[Zawgyi]

ၿပီးခဲ့တဲ့ ၂၀၁၈ ခုႏွစ္ ဒီဇင္ဘာလေႏွာင္းပိုင္းမွာ Huawei P30 Pro အတြက္ သတင္းေတြ စတင္ထြက္ေပၚခဲ့ၿပီး Olixar မွထုတ္လုပ္တဲ့ P30 Pro အတြက္ Case ေတြမွာ ဒီဟန္းဆက္အသစ္ဟာ တရုတ္အေျခစုိက္ကုမၸဏီအတြက္ ပထမဆုံး ကင္မရာေလးလုံးပါတဲ့ ဖုန္းျဖစ္လာမယ္ဆုိတာ ေတြ႕ခဲ့ရပါတယ္။

တစ္လေက်ာ္ၾကာၿပီးမွ ယေန႔မွာ Huawei P30 Pro အတြက္ Render ပုံရိပ္တစ္ခု ထြက္ေပၚလာခဲ့ကာ ယခင္ျမင္ထားရတဲ့ Olixar Case ေတြနဲ႔ မတူညီဘဲ ထူးဆန္းတဲ့ ပုံျဖစ္ေနပါတယ္။ ေနာက္ဘက္က ကင္မရာေတြကုိ ဟန္းဆက္ေတြမွာ သာမာန္ ျမင္ေနၾကပုံစံမ်ဳိးမဟုတ္ဘဲ ထူးထူးျခားျခား ေနရာခ်လာတာကို ေတြ႕ရမွာပါ။

ဒီ Render ထဲကပုံဟာ P20 Pro ကုိယ္ထည္နဲ႔ဆင္တူေနေပမယ့္ ကင္မရာေတြကို အတန္းတစ္ခုတည္းမွာ စီမထားဘဲ ဒုတိယေျမာက္ အတန္းတစ္ခု ခြဲထုတ္ထားတာကို ေတြ႕ရမွာပါ။ ယခင္က Olixar ရဲ႕ဖုန္းကာဗာပုံမွာလဲ ဒုတိယေျမာက္ အတန္းတစ္ခုအတြက္ ေနရာထည့္ထားေပးတာ ပါခဲ့ေပမယ့္ ဒီေလာက္ေတာ့ မႀကီးဘဲ Dual-Flash နဲ႔ Laser Autofocus အတြက္သာ ျဖစ္ပါတယ္။

တစ္ခုရွိတာက ဖုန္းကာဗာထုတ္လုပ္သူေတြကို ဖုန္းထုတ္လုပ္သူေတြက ေနရာလြတ္ခ်န္ထားေပးဖို႔ ေျပာတဲ့အခါမွာ ဘာအတြက္ဆုိတာကို ထည့္ေျပာျပေလ့မရွိဘဲ ေနရာနဲ႔ အရြယ္အစားကိုပဲ ေျပာျပေလ့ရွိပါတယ္။ ဒါေပမယ့္လည္း Case မွာေတြ႕ရတဲ့ ေနရာလြတ္က ကင္မရာအတြက္ ေသးလြန္းေနပါတယ္။

P30 Pro ဖုန္းကို ေဖေဖာ္ဝါရီလကုန္ခါနီးမွာ ထြက္လာမယ္လို႔ ခန္႔မွန္းထားၾကပါတယ္။ ဒါေၾကာင့္ တရားဝင္ မိတ္ဆက္လာဖုိ႔ နီးကပ္လာခ်ိန္မွာ သတင္းေတြ ဆက္တုိက္ထြက္ေပၚလာဦးမွာပါပဲ။ Prototype ေတြရဲ႕ ပုံေတြလည္း ပါႏုိင္တာေၾကာင့္ တကယ္ထြက္လာခ်ိန္မွာ မတူညီတာလည္း ျဖစ္ႏုိင္ပါေသးတယ္။

Ref – GSM Arena

[Unicode]

ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလနှောင်းပိုင်းမှာ Huawei P30 Pro အတွက် သတင်းတွေ စတင်ထွက်ပေါ်ခဲ့ပြီး Olixar မှထုတ်လုပ်တဲ့ P30 Pro အတွက် Case တွေမှာ ဒီဟန်းဆက်အသစ်ဟာ တရုတ်အခြေစိုက်ကုမ္ပဏီအတွက် ပထမဆုံး ကင်မရာလေးလုံးပါတဲ့ ဖုန်းဖြစ်လာမယ်ဆိုတာ တွေ့ခဲ့ရပါတယ်။

တစ်လကျော်ကြာပြီးမှ ယနေ့မှာ Huawei P30 Pro အတွက် Render ပုံရိပ်တစ်ခု ထွက်ပေါ်လာခဲ့ကာ ယခင်မြင်ထားရတဲ့ Olixar Case တွေနဲ့ မတူညီဘဲ ထူးဆန်းတဲ့ ပုံဖြစ်နေပါတယ်။ နောက်ဘက်က ကင်မရာတွေကို ဟန်းဆက်တွေမှာ သာမာန် မြင်နေကြပုံစံမျိုးမဟုတ်ဘဲ ထူးထူးခြားခြား နေရာချလာတာကို တွေ့ရမှာပါ။

ဒီ Render ထဲကပုံဟာ P20 Pro ကိုယ်ထည်နဲ့ဆင်တူနေပေမယ့် ကင်မရာတွေကို အတန်းတစ်ခုတည်းမှာ စီမထားဘဲ ဒုတိယမြောက် အတန်းတစ်ခု ခွဲထုတ်ထားတာကို တွေ့ရမှာပါ။ ယခင်က Olixar ရဲ့ဖုန်းကာဗာပုံမှာလဲ ဒုတိယမြောက် အတန်းတစ်ခုအတွက် နေရာထည့်ထားပေးတာ ပါခဲ့ပေမယ့် ဒီလောက်တော့ မကြီးဘဲ Dual-Flash နဲ့ Laser Autofocus အတွက်သာ ဖြစ်ပါတယ်။

တစ်ခုရှိတာက ဖုန်းကာဗာထုတ်လုပ်သူတွေကို ဖုန်းထုတ်လုပ်သူတွေက နေရာလွတ်ချန်ထားပေးဖို့ ပြောတဲ့အခါမှာ ဘာအတွက်ဆိုတာကို ထည့်ပြောပြလေ့မရှိဘဲ နေရာနဲ့ အရွယ်အစားကိုပဲ ပြောပြလေ့ရှိပါတယ်။ ဒါပေမယ့်လည်း Case မှာတွေ့ရတဲ့ နေရာလွတ်က ကင်မရာအတွက် သေးလွန်းနေပါတယ်။

P30 Pro ဖုန်းကို ဖေဖော်ဝါရီလကုန်ခါနီးမှာ ထွက်လာမယ်လို့ ခန့်မှန်းထားကြပါတယ်။ ဒါကြောင့် တရားဝင် မိတ်ဆက်လာဖို့ နီးကပ်လာချိန်မှာ သတင်းတွေ ဆက်တိုက်ထွက်ပေါ်လာဦးမှာပါပဲ။ Prototype တွေရဲ့ ပုံတွေလည်း ပါနိုင်တာကြောင့် တကယ်ထွက်လာချိန်မှာ မတူညီတာလည်း ဖြစ်နိုင်ပါသေးတယ်။

Ref – GSM Arena