[Zawgyi]

၂၀၁၈ခုႏွစ္ စမတ္ဖုန္းေလာကကို ကေမာက္ကမ ျဖစ္ေအာင္ လုပ္ခဲ့တဲ့ တရားခံေတြထဲမွာ Huawei P20 Pro က ထိပ္ဆုံးကပါ။ သူမ်ားေတြက ကင္မရာ ၂လုံးကို ဘယ္လိုတြဲထုတ္ရင္ ေကာင္းမလဲ စဥ္းစားေနခ်ိန္မွာ သူက ကင္မရာ ၃လုံးတြဲၿပီး ထုတ္လိုက္တာက တစ္ေၾကာင္း၊ သူမ်ားေတြက အျဖဴနဲ႔ အနက္ ဘာအေရာင္ထုတ္ရင္ ေကာင္းမလဲ စဥ္းစားေနခ်ိန္မွာ Gradient Color လို႔ေခၚတဲ့ အေရာင္ေျပး စပ္ၾကားအေရာင္ေတြကို ထုတ္လိုက္တာက တစ္ေၾကာင္း စတဲ့ အေၾကာင္းအရာေတြေၾကာင့္ ၂၀၁၈ခုႏွစ္ စမတ္ဖုန္းေလာကကို ကေမာက္ကမ ျဖစ္ေအာင္ လုပ္ခဲ့တဲ့ ထိပ္ဆုံးက တရားခံဆိုၿပီး ကင္ပြန္းတပ္လိုက္ရတာပါ။

Huawei P20 Pro ဟာ DxOMark Mobile မွာဆိုရင္ လက္ရွိအခ်ိန္ထိ ကင္မရာအေကာင္းဆုံး စမတ္ဖုန္းအျဖစ္ သတ္မွတ္ခံထားရတဲ့ ဖုန္းတစ္လုံးပါ။ ဒီဇိုင္းအပိုင္းမွာဆိုရင္လည္း ေသသပ္လွပၿပီးဆန္းသစ္ခဲ့တာေၾကာင့္ လူအမ်ားရဲ႕ သေဘာက် ႏွစ္သက္ျခင္းကို ခံခဲ့ရပါတယ္။ ဒါ့ေၾကာင့္ အသစ္ထြက္ရွိလာမယ့္ မ်ိဴးဆက္သစ္ P30 Pro ကို လူေတာ္ေတာ္မ်ားမ်ားက စိတ္ဝင္တစားနဲ႔ ေမွ်ာ္လင့္ေစာင့္စားေနၾကတာ ျဖစ္ပါတယ္။ ဒီေန႔မွာေတာ့ Huawei P30 Pro ရဲ႕ Concept Render ဗီဒီယို ေပၚထြက္လာပါၿပီ။

အဆိုပါဗီဒီယိုဟာ YouTuber တစ္ဦးျဖစ္တဲ့ Waqar Khan ဆီကေန တစ္ဆင့္ ထြက္ေပၚလာခဲ့တာ ျဖစ္ပါတယ္။ P30 Pro ရဲ႕ Concept Render ဗီဒီယိုကို အေစာပိုင္းတုန္းက ၾကားသိခဲ့ရတဲ့ ေကာလဟလသတင္းေတြနဲ႔ ေပါက္ၾကားခဲ့တဲ့ ဓာတ္ပုံေတြအေပၚ အေျခခံၿပီး ျပန္လည္ဖန္တီးထားတာ ျဖစ္ပါတယ္။

ဗီဒီယိုကို ၾကည့္ျခင္းအားျဖင့္ P30 Pro ရဲ႕ Chin ( ေအာက္ေဘာင္) နဲ႔ Bezels (ေဘာင္) ေတြက ေတာ္ေတာ္ေလးေသးငယ္သြားတာကို ေတြ႕ရမွာပါ။ Waterdrop-style Display Notch ကို အသုံးျပဳထားတာ ေတြ႕ရၿပီး၊ အဆိုပါ Notch ထဲမွာေတာ့ Selfie Camera ကို ထည့္သြင္းတပ္ဆင္ထားမွာ ျဖစ္ပါတယ္။ ေနာက္ေက်ာဘက္မွာဆိုရင္ ကင္မရာ ၄လုံးကို ေဒါင္လိုက္တပ္ဆင္ထားတာ ေတြ႕ရၿပီး၊ အဆိုပါကင္မရာ ၄လုံးထဲက တစ္လုံးက 38MP Sony IMX607 Sensor ျဖစ္တယ္လို႔ သိရပါတယ္။

Display အပိုင္းအတြက္ Curved OLED Display ကို အသုံးျပဳထားႏိုင္ၿပီး In-display Fingerprint Sensor လည္း ပါဝင္လာႏိုင္ပါတယ္။ Processor အပိုင္းကို အတိအက်ေျပာလို႔မရေသးေပမယ့္ Mate 20 Series ေတြမွာ အသုံးျပဳထားတဲ့ Kirin 980 SoC နဲ႔ပြဲထြက္လာႏိုင္ဖြယ္ ရွိပါတယ္။ တခ်ိဴ႕ေသာ ကြၽမ္းက်င္ပညာရွင္ေတြကေတာ့ Huawei ရဲ႕ Kirin 985 SoC အသစ္စက္စက္ကို P20 Series နဲ႔အတူ ပြဲထုတ္လာႏိုင္ေၾကာင္း ခန္႔မွန္းေျပာဆိုထားၾကပါတယ္။

Ref : Gadgets.ndtv

[Unicode]

Huawei P30 Pro ရဲ့ Concept Render ဗီဒီယို ထွက်ပေါ်လာပြီ

၂၀၁၈ခုနှစ် စမတ်ဖုန်းလောကကို ကမောက်ကမ ဖြစ်အောင် လုပ်ခဲ့တဲ့ တရားခံတွေထဲမှာ Huawei P20 Pro က ထိပ်ဆုံးကပါ။ သူများတွေက ကင်မရာ ၂လုံးကို ဘယ်လိုတွဲထုတ်ရင် ကောင်းမလဲ စဥ်းစားနေချိန်မှာ သူက ကင်မရာ ၃လုံးတွဲပြီး ထုတ်လိုက်တာက တစ်ကြောင်း၊ သူများတွေက အဖြူနဲ့ အနက် ဘာအရောင်ထုတ်ရင် ကောင်းမလဲ စဥ်းစားနေချိန်မှာ Gradient Color လို့ခေါ်တဲ့ အရောင်ပြေး စပ်ကြားအရောင်တွေကို ထုတ်လိုက်တာက တစ်ကြောင်း စတဲ့ အကြောင်းအရာတွေကြောင့် ၂၀၁၈ခုနှစ် စမတ်ဖုန်းလောကကို ကမောက်ကမ ဖြစ်အောင် လုပ်ခဲ့တဲ့ ထိပ်ဆုံးက တရားခံဆိုပြီး ကင်ပွန်းတပ်လိုက်ရတာပါ။

Huawei P20 Pro ဟာ DxOMark Mobile မှာဆိုရင် လက်ရှိအချိန်ထိ ကင်မရာအကောင်းဆုံး စမတ်ဖုန်းအဖြစ် သတ်မှတ်ခံထားရတဲ့ ဖုန်းတစ်လုံးပါ။ ဒီဇိုင်းအပိုင်းမှာဆိုရင်လည်း သေသပ်လှပပြီးဆန်းသစ်ခဲ့တာကြောင့် လူအများရဲ့ သဘောကျ နှစ်သက်ခြင်းကို ခံခဲ့ရပါတယ်။ ဒါ့ကြောင့် အသစ်ထွက်ရှိလာမယ့် မျိူးဆက်သစ် P30 Pro ကို လူတော်တော်များများက စိတ်ဝင်တစားနဲ့ မျှော်လင့်စောင့်စားနေကြတာ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ Huawei P30 Pro ရဲ့ Concept Render ဗီဒီယို ပေါ်ထွက်လာပါပြီ။

အဆိုပါဗီဒီယိုဟာ YouTuber တစ်ဦးဖြစ်တဲ့ Waqar Khan ဆီကနေ တစ်ဆင့် ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။ P30 Pro ရဲ့ Concept Render ဗီဒီယိုကို အစောပိုင်းတုန်းက ကြားသိခဲ့ရတဲ့ ကောလဟလသတင်းတွေနဲ့ ပေါက်ကြားခဲ့တဲ့ ဓာတ်ပုံတွေအပေါ် အခြေခံပြီး ပြန်လည်ဖန်တီးထားတာ ဖြစ်ပါတယ်။

ဗီဒီယိုကို ကြည့်ခြင်းအားဖြင့် P30 Pro ရဲ့ Chin ( အောက်ဘောင်) နဲ့ Bezels (ဘောင်) တွေက တော်တော်လေးသေးငယ်သွားတာကို တွေ့ရမှာပါ။ Waterdrop-style Display Notch ကို အသုံးပြုထားတာ တွေ့ရပြီး၊ အဆိုပါ Notch ထဲမှာတော့ Selfie Camera ကို ထည့်သွင်းတပ်ဆင်ထားမှာ ဖြစ်ပါတယ်။ နောက်ကျောဘက်မှာဆိုရင် ကင်မရာ ၄လုံးကို ဒေါင်လိုက်တပ်ဆင်ထားတာ တွေ့ရပြီး၊ အဆိုပါကင်မရာ ၄လုံးထဲက တစ်လုံးက 38MP Sony IMX607 Sensor ဖြစ်တယ်လို့ သိရပါတယ်။

Display အပိုင်းအတွက် Curved OLED Display ကို အသုံးပြုထားနိုင်ပြီး In-display Fingerprint Sensor လည်း ပါဝင်လာနိုင်ပါတယ်။ Processor အပိုင်းကို အတိအကျပြောလို့မရသေးပေမယ့် Mate 20 Series တွေမှာ အသုံးပြုထားတဲ့ Kirin 980 SoC နဲ့ပွဲထွက်လာနိုင်ဖွယ် ရှိပါတယ်။ တချိူ့သော ကျွမ်းကျင်ပညာရှင်တွေကတော့ Huawei ရဲ့ Kirin 985 SoC အသစ်စက်စက်ကို P20 Series နဲ့အတူ ပွဲထုတ်လာနိုင်ကြောင်း ခန့်မှန်းပြောဆိုထားကြပါတယ်။

Ref : Gadgets.ndtv