[Zawgyi]

ႏွစ္သစ္ကူး ႏႈတ္ခြန္းဆက္စကားကို Huawei ရဲ႕ တရားဝင္တြစ္တာစာမ်က္ႏွာမွာ iPhone အသုံးျပဳၿပီး ပို႔စ္တင္ခဲ့တဲ့ ဝန္ထမ္း ၂ဦးကို Huawei က အျပစ္ေပးလိုက္ပါၿပီ။

လြန္ခဲ့တဲ့ ၅ရက္၊ ၂၀၁၉ခုႏွစ္ ဇန္နဝါရီလ ၁ရက္ေန႔တုန္းက Huawei ဟာ ႏွစ္သစ္ကူး ႏႈတ္ခြန္းဆက္စကားကို သူတို႔ရဲ႕ တရားဝင္တြစ္တာစာမ်က္ႏွာမွာ ပို႔စ္တင္ၿပီး လႊင့္တင္ခဲ့ဖူးပါတယ္။ အဆိုပါပို႔စ္မွာ ပါတဲ့ စကားလုံးေတြနဲ႔ ဗီဒီယိုက ဘာျပႆနာမွ မရွိပါဘူး။ ျပႆနာရွိသြားတာက ပို႔စ္တင္ဖို႔အတြက္ အသုံးျပဳလိုက္တဲ့ ဖုန္းေၾကာင့္ပါ။

Followers စုစုေပါင္း ၅သိန္းေက်ာ္ရွိတဲ့ Huawei Technologies တြစ္တာစာမ်က္ႏွာမွာ ပို႔စ္တင္သူဟာ iPhone အသုံးျပဳၿပီး တင္ခဲ့တာ ျဖစ္ပါတယ္။ ဒါ့ေၾကာင့္ အဆိုပါပို႔စ္ေအာက္မွာ Twitter for iPhone ဆိုၿပီး ျပေနခဲ့တာ ျဖစ္ပါတယ္။ ဒီျပႆနာကို သိသိခ်င္း Huawei ဘက္က အဆိုပါပို႔စ္ကို အျမန္ဆုံးျဖဳတ္ခ်ၿပီး ပို႔စ္အသစ္တစ္ခုနဲ႔ ျပန္လည္အစားထိုးခဲ့ပါတယ္။ ဒါေပမယ့္ ေနာက္က်သြားပါၿပီ။ Huawei Technologies ဆိုတဲ့ ေခါင္းစည္းႀကီးနဲ႔အတူ Twitter for iPhone ဆိုတဲ့ Screenshot ေတြ အင္တာနက္ေပၚမွာ ျပန္က်ဲသြားခဲ့ပါတယ္။

ပို႔စ္တင္သူဟာ Desktop ကြန္ပ်ဴတာကေန တစ္ဆင့္ ပို႔စ္တင္ဖို႔အတြက္ Virtual Private Network (VPN) ကို အသုံးျပဳရာမွာ ျပႆနာအနည္းငယ္ရွိခဲ့တာေၾကာင့္ iPhone မွာ Roaming SIM Card အသုံးျပဳၿပီး ပို႔စ္တင္ခဲ့တယ္လို႔ သိရပါတယ္။ တ႐ုတ္ႏိုင္ငံမွာက Facebook နဲ႔ Twitter လိုမ်ိဴး လူမႈ႕ကြန္ရက္ေတြကို ပိတ္ပင္ထားပါတယ္။ ဒါ့ေၾကာင့္ အဆိုပါ လူမႈ႕ကြန္ရက္ေတြကို အသုံးျပဳခ်င္တယ္ဆိုရင္ VPN ဖြင့္သုံးေပးရပါတယ္။

ဒီေန႔မွာေတာ့ အဆိုပါပို႔စ္နဲ႔ ပတ္သတ္တဲ့ ဝန္ထမ္း ၂ဦးကို Huawei က အျပစ္ေပးလိုက္ပါၿပီ။ ရာထူး တစ္ဆင့္ခ်ခဲ့တဲ့အျပင္ လစဥ္ လစာကိုလည္း တ႐ုတ္ယြမ္ ၅၀၀၀ (ျမန္မာေငြ ၁၁သိန္း ဝန္းက်င္) အထိ ေလ်ာ့ခ်လိုက္တယ္လို႔ သိရပါတယ္။

Ref : Reuters, Gadgets.ndtv

[Unicode]

Huawei ရဲ့ တွစ်တာစာမျက်နှာမှာ iPhone သုံးပြီး ပို့စ်တင်ခဲ့တဲ့ ဝန်ထမ်း ၂ဦး အပြစ်ပေးခံရ

နှစ်သစ်ကူး နှုတ်ခွန်းဆက်စကားကို Huawei ရဲ့ တရားဝင်တွစ်တာစာမျက်နှာမှာ iPhone အသုံးပြုပြီး ပို့စ်တင်ခဲ့တဲ့ ဝန်ထမ်း ၂ဦးကို Huawei က အပြစ်ပေးလိုက်ပါပြီ။

လွန်ခဲ့တဲ့ ၅ရက်၊ ၂၀၁၉ခုနှစ် ဇန်နဝါရီလ ၁ရက်နေ့တုန်းက Huawei ဟာ နှစ်သစ်ကူး နှုတ်ခွန်းဆက်စကားကို သူတို့ရဲ့ တရားဝင်တွစ်တာစာမျက်နှာမှာ ပို့စ်တင်ပြီး လွှင့်တင်ခဲ့ဖူးပါတယ်။ အဆိုပါပို့စ်မှာ ပါတဲ့ စကားလုံးတွေနဲ့ ဗီဒီယိုက ဘာပြဿနာမှ မရှိပါဘူး။ ပြဿနာရှိသွားတာက ပို့စ်တင်ဖို့အတွက် အသုံးပြုလိုက်တဲ့ ဖုန်းကြောင့်ပါ။

Followers စုစုပေါင်း ၅သိန်းကျော်ရှိတဲ့ Huawei Technologies တွစ်တာစာမျက်နှာမှာ ပို့စ်တင်သူဟာ iPhone အသုံးပြုပြီး တင်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့ကြောင့် အဆိုပါပို့စ်အောက်မှာ Twitter for iPhone ဆိုပြီး ပြနေခဲ့တာ ဖြစ်ပါတယ်။ ဒီပြဿနာကို သိသိချင်း Huawei ဘက်က အဆိုပါပို့စ်ကို အမြန်ဆုံးဖြုတ်ချပြီး ပို့စ်အသစ်တစ်ခုနဲ့ ပြန်လည်အစားထိုးခဲ့ပါတယ်။ ဒါပေမယ့် နောက်ကျသွားပါပြီ။ Huawei Technologies ဆိုတဲ့ ခေါင်းစည်းကြီးနဲ့အတူ Twitter for iPhone ဆိုတဲ့ Screenshot တွေ အင်တာနက်ပေါ်မှာ ပြန်ကျဲသွားခဲ့ပါတယ်။

ပို့စ်တင်သူဟာ Desktop ကွန်ပျူတာကနေ တစ်ဆင့် ပို့စ်တင်ဖို့အတွက် Virtual Private Network (VPN) ကို အသုံးပြုရာမှာ ပြဿနာအနည်းငယ်ရှိခဲ့တာကြောင့် iPhone မှာ Roaming SIM Card အသုံးပြုပြီး ပို့စ်တင်ခဲ့တယ်လို့ သိရပါတယ်။ တရုတ်နိုင်ငံမှာက Facebook နဲ့ Twitter လိုမျိူး လူမှု့ကွန်ရက်တွေကို ပိတ်ပင်ထားပါတယ်။ ဒါ့ကြောင့် အဆိုပါ လူမှု့ကွန်ရက်တွေကို အသုံးပြုချင်တယ်ဆိုရင် VPN ဖွင့်သုံးပေးရပါတယ်။

ဒီနေ့မှာတော့ အဆိုပါပို့စ်နဲ့ ပတ်သတ်တဲ့ ဝန်ထမ်း ၂ဦးကို Huawei က အပြစ်ပေးလိုက်ပါပြီ။ ရာထူး တစ်ဆင့်ချခဲ့တဲ့အပြင် လစဥ် လစာကိုလည်း တရုတ်ယွမ် ၅၀၀၀ (မြန်မာငွေ ၁၁သိန်း ဝန်းကျင်) အထိ လျော့ချလိုက်တယ်လို့ သိရပါတယ်။

Ref : Reuters, Gadgets.ndtv