Zawgyi

EMUI 9 ကို ျမွင့္တင္ျပီးသြားတဲ့ တရုတ္ျပည္တြင္းသံုး Huawei ဖုန္းေတြမွာ Custom Launcher ေတြေျပာင္းလဲအသံုးျပဳလို႔ မရေတာ့ပါဘူး။ Custom Launcher ဆိုတာ ဖုန္းမွာ တစ္ပါတည္းပါလာတဲ့ Launcher မဟုတ္ပဲ အျပင္ App Store ေတြကေနရယူသံုးစြဲရတဲ့ Launcher မ်ိဳးကိုေျပာတာပါ။ ဥပမာ ျပရရင္ Nova Launcher လို နာမည္ၾကီး Third Party Launcher App ေတြျဖစ္ပါတယ္။ EMUI 9 အသံုးျပဳဖုန္းေတြမွာ Third Part App ေတြလံုးဝသြင္းလို႔ မရတာမဟုတ္ပဲ သြင္းလို႔ေတာ့ရပါတယ္။ ဒါေပမယ့္လည္း Default ထားလို႔မရပဲ EMUI 9 ကိုယ္ပိုင္ Launcher App ကိုပဲ ျပန္ျပန္သံုးေနရတာပါ။

အဆိုပါ Third Party Launcher ေတြကို ကန္႔သက္ထားတဲ့ တားျမစ္ခ်က္က တရုတ္ျပည္တြင္း သံုး EMUI 9 နဲ႔ Huawei ဖုန္းေတြအေပၚပဲ သက္ေရာက္တာျဖစ္ျပီး ႏိုင္ငံတကာမွာ အသံုးျပဳေနတဲ့ Huawei ဖုန္းေတြနဲ႔ေတာ့ မဆိုင္ဘူးလို႔ သိရပ့တယ္။ ဒီ စိတ္ညစ္စရာ ကန္႔သက္ခ်က္ကို Huawei ကျပဳလုပ္ခဲ့တာ အေၾကာင္းေတာ့ရွိပါတယ္။ တရုတ္ျပည္တြင္းမွာ Huawei ဖုန္းေတြကို တစ္ဆင့္ခံ ျပန္လည္ ေရာင္းခ်တဲ့သူေတြက လံုျခံဳေရးပိုင္းစိတ္မခ်ရတဲ့ Custom App ေတြထည့္သြင္းျပီး ေရာင္းခ်ေလ့ရွိပါတယ္။ EMUI Launcher အတုေတြလည္းထည့္ျပီး အြန္လိုင္းေၾကာ္ညာေတြလည္း ထည့္သြင္းေလ့ရွိပါေသးတယ္။ အမ်ားအားျဖင့္ Custom Launcher App ေတြမွာ အဆိုပါ ျပႆနာမ်ိဳးေတြေတြ႔ၾကံဳေနရတာပါ။ အဲ့အတြက္ေၾကာင့္ပဲ Custom Launcher ေတြအသံုးျပဳလို႔မရေအာင္ Huawei ဘက္ကပိတ္ပင္ခဲ့တာပါ။ အဆိုပါ ကန္႔သက္ခ်က္က ကိုယ့္ရဲ႕ဖုန္း လံုျခံဳမွုအတြက္ေတာ့ အက်ိဳးရွိလာေပမယ့္ ကိုယ့္စိတ္ၾကိဳက္ Custom Launcher ေတြအသံုးျပဳလို႔မရေတာ့လို႔ စိတ္ညစ္ဖို႔ေတာ့ေကာင္းပါတယ္။

Ref: XDA

Unicode

EMUI 9 ကို မြှင့်တင်ပြီးသွားတဲ့ တရုတ်ပြည်တွင်းသုံး Huawei ဖုန်းတွေမှာ Custom Launcher တွေပြောင်းလဲအသုံးပြုလို့ မရတော့ပါဘူး။ Custom Launcher ဆိုတာ ဖုန်းမှာ တစ်ပါတည်းပါလာတဲ့ Launcher မဟုတ်ပဲ အပြင် App Store တွေကနေရယူသုံးစွဲရတဲ့ Launcher မျိုးကိုပြောတာပါ။ ဥပမာ ပြရရင် Nova Launcher လို နာမည်ကြီး Third Party Launcher App တွေဖြစ်ပါတယ်။ EMUI 9 အသုံးပြုဖုန်းတွေမှာ Third Part App တွေလုံးဝသွင်းလို့ မရတာမဟုတ်ပဲ သွင်းလို့တော့ရပါတယ်။ ဒါပေမယ့်လည်း Default ထားလို့မရပဲ EMUI 9 ကိုယ်ပိုင် Launcher App ကိုပဲ ပြန်ပြန်သုံးနေရတာပါ။

အဆိုပါ Third Party Launcher တွေကို ကန့်သက်ထားတဲ့ တားမြစ်ချက်က တရုတ်ပြည်တွင်း သုံး EMUI 9 နဲ့ Huawei ဖုန်းတွေအပေါ်ပဲ သက်ရောက်တာဖြစ်ပြီး နိုင်ငံတကာမှာ အသုံးပြုနေတဲ့ Huawei ဖုန်းတွေနဲ့တော့ မဆိုင်ဘူးလို့ သိရပ့တယ်။ ဒီ စိတ်ညစ်စရာ ကန့်သက်ချက်ကို Huawei ကပြုလုပ်ခဲ့တာ အကြောင်းတော့ရှိပါတယ်။ တရုတ်ပြည်တွင်းမှာ Huawei ဖုန်းတွေကို တစ်ဆင့်ခံ ပြန်လည် ရောင်းချတဲ့သူတွေက လုံခြုံရေးပိုင်းစိတ်မချရတဲ့ Custom App တွေထည့်သွင်းပြီး ရောင်းချလေ့ရှိပါတယ်။ EMUI Launcher အတုတွေလည်းထည့်ပြီး အွန်လိုင်းကြော်ညာတွေလည်း ထည့်သွင်းလေ့ရှိပါသေးတယ်။ အများအားဖြင့် Custom Launcher App တွေမှာ အဆိုပါ ပြဿနာမျိုးတွေတွေ့ကြုံနေရတာပါ။ အဲ့အတွက်ကြောင့်ပဲ Custom Launcher တွေအသုံးပြုလို့မရအောင် Huawei ဘက်ကပိတ်ပင်ခဲ့တာပါ။ အဆိုပါ ကန့်သက်ချက်က ကိုယ့်ရဲ့ဖုန်း လုံခြုံမှုအတွက်တော့ အကျိုးရှိလာပေမယ့် ကိုယ့်စိတ်ကြိုက် Custom Launcher တွေအသုံးပြုလို့မရတော့လို့ စိတ်ညစ်ဖို့တော့ကောင်းပါတယ်။

Ref: XDA