်းချတဲ့သူတွေဟာ Third Party App တွေကို တစ်ခါတည်း သွင်းပေးလေ့ရှိပါတယ်။

အဆိုပါ တစ်ခါတည်း သွင်းပေးလိုက်တဲ့ Launcher App တွေဟာ Free Version တွေသာဖြစ်ပြီး မလိုလားအပ်တဲ့ ကြော်ငြာတွေတက်တက်လာတာကြောင့် အသုံးပြုသူတွေကို စိတ်အနှောင့်အယှက်ဖြစ်စေပါတယ်။ အဆိုပါ အချက်တွေကြောင့် EMUI 9.0 က စလို့ Third Party Launcher တွေမသုံးပြုခွင့်ကို ပိတ်ပင်လိုက်တာပါ။

EMUI Launcher ဟာ Third Party Launcher တွေလောက် Feature စုံလင်မှုမရှိတဲ့အတွက် တစ်ချို့ အသုံးပြုသူတွေအတွက်ကတော့ အခုလို ပိတ်ပင်လိုက်တာက စိတ်ညစ်စရာပါပဲ။ ဒါပေမယ့်လည်း တစ်ချို့ ကြော်ညာတွေမပါပဲ ယုံကြည်စိတ်ချရတဲ့ Third Party Launcher တွေကိုတော့ HUAWEI ဘက်ကနေ Whitelist လုပ်ပေးမယ်လို့တော့ မျှော်လင့်ရပါတယ်။

HUAWEI ဟာ သူ့ရဲ့ ဖုန်းတွေကို Bootloader Unlock ပြုလုပ်ခွင့်ကိုလည်း ပိတ်ပင်လိုက်ပြီဖြစ်ပြီး Source Code တွေကိုလည်း ထုတ်ပေးခြင်းမရှိတော့ပါဘူး။ အဲ့တာကြောင့် HUAWEI ဖုန်း အသုံးပြုသူတွေအနေနဲ့ Root လုပ်လို့မရတော့သလို Custom ROM တွေဆိုတာလည်း အိပ်မက်မက်လို့တောင်မရတော့ပါဘူး။ တစ်ခြား တစ်ဘက်မှာတော့ Xiaomi ဖုန်းတွေဟာ OnePlus နဲ့ Google ဖုန်းတွေပြီးရင် Android Developer တွေအကြိုက်ဆုံးဖုန်းတွေဖြစ်လာပြီး Source Code တွေကို အလုံးအရင်းလိုက်ထုတ်ပေးတဲ့ ကုမ္ပဏီအဖြစ်နာမည်ကြီးလာပါတယ်။

Ref: XDA