[Zawgyi]

2019 စမတ္ဖုန္းတစ္ခုအျဖစ္တဲ့ Huawei P Smart ကိုေတာ့ ဥေရာပေစ်းကြက္မွာ တရားဝင္ ျမင္ေတြ႕ခြင့္ ရခဲ့ပါၿပီ။ P Smart (2019 ေမာ္ဒယ္) စမတ္ဖုန္းကို ျပင္သစ္ လက္လီအေရာင္းဝက္ဘ္ဆုိက္ တစ္ခုမွာ ေတြ႕ရွိခဲ့တာျဖစ္ၿပီး ေစ်းႏႈန္းက ယူရုိ ၂၄၉ သတ္မွတ္ထားပါတယ္။ ဇန္နဝါရီလ အေစာပုိင္းမွ စတင္ၿပီး ဒီဖုန္းကို ဝယ္ယူႏုိင္မယ္လို႔ ေဖာ္ျပထားတယ္။

P Smart မွာေတာ့ 6.21” လက္မအရြယ္ Full HD+ Screen ေပၚမွာ Waterdrop Notch တစ္ခု ပါဝင္ကာ ျမင္ကြင္းအခ်ဳိး 19.5:9 ရွိပါတယ္။ Kirin 710 ခ်စ္ပ္ဆက္က ဒီဟန္းဆက္ကို RAM မန္မုိရီ 3GB နဲ႔အတူ ေခ်ာေမြ႕စြာလည္ပတ္ႏုိင္ဖို႔ ထည့္သြင္းထားတယ္။ Storage ကေတာ့ 64GB ျဖစ္ၿပီး MicroSD ကတ္နဲ႔ ထပ္မံ တုိးခ်ဲ႕ႏုိင္ပါတယ္။

ေက်ာဘက္မွာ 13MP + 2MP ကင္မရာႏွစ္လုံးတြဲပါဝင္ကာ ေရွ႕မွာေတာ့ 8MP ဆယ္ဖီကင္မရာ တစ္လုံး ပါပါတယ္။ ေက်ာဘက္မွာပဲ Fingerprint တစ္ခုပါဝင္ၿပီး ဘကၳရီအင္အားက 3,400 mAh ျဖစ္တယ္။ Huawei P Smart (2019 ေမာ္ဒယ္) ဟာ အနက္ေရာင္နဲ႔ Aurora Blue တုိ႔ျဖင့္ ေလာေလာဆယ္ ေရြးခ်ယ္ႏုိင္မယ္လို႔ ေတြ႕ထားတယ္။ ဥေရာပေစ်းကြက္အမ်ားစုမွာ ဇန္နဝါရီ ႏွစ္ရက္ေန႔ကေန စတင္ေရာင္းခ်မွာျဖစ္ေသာ္လည္း ယူေကကေတာ့ ၁၁ ရက္ေန႔အျဖစ္ ထြက္ရွိရက္ကို သတ္မွတ္ထားပါတယ္။

Ref – Playful Droid

[Unicode]

2019 စမတ်ဖုန်းတစ်ခုအဖြစ်တဲ့ Huawei P Smart ကိုတော့ ဥရောပဈေးကွက်မှာ တရားဝင် မြင်တွေ့ခွင့် ရခဲ့ပါပြီ။ P Smart (2019 မော်ဒယ်) စမတ်ဖုန်းကို ပြင်သစ် လက်လီအရောင်းဝက်ဘ်ဆိုက် တစ်ခုမှာ တွေ့ရှိခဲ့တာဖြစ်ပြီး ဈေးနှုန်းက ယူရို ၂၄၉ သတ်မှတ်ထားပါတယ်။ ဇန်နဝါရီလ အစောပိုင်းမှ စတင်ပြီး ဒီဖုန်းကို ဝယ်ယူနိုင်မယ်လို့ ဖော်ပြထားတယ်။

P Smart မှာတော့ 6.21” လက်မအရွယ် Full HD+ Screen ပေါ်မှာ Waterdrop Notch တစ်ခု ပါဝင်ကာ မြင်ကွင်းအချိုး 19.5:9 ရှိပါတယ်။ Kirin 710 ချစ်ပ်ဆက်က ဒီဟန်းဆက်ကို RAM မန်မိုရီ 3GB နဲ့အတူ ချောမွေ့စွာလည်ပတ်နိုင်ဖို့ ထည့်သွင်းထားတယ်။ Storage ကတော့ 64GB ဖြစ်ပြီး MicroSD ကတ်နဲ့ ထပ်မံ တိုးချဲ့နိုင်ပါတယ်။

ကျောဘက်မှာ 13MP + 2MP ကင်မရာနှစ်လုံးတွဲပါဝင်ကာ ရှေ့မှာတော့ 8MP ဆယ်ဖီကင်မရာ တစ်လုံး ပါပါတယ်။ ကျောဘက်မှာပဲ Fingerprint တစ်ခုပါဝင်ပြီး ဘက္ထရီအင်အားက 3,400 mAh ဖြစ်တယ်။ Huawei P Smart (2019 မော်ဒယ်) ဟာ အနက်ရောင်နဲ့ Aurora Blue တို့ဖြင့် လောလောဆယ် ရွေးချယ်နိုင်မယ်လို့ တွေ့ထားတယ်။ ဥရောပဈေးကွက်အများစုမှာ ဇန်နဝါရီ နှစ်ရက်နေ့ကနေ စတင်ရောင်းချမှာဖြစ်သော်လည်း ယူကေကတော့ ၁၁ ရက်နေ့အဖြစ် ထွက်ရှိရက်ကို သတ်မှတ်ထားပါတယ်။

Ref – Playful Droid