Huawei ရဲ့ နောက်ဆုံးထွက် စမတ်ဖုန်းတွေဖြစ်တဲ့ Huawei P20 နဲ့ P20 Pro စမတ်ဖုန်းတွေဟာ လက်ရှိအချိန်မှာ Huawei ရဲ့ အကောင်းဆုံးဖုန်းတွေဖြစ်သလို အခြားသော Flagship စမတ်ဖုန်းတွေနဲ့ ယှဉ်ရင် ပိုလည်း ဈေးနှုန်းမြင့်မားနေတာပဲဖြစ်ပါတယ်။

Source : Huawei

Huawei P20 နဲ့ Huawei P20 Pro ဖုန်းတွေဟာ ဒီဇိုင်းပိုင်းအရလည်း Screen အပြည့်နီးပါး Display ကို အသုံးပြုထားတာဖြစ်ပြီးတော့ ကင်မရာပိုင်းမှာလည်း သိသိသာသာကို အဆင့်မြှင့်တင်ထားခဲ့တာဖြစ်ပါတယ်။ Hauwei P20 Pro စမတ်ဖုန်းမှာဆိုရင် 40MP + 20MP + 8MP Camera ၃ လုံးအထိ တပ်ဆင်ထားတာပဲဖြစ်ပါတယ်။

အဲ့ဒီလိုမျိုး အဆင့်မြှင့်တင်မှုတွေအများအပြားပြုလုပ်ထားတဲ့ Huawei P20 နဲ့ P20 Pro စမတ်ဖုန်းတွေက တရုတ်နိုင်ငံမှာ စတင်ရောင်းချတဲ့အချိန်မှာတော့ ရောင်းအားကောင်းခဲ့ပြီးတော့ အခြားသော စမတ်ဖုန်းတွေကိုပါ စံချိန်ချိုးသွားခဲ့တာဖြစ်ပါတယ်။

Source : Pocketlink

Huawei ရဲ့ တရားဝင်သတင်းထုတ်ပြန်ချက်အရတော့ Huawei Website နဲ့ Online Store တွေမှာ Huawei P20 နဲ့ P20 Pro စမတ်ဖုန်းတွေကို စတင်ရောင်းချပြီး ၁၀ စက္ကန့်အတွင်းမှာတင် တရုတ်ယွမ်ငွေ သန်း ၁၀၀ ဖိုးရှိတဲ့ ဖုန်းတွေကို ရောင်းချရခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ ပမာဏဟာ ဒေါ်လာ ၁၅ သန်းဖိုးဖြစ်တဲ့အတွက် Huawei အနေနဲ့ ဒေါ်လာ ၁၅ သန်းဖိုး Huawei P20 ၊ P20 Pro ဖုန်းတွေကို ၁၀ စက္ကန့်အတွင်း ရရှိသွားတာလို့ ပြောရမှာပါ။

Huawei က စမတ်ဖုန်းအလုံးရေ ဘယ်လောက်ရောင်းချခဲ့ရသလဲဆိုတာကိုတော့ ပြောကြားခဲ့ခြင်းမရှိပေမယ့် အခုလိုမျိုး ရောင်းအားကောင်းနေတာက Huawei အတွက်တော့ ဒီနှစ်မှာလည်း ထပ်မံအောင်မြင်ဦးမယ်လို့ ယူဆရပါတယ်။