[Zawgyi]

Huawei ရဲ႕ ဥေရာပဆိုင္ရာ Consumer Business Group ဥကၠ႒ Walter Ji က အင္တာဗ်ဴးတစ္ခုမွာ Huawei အေနနဲ႔ လာမယ့္ႏွစ္မွာ ျပသဖို႔အတြက္ ဆန္းသစ္တဲ့ ေျပာင္းလဲမႈတစ္ခုကို စမ္းသပ္ေနတယ္လို႔ ေျပာဆိုသြားပါတယ္။ အဲဒီ ဆန္းသစ္မႈေတြထဲက တစ္ခုက ကင္မရာဌာနမွာရွိေနတယ္လို႔လည္း သိရပါတယ္။

သူတို႔ရဲ႕ ေနာက္ဆုံး Flagship ေတြျဖစ္တဲ့ P20 နဲ႔ Mate 20 ေတြ ၿပီးတဲ့ေနာက္မွာ Huawei ဟာ အနာဂတ္အတြက္ 5G စမတ္ဖုန္းကိုလည္း အာ႐ုံစိုက္ေနတာ ျဖစ္ပါတယ္။ 5G အသုံးျပဳႏိုင္တဲ့ စမတ္ဖုန္းကေတာ့ ၂၀၁၉ ေလာက္မွာမွ ထြက္ေပၚလာမွာ ေသခ်ာပါတယ္။ ဒါေပမယ့္ သူတို႔ရဲ႕ အစီအစဥ္ထဲမွာ 10X lossless zoom နဲ႔ Quad-camera high-end ဖုန္း ဆိုတာကေတာ့ စိတ္ဝင္စားစရာ အေတာ္ေလးေကာင္းတယ္လို႔ ဆိုရမွာပါ။

 

Quad-camera ဆိုတာမ်ိဳးက Samsung Galaxy A9 (2018) က ေရွ႕မွာ ရွိႏွင့္ၿပီးသားလို႔ ေျပာႏိုင္ပါတယ္။ ဒါေပမယ့္ အႀကံတူေနာက္လူသာမလားဆိုတာကေတာ့ ေစာင့္ၾကည့္ခ်င္စရာပါ။ Huawei ကလည္း သူတို႔ရဲ႕ ကင္မရာအရည္အေသြးကို ဘယ္ေလာက္ထိ ျမႇင့္တင္လာဦးမလဲဆိုတာက အဓိကဆြဲေဆာင္မႈလို႔ ယူဆရမွာပါ။ Huawei ရဲ႕ သုေတသနနဲ႔ ဖြံ႕ၿဖိဳးေရးရလဒ္ေတြအရေတာ့ 3X ဒါမွမဟုတ္ 5X zoom ေတြက မလုံေလာက္ေတာ့ဘူးလို႔ ဆိုပါတယ္။ ဒါေၾကာင့္ Huawei အေနနဲ႔ 10X zoom ကင္မရာကို ႀကိဳးစားေနတာ ျဖစ္ပါတယ္။

Walter Ji ကေတာ့ ကုမၸဏီအေနနဲ႔ High-end ေဈးကြက္ထဲကို ဆက္သြားဖို႔ ႀကိဳးစားသင့္တယ္လို႔ ယုံၾကည္ေနပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ အခုအခ်ိန္မွာ Mid-range နဲ႔ Low-end ေတြကို ၾကည့္မယ္ဆိုရင္ ဆန္းသစ္မႈေတြ မ်ားမ်ားစားစား မရွိတာေၾကာင့္လို႔ Walter Ji က ေျပာပါတယ္။ အျခားတစ္ခ်က္က High-end ေဈးကြက္ရဲ႕ သုံးစြဲသူေတြက လက္ရွိအေျခအေနထက္ ပိုေကာင္းတဲ့ သုံးစြဲမႈအေတြ႕အႀကဳံေတြကို အၿမဲတမ္း ေတာင္းဆိုေနတာေၾကာင့္ပဲ ျဖစ္ပါတယ္။ Huawei ရဲ႕ လာမယ့္ႏွစ္ P-series ေတြရဲ႕ နာမည္ကေတာ့ P30 ျဖစ္မယ္လို႔ ခန႔္မွန္းရပါတယ္။ ကင္မရာစြမ္းရည္လည္း အထက္မွာ ေျပာခဲ့သလိုပဲ သိသိသာသာ တိုးတက္လာဖြယ္ရွိမယ္လို႔ ခန႔္မွန္းရပါတယ္။

Ref: GSMarena

 

[Unicode]

Huawei ရဲ့ ဥရောပဆိုင်ရာ Consumer Business Group ဥက္ကဋ္ဌ Walter Ji က အင်တာဗျူးတစ်ခုမှာ Huawei အနေနဲ့ လာမယ့်နှစ်မှာ ပြသဖို့အတွက် ဆန်းသစ်တဲ့ ပြောင်းလဲမှုတစ်ခုကို စမ်းသပ်နေတယ်လို့ ပြောဆိုသွားပါတယ်။ အဲဒီ ဆန်းသစ်မှုတွေထဲက တစ်ခုက ကင်မရာဌာနမှာရှိနေတယ်လို့လည်း သိရပါတယ်။

သူတို့ရဲ့ နောက်ဆုံး Flagship တွေဖြစ်တဲ့ P20 နဲ့ Mate 20 တွေ ပြီးတဲ့နောက်မှာ Huawei ဟာ အနာဂတ်အတွက် 5G စမတ်ဖုန်းကိုလည်း အာရုံစိုက်နေတာ ဖြစ်ပါတယ်။ 5G အသုံးပြုနိုင်တဲ့ စမတ်ဖုန်းကတော့ ၂၀၁၉ လောက်မှာမှ ထွက်ပေါ်လာမှာ သေချာပါတယ်။ ဒါပေမယ့် သူတို့ရဲ့ အစီအစဉ်ထဲမှာ 10X lossless zoom နဲ့ Quad-camera high-end ဖုန်း ဆိုတာကတော့ စိတ်ဝင်စားစရာ အတော်လေးကောင်းတယ်လို့ ဆိုရမှာပါ။

 

Quad-camera ဆိုတာမျိုးက Samsung Galaxy A9 (2018) က ရှေ့မှာ ရှိနှင့်ပြီးသားလို့ ပြောနိုင်ပါတယ်။ ဒါပေမယ့် အကြံတူနောက်လူသာမလားဆိုတာကတော့ စောင့်ကြည့်ချင်စရာပါ။ Huawei ကလည်း သူတို့ရဲ့ ကင်မရာအရည်အသွေးကို ဘယ်လောက်ထိ မြှင့်တင်လာဦးမလဲဆိုတာက အဓိကဆွဲဆောင်မှုလို့ ယူဆရမှာပါ။ Huawei ရဲ့ သုတေသနနဲ့ ဖွံ့ဖြိုးရေးရလဒ်တွေအရတော့ 3X ဒါမှမဟုတ် 5X zoom တွေက မလုံလောက်တော့ဘူးလို့ ဆိုပါတယ်။ ဒါကြောင့် Huawei အနေနဲ့ 10X zoom ကင်မရာကို ကြိုးစားနေတာ ဖြစ်ပါတယ်။

Walter Ji ကတော့ ကုမ္ပဏီအနေနဲ့ High-end ဈေးကွက်ထဲကို ဆက်သွားဖို့ ကြိုးစားသင့်တယ်လို့ ယုံကြည်နေပါတယ်။ ဘာကြောင့်လဲဆိုတော့ အခုအချိန်မှာ Mid-range နဲ့ Low-end တွေကို ကြည့်မယ်ဆိုရင် ဆန်းသစ်မှုတွေ များများစားစား မရှိတာကြောင့်လို့ Walter Ji က ပြောပါတယ်။ အခြားတစ်ချက်က High-end ဈေးကွက်ရဲ့ သုံးစွဲသူတွေက လက်ရှိအခြေအနေထက် ပိုကောင်းတဲ့ သုံးစွဲမှုအတွေ့အကြုံတွေကို အမြဲတမ်း တောင်းဆိုနေတာကြောင့်ပဲ ဖြစ်ပါတယ်။ Huawei ရဲ့ လာမယ့်နှစ် P-series တွေရဲ့ နာမည်ကတော့ P30 ဖြစ်မယ်လို့ ခန့်မှန်းရပါတယ်။ ကင်မရာစွမ်းရည်လည်း အထက်မှာ ပြောခဲ့သလိုပဲ သိသိသာသာ တိုးတက်လာဖွယ်ရှိမယ်လို့ ခန့်မှန်းရပါတယ်။

Ref: GSMarena