[Zawgyi]

Huawei P20 နဲ႔ P20 Pro တို႔ဟာ ၂၀၁၈ခုႏွစ္ရဲ႕ စမတ္ဖုန္းေလာကကို ေအာင္ျမင္စြာ ေက်ာ္ျဖတ္ႏိုင္ခဲ့တဲ့ စမတ္ဖုန္းေတြပါ။ ဒီေန႔မွာေတာ့ @OnLeaks (91mobiles) ရဲ႕ ေက်းဇူးေၾကာင့္ Huawei P30 ရဲ႕ ဒီဇိုင္း ကာလာ အေနအထားနဲ႔ အခ်က္အလက္တခ်ိဴ႕ကို ျမင္ေတြ႕ခြင့္ ရခဲ့ပါတယ္။

@OnLeaks (91mobiles) ကေနတစ္ဆင့္ ေပၚထြက္ခဲ့တဲ့ ဗီဒီယိုနဲ႔ ဓာတ္ပုံေတြကို ျပန္လည္သုံးသပ္ၾကည့္ရမယ္ဆိုရင္ Huawei P30 မွာ Waterdrop Notch Display ကို အသုံးျပဳလာႏိုင္ပါတယ္။ P20 မွာတုန္းက Dual Camera Setup ကို တပ္ဆင္ခဲ့ေပမယ့္ အခု P30 မွာေတာ့ Triple Camera Setup ကို တပ္ဆင္ထားတာ ေတြ႕ရပါတယ္။ Huawei P30 Pro ကေတာ့ Quad Camera Setup နဲ႔ပြဲထြက္လာႏိုင္ပါတယ္။

ယခင္ P20 စီးရီးေတြမွာ ျဖဳတ္ခ်ခဲ့တဲ့ 3.5mm Headphone Jack ေတြကို P30 စီးရီးမွာ ျပန္လည္ အသက္သြင္းလာႏိုင္ပါတယ္။ ေနာက္ထပ္ ေျပာင္းလဲမႈႀကီး တစ္ခုကေတာ့ Home Button ပါဝင္တာ မေတြ႕ရေတာ့ပါဘူး။ ဒါ့ေၾကာင့္ Chin (ေအာက္ေဘာင္) ကလည္း ေတာ္ေတာ္ေလး ေသးငယ္သြားပါတယ္။ Huawei P20 စီးရီးကို ထုတ္လုပ္တုန္းက Home Button မပါတဲ့ FullView Display ဒီဇိုင္းေတြ ေခတ္စားေနေပမယ့္ အဆိုပါစီးရီးမွာ ထူးထူးဆန္းဆန္း Home Button ထည့္သြင္းၿပီး ထုတ္လုပ္ခဲ့ပါတယ္။

အလားတူ Fingerprint Sensor ကိုလည္း Home Button ထဲမွာပဲ ထည့္သြင္းတပ္ဆင္ခဲ့ပါတယ္။ အခု P30 စီးရီးမွာေတာ့ ေရွ႕ဘက္မ်က္ႏွာျပင္က Home Button ကို ျဖဳတ္ခ်လိုက္ၿပီ ျဖစ္သလို ေနာက္ေက်ာဘက္မွာလည္း Fingerprint Sensor တပ္ဆင္ထားတာ မေတြ႕ရတဲ့အတြက္ In-display Fingerprint Sensor ကို ထည့္သြင္း တပ္ဆင္ထားႏိုင္ပါတယ္။

Ref : Android Authority

[Unicode]

Triple Camera Setup နဲ့ ပွဲထွက်လာနိုင်တဲ့ Huawei P30 မှာ In-display Fingerprint Sensor ပါဝင်လာဖွယ်ရှိ

Huawei P20 နဲ့ P20 Pro တို့ဟာ ၂၀၁၈ခုနှစ်ရဲ့ စမတ်ဖုန်းလောကကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့တဲ့ စမတ်ဖုန်းတွေပါ။ ဒီနေ့မှာတော့ @OnLeaks (91mobiles) ရဲ့ ကျေးဇူးကြောင့် Huawei P30 ရဲ့ ဒီဇိုင်း ကာလာ အနေအထားနဲ့ အချက်အလက်တချိူ့ကို မြင်တွေ့ခွင့် ရခဲ့ပါတယ်။

@OnLeaks (91mobiles) ကနေတစ်ဆင့် ပေါ်ထွက်ခဲ့တဲ့ ဗီဒီယိုနဲ့ ဓာတ်ပုံတွေကို ပြန်လည်သုံးသပ်ကြည့်ရမယ်ဆိုရင် Huawei P30 မှာ Waterdrop Notch Display ကို အသုံးပြုလာနိုင်ပါတယ်။ P20 မှာတုန်းက Dual Camera Setup ကို တပ်ဆင်ခဲ့ပေမယ့် အခု P30 မှာတော့ Triple Camera Setup ကို တပ်ဆင်ထားတာ တွေ့ရပါတယ်။ Huawei P30 Pro ကတော့ Quad Camera Setup နဲ့ပွဲထွက်လာနိုင်ပါတယ်။

 

ယခင် P20 စီးရီးတွေမှာ ဖြုတ်ချခဲ့တဲ့ 3.5mm Headphone Jack တွေကို P30 စီးရီးမှာ ပြန်လည် အသက်သွင်းလာနိုင်ပါတယ်။ နောက်ထပ် ပြောင်းလဲမှုကြီး တစ်ခုကတော့ Home Button ပါဝင်တာ မတွေ့ရတော့ပါဘူး။ ဒါ့ကြောင့် Chin (အောက်ဘောင်) ကလည်း တော်တော်လေး သေးငယ်သွားပါတယ်။ Huawei P20 စီးရီးကို ထုတ်လုပ်တုန်းက Home Button မပါတဲ့ FullView Display ဒီဇိုင်းတွေ ခေတ်စားနေပေမယ့် အဆိုပါစီးရီးမှာ ထူးထူးဆန်းဆန်း Home Button ထည့်သွင်းပြီး ထုတ်လုပ်ခဲ့ပါတယ်။

အလားတူ Fingerprint Sensor ကိုလည်း Home Button ထဲမှာပဲ ထည့်သွင်းတပ်ဆင်ခဲ့ပါတယ်။ အခု P30 စီးရီးမှာတော့ ရှေ့ဘက်မျက်နှာပြင်က Home Button ကို ဖြုတ်ချလိုက်ပြီ ဖြစ်သလို နောက်ကျောဘက်မှာလည်း Fingerprint Sensor တပ်ဆင်ထားတာ မတွေ့ရတဲ့အတွက် In-display Fingerprint Sensor ကို ထည့်သွင်း တပ်ဆင်ထားနိုင်ပါတယ်။

Ref : Android Authority