[Zawgyi]

Huawei ကေတာ့ မၾကာေသးခင္ေလးကမွ Huawei Mate 20, Mate 20 Pro, Mate 20x နဲ႔ Mate 20 RS Porsche Edition စမတ္ဖုန္းေတြကို ထုတ္ထားခဲ့ျပီးသားျဖစ္ပါတယ္။ P20 နဲ႔ P20 Pro ေတြကိုေတာ့ မတ္လတုန္းက ထုတ္ထားတာျဖစ္လို႔ ဒီႏွစ္ရဲ႕ P30 နဲ႔ P30 Pro ေတြကိုလည္း ၂၀၁၉ မတ္လေလာက္က်ရင္ မိတ္ဆက္လိမ့္မယ္လို႔ မွန္းရပါတယ္။

ကမာၻ႔ပထမဆံုး ကင္မရာသံုးလံုးနဲ႔ စမတ္ဖုန္းျဖစ္ခဲ့တဲ့ Huawei P20 Pro တုန္းကေတာ့ သံုးတဲ့သူေတြလည္း ေတာ္ေတာ္ေလးစိတ္ဝင္စားခဲ့ၾကတာပါပဲ။ အခုဒီတစ္ေခါက္ P30, P30 Pro ေတြလည္း ထြက္ခါနီးျပီဆိုေတာ့ သတင္းအပိုင္းအစေလးေတြ ၾကားလာရပါျပီ။ ပထမဆံုး စၾကားလာခဲ့ရတာက ကင္မရာ ၄လံုးပါမယ္ဆိုတဲ့အေၾကာင္း ျပလိုက္တဲ့ ဖုန္း Cover ဒီဇုိင္းေတြပါ။

ျမင္ရတဲ့အတိုင္းပဲ P30 ရဲ႕ Cover ဒီဇုိင္း (ဘယ္ဘက္) ကေတာ့ ဘယ္ဘက္ေထာင့္မွာ ကင္မရာ ၃လံးုကို ေဒါင္လိုက္တပ္ထားျပီး ေအာက္နားမွာေတာ့ Flash မီးအတြက္ အေပါက္ေလးတစ္ေပါက္ပါပါတယ္။ ေအာက္မွာေတာ့ USB-C အတြက္ အေပါက္ေလးပါျပီး ေဘးနားမွာ အဝုိင္းေပါက္ေလးပါေပမယ့္ နားၾကပ္ေပါက္ဟုတ္မဟုတ္ေတာ့ မေသခ်ာပါဘူး။

P30 Pro မွာေတာ့ ကင္မရာအတြက္အေပါက္ေနရာက ေတာ္ေတာ္ၾကီးတဲ့အတြက္ ကင္မရာ၄လံုးျဖစ္မယ္လို႔ မွန္းရပါတယ္။ ဒါေပမယ့္ ေဘးမွာလည္း ေနာက္ထပ္ေဒါင္လိုက္အေပါက္ၾကီး ပါေနေသးတာျဖစ္ျပီး သူကေတာ့ LED Flash ၂ခု သို႔မဟုတ္ ၂ခုထက္လည္း ပိုရင္ပိုႏုိင္မယ့္ပံုၾကီးပါ။

ေနာက္ထပ္လည္း တရုတ္ႏုိင္ငံဆိုဒ္တစ္ခုကေန ဒီဇုိင္းေတြထြက္ထားပါေသးတယ္။ သူလည္း တူတူပဲျဖစ္ျပီးေတာ့ ဖုန္းရဲ႕ညာဘက္ေအာက္နား (Cover မွာဆို ဘယ္ဘက္ေအာက္နား)ေလးမွာ ခလုတ္ေလး တစ္ခုလည္း ပါပါေသးတယ္။ ျဖစ္ႏုိင္တာကေတာ့ ဖုန္းကို Landscape အေနအထားနဲ႔ ရိုက္တဲ့အခါ ဓာတ္ပံုရိုက္တဲ့ခလုတ္ေလးျဖစ္မလား မေျပာတတ္ပါဘူး။

Cover ဒီဇုိင္းအရေတာ့ Fingerprint Scanner အတြက္ အေပါက္မပါဘူးဆိုေတာ့ In-Display Fingerprint Scanner နဲ႔လည္း ထြက္လာႏုိင္ပါတယ္။ ခုေတာ့ ထုတ္လုပ္တဲ့ ေနာက္ဆံုးအဆင့္ကိုေရာက္ေနပါျပီ။

ၾကားရသေလာက္ P30 ကင္မရာကေတာ့ 40MP Main Sensor, 20MP Secondary Sensor နဲ႔ 12MP Wide-Angle Lens ဆိုျပီး ပါမွာျဖစ္ျပီး ၂လံုးလံုးမွာ Waterdrop Notch Display သံုးထားႏုိင္ပါတယ္။ Chipset ေတာ့ Kirin 980 နဲ႔ပဲ ထြက္လာဖို႔ရိွျပီး P30 ကို RAM 8GB, P30 Pro ကို RAM 12GB နဲ႔ေတာင္ ထြက္မယ္လို႔ ခန္႔မွန္းလာၾကေပမယ့္ သိပ္ေတာ့မျဖစ္ႏုိင္ေလာက္ဘူးထင္ပါတယ္။ ထြက္လာမယ့္အခ်ိန္ကိုပဲ တူတူေစာင့္ၾကည့္လိုက္ၾကတာေပါ့.

Ref: GizmoChina

[Unicode]

Huawei ကတော့ မကြာသေးခင်လေးကမှ Huawei Mate 20, Mate 20 Pro, Mate 20x နဲ့ Mate 20 RS Porsche Edition စမတ်ဖုန်းတွေကို ထုတ်ထားခဲ့ပြီးသားဖြစ်ပါတယ်။ P20 နဲ့ P20 Pro တွေကိုတော့ မတ်လတုန်းက ထုတ်ထားတာဖြစ်လို့ ဒီနှစ်ရဲ့ P30 နဲ့ P30 Pro တွေကိုလည်း ၂၀၁၉ မတ်လလောက်ကျရင် မိတ်ဆက်လိမ့်မယ်လို့ မှန်းရပါတယ်။

ကမ္ဘာ့ပထမဆုံး ကင်မရာသုံးလုံးနဲ့ စမတ်ဖုန်းဖြစ်ခဲ့တဲ့ Huawei P20 Pro တုန်းကတော့ သုံးတဲ့သူတွေလည်း တော်တော်လေးစိတ်ဝင်စားခဲ့ကြတာပါပဲ။ အခုဒီတစ်ခေါက် P30, P30 Pro တွေလည်း ထွက်ခါနီးပြီဆိုတော့ သတင်းအပိုင်းအစလေးတွေ ကြားလာရပါပြီ။ ပထမဆုံး စကြားလာခဲ့ရတာက ကင်မရာ ၄လုံးပါမယ်ဆိုတဲ့အကြောင်း ပြလိုက်တဲ့ ဖုန်း Cover ဒီဇိုင်းတွေပါ။

မြင်ရတဲ့အတိုင်းပဲ P30 ရဲ့ Cover ဒီဇိုင်း (ဘယ်ဘက်) ကတော့ ဘယ်ဘက်ထောင့်မှာ ကင်မရာ ၃လံးုကို ဒေါင်လိုက်တပ်ထားပြီး အောက်နားမှာတော့ Flash မီးအတွက် အပေါက်လေးတစ်ပေါက်ပါပါတယ်။ အောက်မှာတော့ USB-C အတွက် အပေါက်လေးပါပြီး ဘေးနားမှာ အဝိုင်းပေါက်လေးပါပေမယ့် နားကြပ်ပေါက်ဟုတ်မဟုတ်တော့ မသေချာပါဘူး။

P30 Pro မှာတော့ ကင်မရာအတွက်အပေါက်နေရာက တော်တော်ကြီးတဲ့အတွက် ကင်မရာ၄လုံးဖြစ်မယ်လို့ မှန်းရပါတယ်။ ဒါပေမယ့် ဘေးမှာလည်း နောက်ထပ်ဒေါင်လိုက်အပေါက်ကြီး ပါနေသေးတာဖြစ်ပြီး သူကတော့ LED Flash ၂ခု သို့မဟုတ် ၂ခုထက်လည်း ပိုရင်ပိုနိုင်မယ့်ပုံကြီးပါ။

နောက်ထပ်လည်း တရုတ်နိုင်ငံဆိုဒ်တစ်ခုကနေ ဒီဇိုင်းတွေထွက်ထားပါသေးတယ်။ သူလည်း တူတူပဲဖြစ်ပြီးတော့ ဖုန်းရဲ့ညာဘက်အောက်နား (Cover မှာဆို ဘယ်ဘက်အောက်နား)လေးမှာ ခလုတ်လေး တစ်ခုလည်း ပါပါသေးတယ်။ ဖြစ်နိုင်တာကတော့ ဖုန်းကို Landscape အနေအထားနဲ့ ရိုက်တဲ့အခါ ဓာတ်ပုံရိုက်တဲ့ခလုတ်လေးဖြစ်မလား မပြောတတ်ပါဘူး။

Cover ဒီဇိုင်းအရတော့ Fingerprint Scanner အတွက် အပေါက်မပါဘူးဆိုတော့ In-Display Fingerprint Scanner နဲ့လည်း ထွက်လာနိုင်ပါတယ်။ ခုတော့ ထုတ်လုပ်တဲ့ နောက်ဆုံးအဆင့်ကိုရောက်နေပါပြီ။

ကြားရသလောက် P30 ကင်မရာကတော့ 40MP Main Sensor, 20MP Secondary Sensor နဲ့ 12MP Wide-Angle Lens ဆိုပြီး ပါမှာဖြစ်ပြီး ၂လုံးလုံးမှာ Waterdrop Notch Display သုံးထားနိုင်ပါတယ်။ Chipset တော့ Kirin 980 နဲ့ပဲ ထွက်လာဖို့ရှိပြီး P30 ကို RAM 8GB, P30 Pro ကို RAM 12GB နဲ့တောင် ထွက်မယ်လို့ ခန့်မှန်းလာကြပေမယ့် သိပ်တော့မဖြစ်နိုင်လောက်ဘူးထင်ပါတယ်။ ထွက်လာမယ့်အချိန်ကိုပဲ တူတူစောင့်ကြည့်လိုက်ကြတာပေါ့.

Ref: GizmoChina