Huawei ကနေ အခုနောက်ဆုံးအနေနဲ့ Huawei Nova 3 စမတ်ဖုန်းကို တရားဝင်ကြေညာခဲ့ပြီး ယခင်နေ့တွေက သတင်းတွေထွက်ပေါ်ခဲ့သလိုပဲ Huawei ရဲ့ Hybrid Smartwatch အသစ်ဖြစ်လာတဲ့ Huawei TalkBand B5 ကိုပါ မိတ်ဆက်လာခဲ့ပါတယ်။

Huawei ရဲ့ အခုထွက်ရှိလာတဲ့ Huawei TalkBand B5 Smartwatch က ယခင်ကထွက်ရှိထားတဲ့ TalkBand B3 Smartwatch ရဲ့ မျိုးဆက်ဖြစ်လာမှာဖြစ်ပြီးတော့ ယခင် TalkBand B5 Smartwatch က ယခင် TalkBand တွေလိုမျိုးပဲ Display ကို ဖြုတ်လိုက်ရင် Earphone တစ်ခုအနေနဲ့ အသုံးပြုလို့ရမှာဖြစ်တယ်လို့ သိရပါတယ်။

Huawei ရဲ့ အခု TalkBand B5 Smartwatch က Display ပိုင်းကို အဆင့်မြှင့်တင်လာခဲ့ပြီးတော့ 1.13″ AMOLED Display ကိုပါ 2.5D Curved Design အနေနဲ့ ထုတ်လုပ်ထားခဲ့တာဖြစ်ပါတယ်။ အဲ့ဒီအတွက် Display ပိုင်းမှာ ပိုပြီးတော့ အားသာချက်တွေရှိလာတော့မှာပါ။

Huawei TalkBand B5 က 512KB RAM နဲ့အတူ 16MB Flash Memory ကို ထည့်သွင်းထားပြီးတော့ ပါဝင်တဲ့ Application တွေအပြင် သီးခြား Applications တွေတော့ ထပ်မံထည့်သွင်းလို့ရမှာမဟုတ်ပါဘူး။ Battery အနေနဲ့ကတော့ 108mAh Battery ပါဝင်ပြီးတော့ Huawei ရဲ့ အဆိုအရတော့ ၃ ရက်ခန့် အားပြန်သွင်းစရာမလိုပဲ အသုံးပြုနိုင်မှာဖြစ်ပါတယ်။

Huawei TalkBand B5 Smartwatch က IP57 ပါဝင်တဲ့အတွက် ရေထဲကိုတော့ စိမ်ခံမှာမဟုတ်ပဲ မိုးရေထဲမှာတော့ ကောင်းကောင်းအသုံးပြုလို့ရမှာပါ။ Android Version အနေနဲ့ Android Version 4.4+ ဖုန်းတွေနဲ့အတူ iPhone ဆိုရင်လည်း iOS 9+ ဖုန်းတွေနဲ့ အသုံးပြုလို့ရမှာပါ။

Huawei TalkBand B5 မှာ TruSleep လိုမျိုး အိပ်ချိန်မှတ်ထားတဲ့ Features တွေ၊ Heart Rate Sensor တွေနဲ့ Selfie ကို အလျှင်အမြန်ရိုက်နိုင်တဲ့ Quick Selfie Cam Features အပါအဝင် Features အတော်များများပါဝင်ဦးမှာဖြစ်ပါတယ်။ ဒါပေမယ့် အခု Features တွေအတော်များများကတော့ Huawei စမတ်ဖုန်းတွေနဲ့ပဲ အလုပ်လုပ်မှာဖြစ်ပါတယ်။

Huawei ဟာ အခု TalkBand B5 Smartwatch ကို အရောင် ၅ ရောင်နဲ့ ထုတ်လုပ်မှာဖြစ်ပြီး ဈေးနှုန်းအတိအကျကိုတော့ ပြောကြားထားခြင်းမရှိပါဘူး။