[Zawgyi]

၂၀၁၉ ခုႏွစ္ အစဦးရက္ေတြမွာ Huawei နဲ႔ ပတ္သက္ၿပီးၾကားရတဲ့ သတင္းတစ္ခုက Mate 20 Pro အနီေရာင္ အေၾကာင္းပါပဲ။ တ႐ုတ္ရဲ႕ ဧရာမနည္းပညာကုမၸဏီႀကီးဟာ လာမယ့္ေဖေဖာ္ဝါရီလ အားလပ္ရက္ေတြအတြက္ Mate 20 Pro Fragrant Red နဲ႔ Comet Blue ဆိုတဲ့ အေရာင္ႏွစ္မ်ိဳးကို ထပ္ၿပီးျဖည့္စြက္ဖို႔ ျပင္ဆင္ေနေၾကာင္း သိရပါတယ္။

အခုထြက္ေပၚလာတဲ့ သတင္းအရ Fragrant Red နဲ႔ Comet Blue ႏွစ္ေရာင္ကို ထပ္ေပါင္းလိုက္ရင္ေတာ့ Huawei Mate 20 Pro ဟာ စုစုေပါင္း အေရာင္ ခုနစ္ေရာင္အထိ ရွိသြားမွာ ျဖစ္ပါတယ္။ Mate 20 Pro အနီေရာင္ရဲ႕ ႐ုပ္ပုံေတြကေတာ့ တ႐ုတ္ရဲ႕လူမႈကြန္ရက္ျဖစ္တဲ့ Weibo မွာ ေတြ႕ျမင္ေနရပါၿပီ။ ဒါေပမယ့္ အတူတြဲၿပီးထြက္လာမယ္ဆိုတဲ့ အျပာေရာင္ရဲ႕႐ုပ္ပုံအစစ္အမွန္ကိုေတာ့ ျမင္ေတြ႕ရျခင္း မရွိေသးပါဘူး။

လာမယ့္ ေဖေဖာ္ဝါရီလ ၅ ရက္ေန႔ဟာ တ႐ုတ္႐ိုးရာ ႏွစ္သစ္ကူးရက္ ျဖစ္ပါတယ္။ Mate 20 Pro ဟာ Kirin 980 Chipset အသုံးျပဳထားတဲ့ ကုမၸဏီရဲ႕လက္ရွိ Flagship ျဖစ္တာေၾကာင့္ Huawei အေနနဲ႔ သူတို႔ရဲ႕ စြမ္းေဆာင္ရည္ျမင့္ Mate 20 Pro ကို မဂၤလာအေရာင္ျဖစ္တဲ့ အနီေရာင္နဲ႔အတူ ႏွစ္သစ္ကိုႀကိဳဆိုဖို႔ အားထုတ္ထားတယ္လို႔ ဆိုရမွာပါ။

Huawei Mate 20 Pro ဟာ UD fingerprint scanner အသုံးျပဳထားသလို ေက်ာဘက္မွာလည္း ကင္မရာသုံးလုံး တပ္ဆင္ေပးထားတာ ျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ ၂၀၁၈ ခုႏွစ္အတြင္းမွာ Mate 20 Pro အလုံးေရ ၅ သန္းေလာက္ ေရာင္းခ်ထားရၿပီးၿပီလို႔လည္း သိရပါတယ္။ မူလထုတ္လုပ္ထားတဲ့ အေရာင္ေတြကေတာ့ Emerald Green, Midnight Blue, Twilight, Pink Gold နဲ႔ Black တို႔ပဲ ျဖစ္ပါတယ္။

Ref: GSMarena

[Unicode]

၂၀၁၉ ခုနှစ် အစဦးရက်တွေမှာ Huawei နဲ့ ပတ်သက်ပြီးကြားရတဲ့ သတင်းတစ်ခုက Mate 20 Pro အနီရောင် အကြောင်းပါပဲ။ တရုတ်ရဲ့ ဧရာမနည်းပညာကုမ္ပဏီကြီးဟာ လာမယ့်ဖေဖော်ဝါရီလ အားလပ်ရက်တွေအတွက် Mate 20 Pro Fragrant Red နဲ့ Comet Blue ဆိုတဲ့ အရောင်နှစ်မျိုးကို ထပ်ပြီးဖြည့်စွက်ဖို့ ပြင်ဆင်နေကြောင်း သိရပါတယ်။

အခုထွက်ပေါ်လာတဲ့ သတင်းအရ Fragrant Red နဲ့ Comet Blue နှစ်ရောင်ကို ထပ်ပေါင်းလိုက်ရင်တော့ Huawei Mate 20 Pro ဟာ စုစုပေါင်း အရောင် ခုနစ်ရောင်အထိ ရှိသွားမှာ ဖြစ်ပါတယ်။ Mate 20 Pro အနီရောင်ရဲ့ ရုပ်ပုံတွေကတော့ တရုတ်ရဲ့လူမှုကွန်ရက်ဖြစ်တဲ့ Weibo မှာ တွေ့မြင်နေရပါပြီ။ ဒါပေမယ့် အတူတွဲပြီးထွက်လာမယ်ဆိုတဲ့ အပြာရောင်ရဲ့ရုပ်ပုံအစစ်အမှန်ကိုတော့ မြင်တွေ့ရခြင်း မရှိသေးပါဘူး။

လာမယ့် ဖေဖော်ဝါရီလ ၅ ရက်နေ့ဟာ တရုတ်ရိုးရာ နှစ်သစ်ကူးရက် ဖြစ်ပါတယ်။ Mate 20 Pro ဟာ Kirin 980 Chipset အသုံးပြုထားတဲ့ ကုမ္ပဏီရဲ့လက်ရှိ Flagship ဖြစ်တာကြောင့် Huawei အနေနဲ့ သူတို့ရဲ့ စွမ်းဆောင်ရည်မြင့် Mate 20 Pro ကို မင်္ဂလာအရောင်ဖြစ်တဲ့ အနီရောင်နဲ့အတူ နှစ်သစ်ကိုကြိုဆိုဖို့ အားထုတ်ထားတယ်လို့ ဆိုရမှာပါ။

Huawei Mate 20 Pro ဟာ UD fingerprint scanner အသုံးပြုထားသလို ကျောဘက်မှာလည်း ကင်မရာသုံးလုံး တပ်ဆင်ပေးထားတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်အတွင်းမှာ Mate 20 Pro အလုံးရေ ၅ သန်းလောက် ရောင်းချထားရပြီးပြီလို့လည်း သိရပါတယ်။ မူလထုတ်လုပ်ထားတဲ့ အရောင်တွေကတော့ Emerald Green, Midnight Blue, Twilight, Pink Gold နဲ့ Black တို့ပဲ ဖြစ်ပါတယ်။

Ref: GSMarena