[Zawgyi]

Huawei Nova 4 စမတ္ဖုန္းသစ္ဟာဒီဇင္ဘာ၁၇ရက္ေန႔မွာအထူးမိတ္ဆက္ပြဲတစ္ခုနဲ႔အတူတရုတ္ႏုိင္ငံေစ်းကြက္ကိုစတင္ဝင္ေရာက္ေတာ့မွာျဖစ္ကာသူ႕ရဲ႕Specs ေတြကိုလည္းတေျဖးေျဖးခ်င္းသိလာခဲ့ရပါၿပီ။Nova 4 စမတ္ဖုန္းသစ္မွာTriple Camera ၊Kirin 970 ခ်စ္ပ္ဆက္၊6.4” အရြယ္Display တစ္ခုနဲ႔3750 mAh ဘကၳရီတုိ႔ပါဝင္မယ္လို႔သတင္းေပါက္ၾကားထားၿပီးျဖစ္ပါတယ္။

ယေန႔မွာေတာ့Huawei ကုမၸဏီဟာNova 4 ရဲ႕အေရာင္ေျပးကာလာေတြထဲကတစ္ခုျဖစ္တဲ့Honey Red ကာလာကိုထုတ္ျပလိုက္ၿပီးနီရဲရဲအေရာင္ဟာခရမ္းေရာင္ေျပးနဲ႔ေရာစပ္ထားတာကိုေတြ႕ရမွာပါ။ဒီပုံမွာတရားဝင္မိတ္ဆက္လာမယ့္ရက္စြဲျဖစ္တဲ့ဒီဇင္ဘာ၁၇ရက္စြဲကိုလည္းထည့္သြင္းေဖာ္ျပထားတာေတြ႕ရမွာျဖစ္တယ္။

Huawei Nova 4 ရဲ႕ေက်ာဘက္မွာပါဝင္လာမယ့္Triple ကင္မရာကိုလည္းရွင္းလင္းစြာျမင္ေတြ႕ရမွာျဖစ္ၿပီး48MP + 16MP + 2MP လို႔သတင္းထြက္ထားပါတယ္။ဒါေပမယ့္20MP + 16MP + 2MP ကင္မရာနဲ႔Nova 4 ဗားရွင္းလည္းထြက္ဦးမယ္လို႔ဆုိတယ္။ေက်ာဘက္မွာFingerprint Scannerကုိလည္းေတြ႕ရမွာပါ။

Nova 4 စမတ္ဖုန္းအသစ္မွာKirin 970 Chipset ကိုသုံးစြဲလာမွာျဖစ္ၿပီးမန္မုိရီပိုင္းမွာလည္း8GB RAM / 128GB Storage ပမာဏထိအျမင့္ဆုံးရရွိႏုိင္မွာပါ။လာမယ့္အပတ္မွာျမင္ရေတာ့မယ့္တရားဝင္မိတ္ဆက္ပြဲကိုနည္းနည္းေလာက္ထပ္ေစာင့္ၿပီးဘယ္လိုအသစ္အဆန္းေတြျမင္ရဦးမလဲဆုိတာကိုၾကည့္ရဦးမွာျဖစ္ပါတယ္။

Ref – GSM Arena

[Unicode]

Huawei Nova 4 စမတ်ဖုန်းသစ်ဟာဒီဇင်ဘာ၁၇ရက်နေ့မှာအထူးမိတ်ဆက်ပွဲတစ်ခုနဲ့အတူတရုတ်နိုင်ငံဈေးကွက်ကိုစတင်ဝင်ရောက်တော့မှာဖြစ်ကာသူ့ရဲ့Specs တွေကိုလည်းတဖြေးဖြေးချင်းသိလာခဲ့ရပါပြီ။Nova 4 စမတ်ဖုန်းသစ်မှာTriple Camera ၊Kirin 970 ချစ်ပ်ဆက်၊6.4” အရွယ်Display တစ်ခုနဲ့3750 mAh ဘက္ထရီတို့ပါဝင်မယ်လို့သတင်းပေါက်ကြားထားပြီးဖြစ်ပါတယ်။

ယနေ့မှာတော့Huawei ကုမ္ပဏီဟာNova 4 ရဲ့အရောင်ပြေးကာလာတွေထဲကတစ်ခုဖြစ်တဲ့Honey Red ကာလာကိုထုတ်ပြလိုက်ပြီးနီရဲရဲအရောင်ဟာခရမ်းရောင်ပြေးနဲ့ရောစပ်ထားတာကိုတွေ့ရမှာပါ။ဒီပုံမှာတရားဝင်မိတ်ဆက်လာမယ့်ရက်စွဲဖြစ်တဲ့ဒီဇင်ဘာ၁၇ရက်စွဲကိုလည်းထည့်သွင်းဖော်ပြထားတာတွေ့ရမှာဖြစ်တယ်။

 

Huawei Nova 4 ရဲ့ကျောဘက်မှာပါဝင်လာမယ့်Triple ကင်မရာကိုလည်းရှင်းလင်းစွာမြင်တွေ့ရမှာဖြစ်ပြီး48MP + 16MP + 2MP လို့သတင်းထွက်ထားပါတယ်။ဒါပေမယ့်20MP + 16MP + 2MP ကင်မရာနဲ့Nova 4 ဗားရှင်းလည်းထွက်ဦးမယ်လို့ဆိုတယ်။ကျောဘက်မှာFingerprint Scanner ကိုလည်းတွေ့ရမှာပါ။

 

Nova 4 စမတ်ဖုန်းအသစ်မှာKirin 970 Chipset ကိုသုံးစွဲလာမှာဖြစ်ပြီးမန်မိုရီပိုင်းမှာလည်း8GB RAM / 128GB Storage ပမာဏထိအမြင့်ဆုံးရရှိနိုင်မှာပါ။လာမယ့်အပတ်မှာမြင်ရတော့မယ့်တရားဝင်မိတ်ဆက်ပွဲကိုနည်းနည်းလောက်ထပ်စောင့်ပြီးဘယ်လိုအသစ်အဆန်းတွေမြင်ရဦးမလဲဆိုတာကိုကြည့်ရဦးမှာဖြစ်ပါတယ်။

Ref – GSM Arena