ပြီးခဲ့တဲ့ အပတ်တုန်းက Huawei အနေနဲ့ Huawei P20 နဲ့ Huawei P20 Pro စမတ်ဖုန်း အမျိုးအစားတွေ အတွက် EMUI 8.1 Beta Update ကို မကြာမီ အချိန်အတွင်း ထုတ်လွှင့် ပေးသွားမှာ ဖြစ်ကြောင်း တရားဝင် ကြေငြာသွားခဲ့ပါတယ်။

ယခုအခါမှာတော့ Huawei P20 နဲ့ Huawei P20 Pro စမတ်ဖုန်းတွေ အတွက် GPU Turbo နည်းပညာ ပါဝင်တဲ့ EMUI 8.1 Beta Update ကို တရားဝင် ထုတ်လွှင့် ပေးလိုက်ပြီ ဖြစ်ပါတယ်။ Huawei အနေနဲ့ အစောပိုင်းတုန်း က EMUI 8.1 Beta Testing Program အတွက် Huawei P20 နဲ့ Huawei P20 Pro စမတ်ဖုန်း အလုံးရေ ၂သောင်းသာ လက်ခံသွားမှာ ဖြစ်တယ်လို့ ကြေငြာသွားခဲ့ပေမယ့် အခုအခါမှာတော့ P20 အမျိုးအစား စမတ်ဖုန်း အားလုံး EMUI 8.1 Beta Update ကို စမ်းသပ် အသုံးပြုနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

EMUI 8.1 Beta Update ကို စမ်းသပ် အသုံးပြုချင်သူများ အနေနဲ့ Member Service အက်ပလီကေးရှင်း ကနေ တစ်ဆင့် Update ပြုလုပ်နိုင်မှာ ဖြစ်ပြီး Update လုပ်ပြီးသွားတဲ့ အခါကျရင် Version နံပါတ် EML-AL008.1.0.150 (C00) ကို အသုံးပြုနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

EMUI 8.1 Update မှာ အသေးစား ပြောင်းလဲမှု အနည်းငယ်ကိုသာ မြင်တွေ့ရမှာ ဖြစ်ပြီး အဓိက ပါဝင်လာမှာ ကတော့ Huawei ရဲ့ နောက်ဆုံးပေါ် နည်းပညာ GUP Turbo Technology ပဲ ဖြစ်ပါတယ်။ Huawei ရဲ့ အဆိုအရ GPU Turbo နည်းပညာကြောင့် Graphic ပိုင်း စွမ်းဆောင်ရည် ၆၀ ရာခိုင်နှုန်း ပိုမို ကောင်းမွန်သွားမှာ ဖြစ်တဲ့အပြင် ပါဝါ အသုံးပြုမှုကိုလည်း ၃၀ ရာခိုင်နှုန်း လျှော့ချနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

Huawei P20 မော်ဒယ်တွေ အတွက် EMUI 8.1 Beta Update ကို ထုတ်လွှင့်ပေးပြီး သိပ်မကြာခင် အချိန် အတွင်းမှာ Honor 9, Honor V9, Honor Play 7X, Honor 9 Youth Edition, Honor V10, Honor 10, Honor 9i, Huawei Mate-Series, Huawei P-Series စမတ်ဖုန်းတွေ အတွက်ပါ EMUI 8.1 Beta Update ကို ထပ်မံ လွှင့်တင်ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

Photo Credit: Gizmo China