တရုတ္အေျခစုိက္ Huawei ကုမၸဏီဟာ သူတုိ႔ ထုတ္လုပ္ထားတဲ့ ဖုန္းေတြအတြက္ Android Pie ကို အေျခခံထားတဲ့ EMUI 9.0 Update ကုိ လာမယ့္စေနေန႔မွ စတင္ထုတ္လႊင့္သြားေတာ့မယ္လို႔ ေၾကျငာခဲ့ပါတယ္။ ဒီေၾကျငာခ်က္ကို Huawei ရဲ႕ Weibo အေကာင့္မွာပဲ တင္ထားေသးတာျဖစ္လုိ႔ ႏုိင္ငံတကာ ေစ်းကြက္ထဲက ဖုန္းေတြအတြက္ေတာ့ Update တစ္ခါတည္း ထြက္မွာလား ဆုိတာကို အတည္မျပဳႏုိင္ေသးပါဘူး။

လက္ရွိ Update ဟာ Huawei နဲ႔ Honor စမတ္ဖုန္း ကုိးမ်ဳိးေပၚကို ခ်က္ခ်င္းေရာက္ရွိလာမွာ ျဖစ္ေပမယ့္ ဘယ္ေနရာမွာ ဘယ္လိုစထုတ္လႊင့္လာမယ္ ဆုိတာကိုလည္း Huawei က ျပန္လည္မေျဖၾကားေသးတဲ့အတြက္ ေစာင့္ၾကည့္ရဦးမွာ ျဖစ္ပါတယ္။

ဘာပဲျဖစ္ျဖစ္ ႏုိဝင္ဘာ ၁၀ ရက္ စေနေန႔မွာ Android Pie Update ရရွိႏုိင္မယ့္ ဖုန္းေတြကေတာ့ Huawei P20, Huawei P20 Pro, Huawei Mate 10, Huawei Mate 10 Pro, Huawei Mate 10 Porsche Design, Huawei Mate RS Porsche Design, Honor 10, Honor View 10, Honor Play တုိ႔ပဲ ျဖစ္ပါတယ္။

EMUI 9.0 ဟာ ရႈျမင္ပုံအသစ္၊ ပုိျမန္တဲ့ App Loading ၾကာခ်ိန္၊ GPU Turbo 2.0 Feature ေတြနဲ႔ အတူ ထြက္လာမယ္လို႔ ဘာလင္ IFA 2018 ပြဲမွာ ေၾကျငာထားျပီးသားပါ။ အခုလို Android Pie အေျခခံ Update ကုိ ျမန္ျမန္ဆန္ဆန္ ထုတ္လာတာဟာ Huawei အတြက္ေတာ့ လာမယ့္အားလပ္ရက္ရာသီမွာ ျပိဳင္ဘက္ေတြနဲ႔ ယွဥ္ျပိဳင္ဖို႔ အားသာခ်က္တစ္ခ်က္ ျဖစ္လာမွာပါ။ လက္ရွိမွာ တစ္ကမာၻလုံး ဒုတိယ စမတ္ဖုန္းထုတ္လုပ္သူအျဖစ္ ဦးေဆာင္ေနတဲ့ Huawei အေနနဲ႔ ပထမေနရာက Samsung ကုိ ထပ္ျပီးယွဥ္ျပိဳင္လာဦးမလား ဆုိတာကိုလည္း စိတ္ဝင္စားစရာ ေစာင့္ၾကည့္ရမွာ ျဖစ္ပါတယ္။ တရုတ္ႏုိင္ငံက သုံးစြဲသူေတြ ေစာေစာစီးစီး သုံးစြဲခြင့္ရသလို ႏုိင္ငံတကာ သုံးစြဲသူေတြကို EMUI 9.0 Update ဘယ္ခ်ိန္ေၾကညာမလဲဆုိတာ ေစာင့္ၾကည့္ၾကပါဦး။

Ref – Android Authority

Unicode

တရုတ်အခြေစိုက် Huawei ကုမ္ပဏီဟာ သူတို့ ထုတ်လုပ်ထားတဲ့ ဖုန်းတွေအတွက် Android Pie ကို အခြေခံထားတဲ့ EMUI 9.0 Update ကို လာမယ့်စနေနေ့မှ စတင်ထုတ်လွှင့်သွားတော့မယ်လို့ ကြေငြာခဲ့ပါတယ်။ ဒီကြေငြာချက်ကို Huawei ရဲ့ Weibo အကောင့်မှာပဲ တင်ထားသေးတာဖြစ်လို့ နိုင်ငံတကာ ဈေးကွက်ထဲက ဖုန်းတွေအတွက်တော့ Update တစ်ခါတည်း ထွက်မှာလား ဆိုတာကို အတည်မပြုနိုင်သေးပါဘူး။

လက်ရှိ Update ဟာ Huawei နဲ့ Honor စမတ်ဖုန်း ကိုးမျိုးပေါ်ကို ချက်ချင်းရောက်ရှိလာမှာ ဖြစ်ပေမယ့် ဘယ်နေရာမှာ ဘယ်လိုစထုတ်လွှင့်လာမယ် ဆိုတာကိုလည်း Huawei က ပြန်လည်မဖြေကြားသေးတဲ့အတွက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် နိုဝင်ဘာ ၁၀ ရက် စနေနေ့မှာ Android Pie Update ရရှိနိုင်မယ့် ဖုန်းတွေကတော့ Huawei P20, Huawei P20 Pro, Huawei Mate 10, Huawei Mate 10 Pro, Huawei Mate 10 Porsche Design, Huawei Mate RS Porsche Design, Honor 10, Honor View 10, Honor Play တို့ပဲ ဖြစ်ပါတယ်။

EMUI 9.0 ဟာ ရှုမြင်ပုံအသစ်၊ ပိုမြန်တဲ့ App Loading ကြာချိန်၊ GPU Turbo 2.0 Feature တွေနဲ့ အတူ ထွက်လာမယ်လို့ ဘာလင် IFA 2018 ပွဲမှာ ကြေငြာထားပြီးသားပါ။ အခုလို Android Pie အခြေခံ Update ကို မြန်မြန်ဆန်ဆန် ထုတ်လာတာဟာ Huawei အတွက်တော့ လာမယ့်အားလပ်ရက်ရာသီမှာ ပြိုင်ဘက်တွေနဲ့ ယှဉ်ပြိုင်ဖို့ အားသာချက်တစ်ချက် ဖြစ်လာမှာပါ။ လက်ရှိမှာ တစ်ကမ္ဘာလုံး ဒုတိယ စမတ်ဖုန်းထုတ်လုပ်သူအဖြစ် ဦးဆောင်နေတဲ့ Huawei အနေနဲ့ ပထမနေရာက Samsung ကို ထပ်ပြီးယှဉ်ပြိုင်လာဦးမလား ဆိုတာကိုလည်း စိတ်ဝင်စားစရာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံက သုံးစွဲသူတွေ စောစောစီးစီး သုံးစွဲခွင့်ရသလို နိုင်ငံတကာ သုံးစွဲသူတွေကို EMUI 9.0 Update ဘယ်ချိန်ကြေညာမလဲဆိုတာ စောင့်ကြည့်ကြပါဦး။

Ref – Android Authority