Zawgyi
Unicode
Orchard လမ်းမပေါ်က Apple Singapore Store အပြင်ဘက်မှာ iPhone XS နဲ့ XS Max ဖုန်းဝယ်ယူဖို့ စောင့်ဆိုင်းနေကျသူများအား Huawei မှ Power Bank များ ပေးဝေခဲ့
Apple က သူတို့ရဲ့ iPhone အသစ်တွေကို ဈေးကွက်ထဲမှာ တရားဝင်ရောင်းချမယ့်ရက် မတိုင်ခင် ၁ ရက်အလိုဖြစ်တယ့် စက်တင်ဘာလ ၂၀ ရက်နေ့မှာ Singapore Apple Store အပြင်ဘက်မှာ စောင့်ဆိုင်းနေကြတယ့် ရာပေါင်းများစွာသော သုံးစွဲသူတွေကို Huawei အဖွဲ့ဝင်များက ည ၁၁ နာရီ ဝန်းကျင်လောက်မှာ 10,000 mAh ရှိတယ့် Powerbank တွေကို ပေးဝေခဲ့ပါတယ်။
Powerbank ပေါင်း ၂၀၀ ကျော် ပေးဝေခဲ့ပြီး အဆိုပါ Powerbank ရဲ့ တန်ဖိုးမှာ Singapore Dollar 98 တန်ဖိုး ဝန်းကျင်ရှိတယ်လို့ သိရပါတယ်။ သုံးစွဲသူတော်တော်များများက ရုတ်တရက် အံ့သြခဲ့ကြပြီး ခဏအကြာမှာ powerbank ပေးဝေတာကို ဝမ်းမြောက် ဝမ်းသာ လက်ခံခဲ့ကြကြောင်းကိုလည်း သိရှိခဲ့ရပါတယ်။