ျပီးခဲ့တဲ့ရက္သတၱပတ္မွာ Apple ဟာ အသစ္စက္စက္ A12 Bionic ပရုိဆက္ဆာ ပါဝင္တဲ့ အုိင္ဖုန္း အသစ္ေတြကို မိတ္ဆက္ခဲ့ျပီး ပထမဆုံးေစ်းကြက္ထဲကို ေရာက္ရွိလာမယ့္ 7nm Chip ျဖစ္လာပါတယ္။ ဒါေပမယ့္ Huawei ကလည္း သူတုိ႔ကိုယ္ပုိင္ 7nm ပရုိဆက္ဆာ ျဖစ္တဲ့ Kirin 980 ကို Apple မိတ္ဆက္ပြဲမတုိင္ခင္မွာ ၾကိဳတင္ေၾကျငာထားခဲ့ျပီးသားပါ။

Huawei ရဲ႕ 7nm ပရုိဆက္ဆာဟာ လာမယ့္ေအာက္တုိဘာ ၁၆ ရက္ေန႔၊ ဒူဘုိင္းမွာ မိတ္ဆက္သြားမယ့္ Huawei Mate 20 Pro ဟန္းဆက္မွာ ပြဲထြက္လာမွာျဖစ္ျပီး သူ႕ရဲ႕ထုတ္ကုန္အသစ္အေၾကာင္းကို ေျပာဆုိရာမွာ Huawei က သူတုိ႔ရဲ႕ ပရုိဆက္ဆာဟာ Apple A12 ထက္ ပိုေကာင္းမယ္လို႔ ယုံၾကည္ေၾကာင္း ထည့္ေျပာသြားခဲ့ပါတယ္။

Huawei ဟာ Kirin 980 ကို သုံးႏွစ္ေက်ာ္ တီထြင္ပုံေဖာ္လာခဲ့တာျဖစ္ျပီး အဓိက အာရုံစုိက္ထားတဲ့ ေနရာသုံးခုက စြမ္းအင္ေခၽြတာေရးနဲ႔ စြမ္းေဆာင္ရည္ပါဝါ၊ ပိုထက္ျမက္တဲ့ အသိဥာဏ္နဲ႔ ခ်ိတ္ဆက္ႏုိင္စြမ္းအား Connectivity တုိ႔ပါ။ Kirin 980 မွာ ထရန္စစၥတာ 6.9 ဘီလီယံပါဝင္ျပီး A12 Bionic မွာ ပါဝင္တဲ့ အေရအတြက္ အတုိင္းပါပဲ။ Kirin 980 ဟာ အရင္မ်ဳိးဆက္ ပရုိဆက္ဆာေတြထက္ CPU စြမ္းေဆာင္ရည္မွာ ၇၅% ပိုမုိျမန္ဆန္မွာ ျဖစ္ျပီး GPU ပုိင္းမွာ ၄၆% ပိုသြက္လက္ေခ်ာေမြ႕မယ္လို႔ Huawei က ေၾကြးေၾကာ္ထားပါတယ္။

စြမ္းအင္ေခၽြတာမႈက ယခင္ပရုိဆက္ဆာေတြထက္ ၅၇% ပုိသက္သာျပီး GPU ပိုင္းမွာေတာ့ ၁၇၈% ေတာင္ ပိုသက္သာႏုိင္မယ္လို႔ ဆုိထားတဲ့အတြက္ ဒီအခ်က္ေတြက Kirin 980 ကုိ ပိုျမန္ျပီး စြမ္းအင္ ပိုေခၽြတာ ေစႏုိင္မွာ ျဖစ္တယ္။

Kirin 980 ဟာ ေမွ်ာ္မွန္းထားတဲ့အတုိင္းဆုိရင္ေတာ့ အေကာင္းဆုံး ပရုိဆက္ဆာေတြထဲက တစ္ခုအျဖစ္ ပုံေဖာ္လာျပီ ျဖစ္ျပီး Apple ရဲ႕ေနာက္ဆုံးေပၚ ပရုိဆက္ဆာေတြရဲ႕ စြမ္းရည္နဲ႔ ယွဥ္ျပိဳင္ၾကည့္ဖို႔ စိတ္ဝင္စားစရာ ျဖစ္ပါတယ္။ ဒါဟာ ေအာက္တုိဘာလထဲမွာ ထြက္လာမယ့္ Mate 20 Pro ကို ေမွ်ာ္ဖို႔ ေနာက္ထပ္အေၾကာင္းရင္း တစ္ခုပါပဲ။

Ref – https://www.techradar.com/news/huawei-confident-the-kirin-980-will-outpace-apples-a12-bionic

Unicode

ပြီးခဲ့တဲ့ရက်သတ္တပတ်မှာ Apple ဟာ အသစ်စက်စက် A12 Bionic ပရိုဆက်ဆာ ပါဝင်တဲ့ အိုင်ဖုန်း အသစ်တွေကို မိတ်ဆက်ခဲ့ပြီး ပထမဆုံးဈေးကွက်ထဲကို ရောက်ရှိလာမယ့် 7nm Chip ဖြစ်လာပါတယ်။ ဒါပေမယ့် Huawei ကလည်း သူတို့ကိုယ်ပိုင် 7nm ပရိုဆက်ဆာ ဖြစ်တဲ့ Kirin 980 ကို Apple မိတ်ဆက်ပွဲမတိုင်ခင်မှာ ကြိုတင်ကြေငြာထားခဲ့ပြီးသားပါ။

Huawei ရဲ့ 7nm ပရိုဆက်ဆာဟာ လာမယ့်အောက်တိုဘာ ၁၆ ရက်နေ့၊ ဒူဘိုင်းမှာ မိတ်ဆက်သွားမယ့် Huawei Mate 20 Pro ဟန်းဆက်မှာ ပွဲထွက်လာမှာဖြစ်ပြီး သူ့ရဲ့ထုတ်ကုန်အသစ်အကြောင်းကို ပြောဆိုရာမှာ Huawei က သူတို့ရဲ့ ပရိုဆက်ဆာဟာ Apple A12 ထက် ပိုကောင်းမယ်လို့ ယုံကြည်ကြောင်း ထည့်ပြောသွားခဲ့ပါတယ်။

Huawei ဟာ Kirin 980 ကို သုံးနှစ်ကျော် တီထွင်ပုံဖော်လာခဲ့တာဖြစ်ပြီး အဓိက အာရုံစိုက်ထားတဲ့ နေရာသုံးခုက စွမ်းအင်ချွေတာရေးနဲ့ စွမ်းဆောင်ရည်ပါဝါ၊ ပိုထက်မြက်တဲ့ အသိဉာဏ်နဲ့ ချိတ်ဆက်နိုင်စွမ်းအား Connectivity တို့ပါ။ Kirin 980 မှာ ထရန်စစ္စတာ 6.9 ဘီလီယံပါဝင်ပြီး A12 Bionic မှာ ပါဝင်တဲ့ အရေအတွက် အတိုင်းပါပဲ။ Kirin 980 ဟာ အရင်မျိုးဆက် ပရိုဆက်ဆာတွေထက် CPU စွမ်းဆောင်ရည်မှာ ၇၅% ပိုမိုမြန်ဆန်မှာ ဖြစ်ပြီး GPU ပိုင်းမှာ ၄၆% ပိုသွက်လက်ချောမွေ့မယ်လို့ Huawei က ကြွေးကြော်ထားပါတယ်။

စွမ်းအင်ချွေတာမှုက ယခင်ပရိုဆက်ဆာတွေထက် ၅၇% ပိုသက်သာပြီး GPU ပိုင်းမှာတော့ ၁၇၈% တောင် ပိုသက်သာနိုင်မယ်လို့ ဆိုထားတဲ့အတွက် ဒီအချက်တွေက Kirin 980 ကို ပိုမြန်ပြီး စွမ်းအင် ပိုချွေတာ စေနိုင်မှာ ဖြစ်တယ်။

Kirin 980 ဟာ မျှော်မှန်းထားတဲ့အတိုင်းဆိုရင်တော့ အကောင်းဆုံး ပရိုဆက်ဆာတွေထဲက တစ်ခုအဖြစ် ပုံဖော်လာပြီ ဖြစ်ပြီး Apple ရဲ့နောက်ဆုံးပေါ် ပရိုဆက်ဆာတွေရဲ့ စွမ်းရည်နဲ့ ယှဉ်ပြိုင်ကြည့်ဖို့ စိတ်ဝင်စားစရာ ဖြစ်ပါတယ်။ ဒါဟာ အောက်တိုဘာလထဲမှာ ထွက်လာမယ့် Mate 20 Pro ကို မျှော်ဖို့ နောက်ထပ်အကြောင်းရင်း တစ်ခုပါပဲ။

Ref – https://www.techradar.com/news/huawei-confident-the-kirin-980-will-outpace-apples-a12-bionic