Zawgyi

လြန္ခဲ့တဲ့ ရက္ေတြတုန္းက ထြက္ရွိခဲ့တဲ့ HUAWEI ရဲ႕ စမတ္လက္ပတ္နာရီ HUAWEI Watch GT ရဲ႕ Leak ေတြဟာဆိုရင္ ေနာက္ဆံုးထြက္ Leak ေတြအရ ထင္ထားတာနဲ႔ ကြဲလြဲေနပါတယ္။ ေနာက္ဆံုးထြက္ Leak ေတြမွာ HUAWEI Watch GT မွာ Google ရဲ႕ Wear OS မပါဝင္ဘူးလို႔ ေျပောနခဲ့ပါတယ္။ အခုေတာ့ အဆိုပါ ေနာက္ဆံုးထြက္ Leak ေတြမွန္ကန္ေနတာကို HUAWEI ရဲ႕ Official Website က အတည္ျပဳလိုက္ပါျပီ။

454 × 454 Resolution ရွိတဲ့ 1.39-inch AMOLED Display ပါဝင္တဲ့ HUAWEI Watch GT ကို Aluminum နဲ႔ Ceramic တို႔နဲ႔ ျပဳလုပ္ထားပါတယ္။ 420mAh ဘက္ထရီ ပါဝင္ျပီး သာမာန္ နာရီသီးသန္႔ Watch Mode နဲ႔ အသံုးျပဳရင္ တစ္လ ဆက္တိုက္အသံုးခံျပီး Smartwatch Function ေတြသံုးျပီး GPS လမ္းညႊန္မွုစနစ္ေတြပါ အသံုးျပဳရင္ေတာ့ ၂၂ နာရီ ဆက္တိုက္ အသံုးျပဳႏိုင္မွာပါ။ ဘက္ထရီ သက္တမ္းအမ်ားၾကီး တိုးတက္လာေပမယ့္ Google ရဲ႕ Watch OS ကုိအသံုးမျပဳပဲ HUAWEI ရဲ႕ ကိုယ္ပိုင္ Smart Watch OS တစ္ခုကို အသံုးျပဳေပးထားလို႔ Google ရဲဲ႕ Third Party App ေတြ ထပ္မံထည့္သြင္း အသံုးျပဳလို႔ မရတာကေတာ့ အဓိက အားနည္းခ်က္တစ္ခုပါပဲ။

ဒါေပမယ့္လည္း HUAWEI ရဲ႕ ကိုယ္ပိုင္ Smart Watch OS က Fitness, Tracking နဲ႔ တစ္ျခား Smart Watch တစ္ခုမွာ ရွိသင့္တဲ့ လုပ္ေဆာင္ခ်က္ေတြကို ေထာက္ပံ့ေပးဖို႔ App ေတြလံုလံုေလာက္ေလာက္ပါဝင္ျပီး Software Update နဲ႔ အတူ ထပ္မံ အဆင့္ျမင့္ဦးမွာပါ။ ႏွလံုးခုန္ႏွုန္းတိုင္းတာတဲ့ စနစ္ေတြနဲ႔ အိပ္ခ်ိန္ ေစာင့္ၾကည့္တဲ့ စနစ္ေတြပါဝင္တဲ့ အျပင္ TruRelax လို႔ေခၚတဲ့ လုပ္ေဆာင္ခ်က္ အဆန္းတစ္ခုလည္း ပါဝင္ပါေသးတယ္။ ဒီ HUAWEI Watch GT ကို အသံုးျပဳဖို႔ အတြက္ဆိုရင္ EMUI 9 အသံုးျပဳထားတဲ့ HUAWEI ဖုန္းေတြ မရွိမျဖစ္လိုမွာပါ။ အဲ့အခ်က္ေၾကာင့္ HUAWEI Watch GT ဟာ HUAWEI ရဲ႕ EMUI 9 အသံုးျပဳ ဖုန္းေတြအတြက္ သီးသန္႔ထုတ္ထားတဲ့ Smart Watch တစ္လံုးလို႔ ဆိုႏိုင္ဖြယ္ရာ ရွိပါတယ္။ HUAWEI ရဲ႕ Official Website မွာ အဆိုပါ စမတ္နာရီအေၾကာင္း တင္ထားျပီး ခဏအၾကာမွာပဲ သူနဲ႔ ပတ္သက္တဲ့ Spec ေတြကို ျပန္ျဖဳတ္ခ်ခဲ့ပါတယ္။ ဘာလို႔ အခ်က္အလက္ေတြ ျပန္ျဖဳတ္ခ်ခဲ့လဲ မသိရေပမယ့္ HUAWEI Watch GT ရဲ႕ အေသးစိတ္ အခ်က္အလက္ေတြနဲ႔ ေစ်းႏွုန္းကို ေအာက္တုိဘာ ၁၆ မွာ ျပဳလုပ္မယ့္ Mate 20 နဲ႔ Mate 20 Pro မိတ္ဆက္ပြဲမွာ သိရွိႏိုင္မယ္လို႔ ခန္႔မွန္းရပါတယ္။

Ref: Tech Radar

Unicode

လွန်ခဲ့တဲ့ ရက်တွေတုန်းက ထွက်ရှိခဲ့တဲ့ HUAWEI ရဲ့ စမတ်လက်ပတ်နာရီ HUAWEI Watch GT ရဲ့ Leak တွေဟာဆိုရင် နောက်ဆုံးထွက် Leak တွေအရ ထင်ထားတာနဲ့ ကွဲလွဲနေပါတယ်။ နောက်ဆုံးထွက် Leak တွေမှာ HUAWEI Watch GT မှာ Google ရဲ့ Wear OS မပါဝင်ဘူးလို့ ပြောနေခဲ့ပါတယ်။ အခုတော့ အဆိုပါ နောက်ဆုံးထွက် Leak တွေမှန်ကန်နေတာကို HUAWEI ရဲ့ Official Website က အတည်ပြုလိုက်ပါပြီ။

454 × 454 Resolution ရှိတဲ့ 1.39-inch AMOLED Display ပါဝင်တဲ့ HUAWEI Watch GT ကို Aluminum နဲ့ Ceramic တို့နဲ့ ပြုလုပ်ထားပါတယ်။ 420mAh ဘက်ထရီ ပါဝင်ပြီး သာမာန် နာရီသီးသန့် Watch Mode နဲ့ အသုံးပြုရင် တစ်လ ဆက်တိုက်အသုံးခံပြီး Smartwatch Function တွေသုံးပြီး GPS လမ်းညွှန်မှုစနစ်တွေပါ အသုံးပြုရင်တော့ ၂၂ နာရီ ဆက်တိုက် အသုံးပြုနိုင်မှာပါ။ ဘက်ထရီ သက်တမ်းအများကြီး တိုးတက်လာပေမယ့် Google ရဲ့ Watch OS ကိုအသုံးမပြုပဲ HUAWEI ရဲ့ ကိုယ်ပိုင် Smart Watch OS တစ်ခုကို အသုံးပြုပေးထားလို့ Google ရဲ့ Third Party App တွေ ထပ်မံထည့်သွင်း အသုံးပြုလို့ မရတာကတော့ အဓိက အားနည်းချက်တစ်ခုပါပဲ။

ဒါပေမယ့်လည်း HUAWEI ရဲ့ ကိုယ်ပိုင် Smart Watch OS က Fitness, Tracking နဲ့ တစ်ခြား Smart Watch တစ်ခုမှာ ရှိသင့်တဲ့ လုပ်ဆောင်ချက်တွေကို ထောက်ပံ့ပေးဖို့ App တွေလုံလုံလောက်လောက်ပါဝင်ပြီး Software Update နဲ့ အတူ ထပ်မံ အဆင့်မြင့်ဦးမှာပါ။ နှလုံးခုန်နှုန်းတိုင်းတာတဲ့ စနစ်တွေနဲ့ အိပ်ချိန် စောင့်ကြည့်တဲ့ စနစ်တွေပါဝင်တဲ့ အပြင် TruRelax လို့ခေါ်တဲ့ လုပ်ဆောင်ချက် အဆန်းတစ်ခုလည်း ပါဝင်ပါသေးတယ်။ ဒီ HUAWEI Watch GT ကို အသုံးပြုဖို့ အတွက်ဆိုရင် EMUI 9 အသုံးပြုထားတဲ့ HUAWEI ဖုန်းတွေ မရှိမဖြစ်လိုမှာပါ။ အဲ့အချက်ကြောင့် HUAWEI Watch GT ဟာ HUAWEI ရဲ့ EMUI 9 အသုံးပြု ဖုန်းတွေအတွက် သီးသန့်ထုတ်ထားတဲ့ Smart Watch တစ်လုံးလို့ ဆိုနိုင်ဖွယ်ရာ ရှိပါတယ်။ HUAWEI ရဲ့ Official Website မှာ အဆိုပါ စမတ်နာရီအကြောင်း တင်ထားပြီး ခဏအကြာမှာပဲ သူနဲ့ ပတ်သက်တဲ့ Spec တွေကို ပြန်ဖြုတ်ချခဲ့ပါတယ်။ ဘာလို့ အချက်အလက်တွေ ပြန်ဖြုတ်ချခဲ့လဲ မသိရပေမယ့် HUAWEI Watch GT ရဲ့ အသေးစိတ် အချက်အလက်တွေနဲ့ ဈေးနှုန်းကို အောက်တိုဘာ ၁၆ မှာ ပြုလုပ်မယ့် Mate 20 နဲ့ Mate 20 Pro မိတ်ဆက်ပွဲမှာ သိရှိနိုင်မယ်လို့ ခန့်မှန်းရပါတယ်။

Ref: Tech Radar