Huawei ရဲ့ ကုမ္ပဏီအခွဲတစ်ခုဖြစ်တဲ့ Honor Play စမတ်ဖုန်းဟာ ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းက တရားဝင်ထွက်ရှိခဲ့တာပဲဖြစ်ပါတယ်။ အဆိုပါ Honor Play စမတ်ဖုန်းဟာ စွမ်းဆောင်ရည်ပိုင်းကို အလေးပေးတဲ့ Gaming Phone တစ်ခုဖြစ်တဲ့အတွက် Huawei ရဲ့ လက်ရှိ စွမ်းဆောင်ရည်အကောင်းဆုံး Kirin 970 Processor ကို အသုံးပြုထားတဲ့အပြင် နောက်ထပ် နည်းပညာတစ်ခုလည်းပါဝင်ခဲ့ပါသေးတယ်။

အဆိုပါနည်းပညာကတော့ GPU Turbo လို့ခေါ်ဆိုထားပြီးတော့ Huawei Kirin Processor တွေမှာ ပါဝင်တဲ့ GPU ကို ပိုပြီး စွမ်းဆောင်ရည်တိုးလာအောင်ပြုလုပ်ပေးတာပဲဖြစ်ပါတယ်။ ဘယ်လောက်ထိတောင်တိုးလာစေမလဲဆိုရင် ၆၀% အထိကို တိုးတက်လာစေမယ်လို့ ကြေညာခဲ့တာဖြစ်ပါတယ်။

အခုလိုမျိုး အလန်းစား Honor Play ရဲ့ GPU Turbo နည်းပညာက Honor Play စမတ်ဖုန်းမှာတင်မဟုတ်ပဲ နောက်ထပ် အခြားသော Honor စမတ်ဖုန်းတွေမှာပါ ရရှိလာအောင် Software Update ပေးမယ်လို့ ကြေညာခဲ့တဲ့အတွက် Honor 10 ၊ Honor 7X စတဲ့ Honor ဖုန်းတွေ အသုံးပြုနေတဲ့သူတွေအတွက် သတင်းကောင်းတစ်ခုဖြစ်ခဲ့ပါတယ်။

အခုအချိန်မှာတော့ Honor ဖုန်းတွေတင်မဟုတ်ပဲ Huawei စမတ်ဖုန်းတွေမှာ အခုလိုမျိုး GPU Turbo စနစ်ကို Software Update ကနေ တစ်ဆင့်ရရှိလာစေမယ်လို့ ကြေညာလိုက်ပြီဖြစ်ပါတယ်။

အခုလိုမျိုး GPU Turbo နည်းပညာရရှိလာစေမယ့် Huawei စမတ်ဖုန်းတွေကတော့ Huawei Mate 10 ၊ Mate 10 Pro ၊ Huawei P20 ၊ P20 Pro ၊ Mate RS Porsche Design ၊ Nova 2S ၊ Nova 3e ၊ Enjoy 8 Plus ၊ Enjoy 7S နဲ့ Mate 10 Lite စမတ်ဖုန်းတွေအကုန်လုံးပါဝင်မှာဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် Huawei ဖုန်းသုံးနေတဲ့သူတွေအတွက်ကတော့ ဒါက လုံးဝသတင်းကောင်းတစ်ခုပါ။