Huawei သည် ရန်ကုန်မြို့၌ အထူးတိုက်ရိုက်ထုတ်လွှင့်မှုအစီအစဉ်တစ်ရပ်ပြုလုပ်ကာ ကမ္ဘာ့နောက်ဆုံးပေါ်ကင်မရာစနစ်ပါဝင်သော flagship စမတ်ဖုန်းသစ်ကို ထုတ်ဖော်ပြသခဲ့ပါသည်။

ရန်ကုန်၊ ၂၀၁၈ခုနှစ် မတ်လ ၂၇ရက်။ ။ Huawei Consumer Business Group သည် ကမ္ဘာ့မိုဘိုင်းဖုန်း ဓာတ်ပုံလောကကို လှုပ်ခတ်စေမည့် လူအများမျှော်လင့်စောင့်စားနေသော P20 Series ကို ပြင်သစ်နိုင်ငံ ပါရီမြို့ Grand Palais ခန်းမ၌ ယနေ့မိတ်ဆက်လိုက်သည်။ Huawei P20 နှင့် Huawei P20 Pro တို့ကို နောက်ဆုံးပေါ် အဆင့်မြင့် AI နည်းပညာများနှင့် တည်ဆောက်ထားပြီး Huawei P20 Pro သည် ရင်သပ်ရှုမောဖွယ် ကင်မရာအတွေ့အကြုံသစ်တစ်ရပ်ကို ပေးစွမ်းမည့် Leica ကင်မရာသုံးလုံး ပါဝင်သည့် ကမ္ဘာ့ပထမဆုံး စမတ်ဖုန်း ဖြစ်လာသည်။

Huawei Consumer Business Group ၏ အမှုဆောင်အရာရှိချုပ် Mr. Richard Yu က “ဒီ P Series ဟာ ဆန်းသစ်တီထွင်နိုင်စွမ်းကို လှုံ့ဆော်ပေးပြီး ဓာတ်ပုံပညာရပ်အပေါ် ကမ္ဘာတစ်ဝှမ်းက အရူးအမူးဖြစ်နေကြသူတွေကို ဓာတ်ပုံနဲ့ပတ်သက်ပြီး ပိုမိုစွဲလမ်းစေမှာ ဖြစ်ပါတယ်။ အားကောင်းတဲ့ AI အသိဥာဏ်တုနည်းပညာတွေ၊ ရင်သပ်ရှုမောဖွယ် အရောင်အသွေးအသစ်တွေ၊ Huawei P20 Pro ရဲ့ ဆန်းသစ်တဲ့ မှန်ဘီလူးသုံးလုံးပါရှိတဲ့ ကင်မရာစနစ်တွေနဲ့အတူ Huawei P20 Series ကို အလှအပနှင့် အလင်းရောင်ကို အခြေခံပြီး ဒီဇိုင်းရေးဆွဲထားပါတယ်။ တခြားစမတ်ဖုန်းတွေလိုမဟုတ်ဘဲ Huawei P20 နှင့် Huawei P20 Pro ဟာ ယနေ့ခေတ်ရဲ့ တက်ကြွပြီး အားမာန်ပြည့်ဝတဲ့ စမတ်ဖုန်းသုံးစွဲသူတွေကို ကျွန်ုပ်တို့ ကမ္ဘာကြီးရဲ့ အလှပဆုံးသောအရာတွေကို အကောင်းဆုံးပုံဖော်မှတ်တမ်းတင်နိုင်စေမှာ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့ပါသည်။

Huawei P20 Series ၏ အဓိကလုပ်ဆောင်ချက်များ

• ကမ္ဘာ့ နောက်ဆုံးပေါ်ကင်မရာစနစ်။ DxOMark တွင် အမှတ်အမြင့်မားဆုံးရရှိခဲ့ပြီး အလင်းရောင်များများတွင် အနုစိတ်ကျကျနှင့် ပိုမိုလှလှပပရိုက်ကူးနိုင်ရန် Huawei P20 Pro တွင် စမတ်ဖုန်းလောက၏ အမြင့်ဆုံး pixel ပမာဏပါဝင်သည့် မှန်ဘီလူးသုံးလုံးနှင့် Leica ကင်မရာ တပ်ဆင်ထားပြီး Huawei P20 တွင် Leica ကင်မရာအသစ်နှစ်လုံး အသုံးပြုထားသည်။

• ဆန်းသစ်သောဓာတ်ပုံလုပ်ဆောင်ချက်။ ဓာတ်ပုံများကို ပရော်ဖက်ရှင်နယ်ဆန်ဆန် ရိုက်ကူးနိုင်စေမည့် Master AI နှင့် ရုပ်ထွက်တည်ငြိမ်မှုကို အထောက်အကူပြုမည့် စွမ်းအားမြင့် Huawei AIS နည်းပညာတို့ ပါဝင်သည်။

• စွဲမက်ဖွယ်ဒီဇိုင်း။ Huawei P20 နှင့် Huawei P20 Pro တို့တွင် အထူးပါးလွှာသော ဘောင်၊ ရင်သပ်ရှုမောဖွယ် အရောင်အသွေးများနှင့် ထုတ်လုပ်ထားသည့် အလင်းအသားပေးဒီဇိုင်းကို ရောင်ပြန်ဒီဇိုင်းနှင့် အပြီးသတ်ပေါင်းစပ်ထားသည်။

• အဆုံးစွန်ဆုံးကောင်းမွန်သည့် စွမ်းဆောင်ရည်။ Kirin 970 နှင့်အားဖြည့်ထားပြီး Android 8.1 ကို အခြေခံထားသော EMUI 8.1 နှင့် dedicated NPU တို့ကို အသုံးပြုထားခြင်းကြောင့် ထိပ်တန်းစမတ်ဖုန်းတစ်ခု၏ ချောမွေ့ပြေပြစ်သည့် သုံးစွဲမှုအတွေ့အကြုံကို ပေးစွမ်းပါသည်။

Huawei သည် Huawei P20 နှင့် Huawei P20 Pro အပြင် တတိယမျိုးဆက်ဖြစ်သော Porsche Design Huawei Mate RS ကိုလည်း ထုတ်ဖော်ပြသခဲ့သည်။ Porsche Design Huawei Mate RS တွင် Porsche Design ၏ နာမည်ကျော်ဒီဇိုင်းလက်ရာနှင့် Huawei ၏ အဆင့်မြင့်နည်းပညာတို့ ပေါင်းစပ်ထားပြီး ထိပ်တန်းစမတ်ဖုန်းလောကတွင် အဆင့်အတန်းအသစ်တစ်ခု စိုက်ထူနိုင်ခဲ့သည်။

AI နည်းပညာသုံး ဓာတ်ပုံပညာမိတ်ဆက်ခြင်း
Huawei P20 series သည် စမတ်ဖုန်းနှင့် ဓာတ်ပုံရိုက်ကူးသည့်အတွေ့အကြုံကို ပိုမိုအဆင့်မြှင့်တင်ပေးမည့် အဆင့်မြင့်ကင်မရာစနစ်တစ်ခုကို မိတ်ဆက်လိုက်သည်။ စမတ်ဖုန်းလောကတွင် အမြင့်မားဆုံးသော pixel ပမာဏပါဝင်သည့် Leica ကင်မရာသုံးလုံး ပံ့ပိုးထားပြီး အရောင်အသွေးအစုံအလင်နှင့် ရိုက်ကူးပေးမည့် 40MP RGB sensor ၊ အဖြူအမည်းဓာတ်ပုံများကို ဖမ်းယူပေးမည့် 20MP monochrome sensor ၊ 8MP sensor ပါဝင်သည့် တယ်လီဖိုတို (telephoto) မှန်ဘီလူးများ တို့နှင့် ဖွဲ့စည်းထားပါသည်။ ထို့အပြင် DedicatedISP နှင့် color temperature sensor တို့ ပါဝင်သည့် Leica အရောင်အသစ်တစ်မျိုးက P20 Series တွင်သာ တွေ့မြင်နိုင်ခြင်းဖြစ်ပြီး ဓာတ်ပုံများကို အရောင်ထွက်ပိုမိုကောင်းမွန်စေသည်။

Huawei P20 သည် ယခင်က မိတ်ဆက်ခဲ့သော P series များကို အခြေခံကာ 1.5 µm ရှိ pixel အရွယ်အစားနှင့် ညီမျှသော 12MP sensor ၊ 20MP monochrome sensor တို့နှင့် ဖွဲ့စည်းထားသည့်အတွက် အလင်းရောင်အားနည်းသော အခြေအနေများတွင်ပင် ကြည်လင်ပြတ်သားသော ဓာတ်ပုံကောင်းများကို ရိုက်ကူးပေးနိုင်သည်။ ထို့အပြင် AI နည်းပညာသုံး beautification လုပ်ဆောင်ချက်၊ 3D portrait lighting တို့ ပါဝင်သည့် Huawei P20 နှင့် Huawei P20 Pro ၏ 24MP ရှိ ရှေ့ကင်မရာက အသားအရောင်အနေအထားကို ပိုမိုကြည်လင်သဘာဝကျစေပြီး မျက်နှာပေါ်မှ အသေးစိတ်အချက်အလက်များကို လက်တွေ့ဆန်သော 3D ရုပ်ထွက်နှင့်အတူ ပေါင်းစပ်ပြီး ပိုမိုလှပသေသပ်သော selfie ဓာတ်ပုံများကို ဖန်တီးပေးနိုင်သည်။

Huawei ၏ P20 Series တွင် Kirin 970 processor ကို အထိုင်ချကာ dedicated Neural Network Processing Unit (NPU) စနစ်ကို အသုံးပြုထားခြင်းကြောင့် ဓာတ်ပုံရိုက်ကူးခြင်းများကို အမှန်တကယ်ပင် လျင်မြန်သွက်လက်စွာ လုပ်ဆောင်နိုင်စေမည် ဖြစ်သည်။ AI ပံ့ပိုးထားသည့် မြင်ကွင်းနှင့် အရာဝတ္ထုများကို ခွဲခြားသိမြင်နိုင်သည့်နည်းပညာက မတူညီသောမြင်ကွင်းနှင့် အရာဝတ္ထုများကို ၁၉မျိုးအထိ ခွဲခြားသိမြင်နိုင်စွမ်းရှိပြီး မှန်ကန်သောအချိန်မှာ မှန်ကန်သော ဓာတ်ပုံစွမ်းရည်များကို ရွေးချယ်ပေးနိုင်သည်။ Huawei ၏ အဆင့်မြင့်ကင်မရာစနစ်အသစ်တစ်ခုက 4D predictive focus ဖြစ်သည်။ လှုပ်ရှားနေသော အရာဝတ္ထုများကို ယင်းစနစ်နှင့် ရိုက်ကူးသည့်အခါ လှုပ်ရှားနေသောအရာဝတ္ထုကို ခန့်မှန်းပြီး အထူးလျင်မြန်တိကျစွာ ချိန်ဆ ကာ အသေးစိတ်ဖမ်းယူပေးနိုင်သည်။ ထို့အပြင် Huawei P20 Series ၏ နောက်ထပ်လုပ်ဆောင်ချက်အသစ်တစ်ခုဖြစ်သည့် AI-Assisted Composition က မိမိရိုက်ယူလိုသည့် ဓာတ်ပုံအနေအထားကို အလိုအလျောက်သိရှိပြီး group shot နှင့် landscape များအဖြစ် ပြောင်းလဲရိုက်နိုင်ရန် အကြံပေးမည်ဖြစ်သည်။

Huawei ၏ AIS (AI Image Stabilization) စနစ် ပါဝင်သည့်အတွက် ညဘက်ရိုက်ကူးရာ၌ tripod အကူအညီမပါဘဲနှင့်ပင် တည်ငြိမ်ပြီး ရုပ်ထွက်ပြတ်သားသည့် ဓာတ်ပုံကောင်းများကို ပေးစွမ်းသည်။ Huawei P20 Series များတွင် six-axis stabilization နှင့် အနှေးပြကွက်များအတွက် 960fps ပါဝင်ခြင်းကြောင့် အသေးစိတ်ကျသည့် ဗီဒီယိုမှတ်တမ်းများကို ဖန်တီးနိုင်စေသည်။

အလင်းသဘောအခြေပြု ဒီဇိုင်း
Huawei P20 Series ၏ အပြင်ဒီဇိုင်းမှာ အလင်းရောင်၏ သဘောသဘာဝကို အခြေခံထားသည်။ Huawei P20 နှင့် P20 Pro တို့၏ သိသာထင်ရှားသည့်အချက်တစ်ချက်မှာ အထူးသီးသန့်အရောင် ဖြစ်သည့် Twilight အရောင် ပါဝင်လာခြင်းဖြစ်သည်။ အဆိုပါ သီးသန့်အရောင်အား ရရှိနိုင်ရန်အတွက် အနက်ရောင်ဖန်သားပြင်ကို အလင်းရိုက်ပြီး အလင်းပြနယိုင်သည့်အခါ ထင်ရှားသည့် အပြာရောင် မှ တဖြည်းဖြည်းခြင်းTwilight အရောင်သို့ ပြောင်းလဲသွားသည့် ပုံစံဒီဇိုင်းမျိုးရရှိနိုင်ရန် NVMC optical coating အလွှာပေါင်းများနှင့်ဖြင့် ဖန်တီးထားသည်။

Huawei P20 တွင် ၅.၈ လက်မအရွယ်နှင့် Huawei P20 Pro တွင် ၆.၁ လက်မအရွယ် မျက်နှာပြင်ပြည့် FullView Display တို့ ပါဝင်ပါပြီး အထူးပါးလွှာသည့်ဘောင်၊ အံ့သြဖွယ် မျက်နှာပြင်ကိုယ်ထည်အချိုးအစား (screen-to-body-ratios) ၊ ကိုင်ဆောင်ရလွယ်ကူသည့် သေသပ်လှပသော မျက်နှာပြင်အကွေးများနှင့် ဖွ့စည်းတည်ဆောက်ထားသည်။ အရောင်အနေဖြင့် Twilight ၊ Black ၊ Midnight Blue နှင့် Pink Gold ဟူ၍ ရွေးချယ်ဝယ်ယူနိုင်မည် ဖြစ်သည်။

AI နည်းပညာသုံး အသိဥာဏ်အတွေ့အကြုံ

Android 8.1 ကို အခြေခံသည့် EMUI 8.1 နှင့်ပေါင်းစပ်ထားပြီး Kirin 970 နှင့် အားဖြည့်ထားခြင်းကြောင့် Huawei P20 Series သည် စွမ်းဆောင်ရည်မြင့် အဆင့်မြင့်စမတ်ဖုန်းတစ်လုံး၏ လွယ်ကူချောမွေ့သောအတွေ့အကြုံကို ပေးစွမ်းပါသည်။ AI အထောက်အပံ့ဖြင့် အလုံးစုံ သီးသန့် ပြုလုပ်ထားသည့် EMUI 8.1 တွင် Huawei ဖုန်းများ၊ PC များနှင့် Macbook များအကြား ဖိုင်များကို လျင်မြန်စွာဝေမျှနိုင်မည့် Huawei Share 2.0 ၊ Huawei P20 Series နှင့် ပိုမိုကျယ်ဝန်းသောမျက်နှာပြင်များကို ကြိုးမဲ့ချိတ်ဆက်ပေးမည့် projector နှင့်အလားသဏ္ဍာန်တူ easy projection feature ၊ အက်ပလီကေးရှင်းနှစ်ခုကို ဘေးချင်းယှဉ်သုံးနိုင်စေမည့် အသိဥာဏ်မြင့် split-screen ပံ့ပိုးထားသည့် Smart Screen function တို့ ပါဝင်ပါသည်။

Huawei P20 Series တွင် အသံဖိုင်များကို အရည်အသွေးမြင့် နားဆင်နိုင်ရန် 990 kps bandwith ပါရှိသည့် အကောင်းဆုံးသော ဘလူးတု (Bluetooth) အသံအရည်အသွေးကို ထောက်ပံ့ထားသည်။ Huawei Mate Series များကဲ့သို့ပင် Huawei P20 Series များတွင်လည်း TÜV Safety Certified Huawei SuperCHarge ပါဝင်ပြီး Huawei P20 Pro တွင် 4000 mAh ဘက်ထရီနှင့် Huawe P20 တွင် 3400 mAh (ပုံမှန်စံနှုန်း) တို့ အသီးသီး ထောက်ပံ့ထားကာ AI နည်းပညာသုံး ဘက်ထရီထိန်းချုပ်မှုလုပ်ဆောင်ချက်တို့ ပါဝင်သည်။

Huawei P20 Series များတွင် Huawei ၏ မူပိုင် Prisma version တစ်မျိုးပါဝင်ပြီး မိမိရိုက်ကူးလိုသည့် အရာဝတ္ထုနှင့် မြင်ကွင်းများကို ခွဲခြားသိမြင်ကာ လက်တွေ့အချိန်မှာပင် ၄င်းနှင့်လိုက်ဖက်မည့် filter များကို တွက်ချက်အကြံပြုပေးနိုင်စွမ်းရှိသည်။ ယင်းကဲ့သို့တွက်ချက်မှုမှာ cloud version ထက် သုံး၊လေးဆ ပိုမိုမြန်ဆန်သည်။ ထို့အပြင် Huawei P20 Series များကို Google နှင့် ပူးပေါင်းထုတ်လုပ်ထားသည့် နည်းပညာမြင့် AI စွမ်းဆောင်ရည်များစွာ ပါဝင်သည်။

အသံပိုင်းဆိုင်ရာအထောက်အကူပြုပစ္စည်းများ

Huawei P20 Series နှင့်အတူ Huawei FreeBuds ၊ Huawei Active Noise Cancelling Earphones 3 နှင့် Huawei DAC Headphone Amplifier အစရှိသည့် အသံပိုင်းဆိုင်ရာ အထောက်အကူပြုပစ္စည်းများကို Huawei မှ တစ်ပြိုင်နက်တည်း မိတ်ဆက်လိုက်သည်။

Huawei နှင့် Helena Christensen တို့ ပူးပေါင်းပြီး Huawei P20 Pro ကို မိတ်ဆက်ခြင်း
နာမည်ကြီး စူပါမော်ဒယ်တစ်ဦးဖြစ်ပြီး ထင်ပေါ်ကျော်ကြားသည့် ဓာတ်ပုံပညာရှင်တစ်ဦးလည်းဖြစ်သည့် Helena Christensen နှင့် Huawei တို့သည်ပူးပေါင်းမှုတစ်ခုပြုလုပ်ခဲ့သည်။ သူမသည် ကမ္ဘာ့ပထမဆုံး မှန်ဘီလူးသုံးလုံးပါဝင်သည့် ကင်မရာကို တပ်ဆင်အသုံးပြုထားသော Huawei P20 Pro ကို အသုံးပြုပြီး လက်ရာမြောက်သည့် portrait ဓာတ်ပုံစီးရီးများကို ရိုက်ကူးသွားမည်ဖြစ်သည်။ ၄င်းစီးရီးများကို စိတ်ဝင်စားဖွယ်ခေါင်းစဉ်သုံးခုခွဲပြီး အရောင်အသွေးကောင်းကောင်း၊ အနုစိတ်ကျကျနှင့် ရင်သပ်ရှုမောဖွယ် ရိုက်ကူးပုံဖော်သွားမည် ဖြစ်ပါသည်။

P20 Series များကို တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် မိတ်ဆက်သည့်ပွဲကို Huawei Myanmar သည် ရန်ကုန်မြို့ရှိ ၄င်း၏ Customer Solution Innovation Center (CSIC) ၌ အထူး တိုက်ရိုက်ထုတ်လွှင့်မှုအစီအစဉ်တစ်ခု ပြုလုပ်ခဲ့ပြီး ပြည်တွင်းမှ နာမည်ကျော်အနုပညာရှင်များနှင့် မီဒီယာများ တက်ရောက်လေ့လာခဲ့ကြပါသည်။ P20 Series ၏ မြန်မာနိုင်ငံတွင် ဝယ်ယူရရှိနိုင်မည့် အသေးစိတ်အချက်အလက်များကို လာမည့်လများတွင် Huawei ၏ ဆိုရှယ်မီဒီယာများပေါ်မှ ဆက်လက်ကြေညာသွားမည် ဖြစ်သည်။

Huawei Consumer Business Group ဆိုသည်မှာ –
Huawei ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကို နိုင်ငံပေါင်း ၁၇၀ကျော်တွင် ရရှိလျက်ရှိပြီး ကမ္ဘာ့လူဦးရေ၏ သုံးပုံတစ်ပုံက သုံးစွဲလျက်ရှိသည်။ ၂၀၁၅ခုနှစ်တွင် စမတ်ဖုန်းတင်ပို့မှု၌ တတိယနေရာသို့ ရောက်ရှိခဲ့သည်။ အမေရိကန်၊ ဂျာမနီ၊ ဆွီဒင်၊ ရှရှား၊ အိန္ဒိယ နှင့် တရုတ်နိုင်ငံတို့တွင် သုတေသနစင်တာပေါင်း (၁၅)ခုကို တည်ထောင်ထားပါသည်။ Huawei Consumer လုပ်ငန်းစုသည် Huawei ၏ လုပ်ငန်းစုကြီး သုံးခုတွင် တစ်ခုအပါအဝင်ဖြစ်ပြီး စမတ်ဖုန်း (Smartphones)၊ ကွန်ပြူတာနှင့် တက်ဘလက်များ (PC and tablets)၊ ဝတ်ဆင်နိုင်သော ကိရိယာများ (Wearables)၊ ကြိုးမဲ့အင်တာနက်ချိတ်ဆက်ရန် ရွေ့လျားကိရိယာများ (Mobile Broadband Devices)၊ အိမ်သုံးထုတ်ကုန် (Family Device) နှင့် အင်တာနက်သိုလှောင်ခြင်း ဝန်ဆောင်မှုထုတ်ကုန်များ (Device Cloud Service) တို့ကို ထုတ်လုပ်လျက်ရှိသည်။ Huawei သည် တယ်လီကွန်းနယ်ပယ်တွင် အနှစ် ၂၀ ကျော်သက်တမ်းရှိသောအတွေ့အကြုံများဖြင့် Huawei ၏ ကမ္ဘာ့ဆက်သွယ်ရေးကွန်ယက် အားသာချက်များ၊ ကမ္ဘာတစ်ဝှမ်း ဖြန့်ကျက်လုပ်ဆောင်နိုင်စွမ်းနှင့် ကမ္ဘာ့ပူးပေါင်းမှုများကို တည်ဆောက်ထားသည်။ Huawei Consumer BG သည် သုံးစွဲသူများကို နောက်ဆုံးနည်းပညာများဖြန့်ဝေပေးရန်နှင့် ကမ္ဘာတစ်ဝှမ်းရှိလူအများကို အဆင့်မြင့်နည်းပညာများမှတဆင့်
ပျော်ရွှင်မှုများကို မျှဝေပေးနိုင်ရန် နှစ်မြှုပ်ထားပါသည်။ ရှေ့ဆက်လျှောက်လှမ်းပြီး အိပ်မက်များအမှန်တကယ် ဖြစ်ပေါ်လာစေရန် လုပ်ဆောင်သွားမည်ဖြစ်ပါသည်။